Part 28 [ The End ]

24.7K 820 650
                                    

Unicode

5 နှစ်ခန့်ကြာပြီးနောက်...

ရောင်စုံမီးရောင်တွေနဲ့ စတိတ်ရှိုးတစ်ခု
လူများစွာနှင့်။
စင်ပေါ်မှာ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြသည့်မော်ဒယ်များ

"အားလုံးဘဲ သဘောကျရဲ့လားရှင့်...ကဲ အခု ဒီရှိုးပွဲရဲ့ အဓိကသူကို ဖိတ်ခေါ်လိုက်ရအောင် မနှင်းပန်းပွင့်ရေ စင်ပေါ်ကို ကြွခဲ့ပေးပါ‌ရှင့်"

MC ရဲ့ပြောသံ အပြီးမှာ စင်ပေါ်သို့တက်ရောက်လာတဲ့ သူမ
ခရမ်းနုရောင် Dress ကို ဝတ်ဆင်ထားပြီး ဆံပင်များမှာလှိုင်းတွန့်ကောက်များဖြင့် နှုတ်ခမ်းသားများမှာ နှုတ်ခမ်းနီဆိုးထားတာကြောင့် ရဲနေသည်။

"အားလုံးဘဲ မင်္ဂလာပါ ကျွန်မ နှင်းပန်းပွင့်ပါ
ဒီပွဲကကျွန်မပွဲဦးထွက်ပြီးနောက်မှာ 9 ကြိမ်မြောက်ကျင်းပတဲ့ ပွဲဘဲဖြစ်ပါတယ် ဒီလိုမျိုးအောင်အောင်မြင်မြင်နဲ့ ပြီးဆုံးသွားတဲ့အတွက်လည်း အရမ်းကိုကျေးဇူးတင်ပြီး ‌အရမ်းလည်းပျော်ပါတယ်...အားလုံးဘဲ ကျေးဇူးပါရှင့်
နောက်ထပ်ဆန်းသစ်လှပပြီး ကောင်းမွန်တဲ့ ဒီဇိုင်းများဖြင့် ပြန်လာခဲ့ပါ့မယ်"

---

"မနှင်းပန်းပွင့် ကြည့်ရှုသူတွေကို နှုတ်ဆက်ပေးပါဦး"

"ဟုတ်ကဲ့ အားလုံးဘဲ မင်္ဂလာပါရှင့် ကျွန်မနှင်းပန်းပွင့်ပါ"

"ကျွန်မတို့အစီအစဉ်မှာတော့ ဒီနေ့မနှင်းပန်းပွင့်ကို ဖိတ်ခေါ်ထားပါတယ် ပရိသတ်တွေကသိလိုသည်များကို မေးမြန်းထားခဲ့ပေးပါနော် ကျွန်မတို့က မနှင်းပန်းပွင့်ကို ပြန်လည်မေးမြန်းပေးပါ့မယ်...အရင်ဆုံး ပရိသတ်မေးခွန်းတွေ မမေးခင် ဒီအတိုင်းမေးခွန်းလေးတွေမေးကြည့်မယ်နော်"

"ဟုတ်ကဲ့ မေးပါရှင့်"

"မနှင်းပန်းပွင့်က ဒီဇိုင်ပညာကို ငယ်ငယ်ကတည်းက ဝါသနာပါတာလား ပြီးတော့ဘယ်လိုတွေသင်ယူခဲ့တာလဲ"

"ဟုတ်ကဲ့ ကျွန်မငယ်ငယ်ကတည်းကအိမ်မက်က ဒီဇိုင်နာ ဖြစ်ချင်ခဲ့တာပါ ဒါပေမယ့်အဲ့ဒါက အိမ်မက်သက်သက်ဘဲလေ အကောင်အထည်မဖော်ဖြစ်ခဲ့ဘူး ကျွန်မအသက် 21 22 လောက်မှာ ဒီဇိုင်နာ သင်တန်းတက်ဖြစ်သေးတယ်
တက်ပြီး 1 နှစ်ခွဲကျော်ကျော်လောက် အဆက်အသွယ်ပျက်သွားသေးတယ် နောက်မှပြန်ပြီးလုပ်ဖြစ်တာပါ"

မုန်းတာထက်ပို၍ / မုန္းတာထက္ပို၍  (Unicode+Zawgyi)(Completed) Where stories live. Discover now