Ep-7

24.6K 1.5K 53
                                    

Uni...

" ကလေး မငိုနဲ့တော့နော် "

တစ်နေ့လုံး ဒီကလေးငယ် ဘာဆိုဘာမှကျွေးမရဘဲ သူ့ဘဘကြီး ဓာတ်ပုံလေးပိုက်ကာ တငိုငို တရီရီဖြစ်နေတဲ့ကလေးငယ်ကြောင့် Z လဲကလေးငယ်နဲ့အတူ ထပ်တူနာကျင်ရပြန်သည်....

တစ်ညလုံး ငိုထားတဲ့ဒဏ်ကြောင့် မျက်လုံးတွေလဲ နီမြန်းလို့နေပြီ.......တမှိုင်မှိုင်တထွေထွေဖြင့် ဒီတိုင်းသာဆို ကလေးငယ်ဖျားတော့မှာ Z သိသည်။

" ကလေးရယ်... "

ငိုနေတဲ့ အကောင်ပေါက်လေး ရဲ့ဆံပင်ကို ဖွဖွလေး ပွတ်ပေးကာ ငြီးဆိုလိုက်သည်....

" လူကြီး....ဘဘကြီး ရှိတော့ဘူး ..... "

လွမ်းလွမ်းဆွေးဆွေးလေးနဲ့ပြောနေတဲ့ မိုးသားကြောင့် Zဘယ်လို​နှစ်သိပ်ပေးရမလဲမသိ....

" ထမင်း စားရအောင်နော် "

Z ပြောတော့..

ကလေးငယ် Z ရဲ့အင်္ကျီစ လေးကို ဆွဲကာ မျက်နှာငယ်လေးဖြင့် Z ကိုကြည့်ရင်း မျက်ရည်များဝိိုင်းလျက်...

" လူကြီး "

" သားမှာ လူကြီးဘဲရှိတော့တာဟင့်..... သားကိုမထားခဲ့ပါနဲ့နော် ဟင့် "

ဒီကောင်ငယ်လေး ဘာတွေတွေးပြီး ငိုနေလဲမသိ.... ကိုယ်က မင်းလေးကိုထားခဲ့စရာလား ကလေးငယ်..... ကိုယ့်ရဲ့ Dark side တွေသာကို မင်းလေးမြင်ပြီး ကိုယ့်နားက ထွက်သွားမှာ ကြောက်နေမိသူပါ ကလေးငယ်ရယ်။

" ကိုယ်က မင်းဘေးမှာ အမြဲထာဝရ ရှိနေသွားမှာပါ "

    ကျေးဇူးပါ ကလေးရေ.. ကိုယ့်ရဲ့ အထီးကျန်မှုတွေ ကလေးနဲ့ တွေ့မှာ ပျော်ရွှင်ခြင်းဆီကူးပြောင်းခဲ့ပေးလို့...။
.
.
.
.
.
.

ကလေးငယ်လေး ကိုZ ညစာ သေချာ​ကျွေးပြီးနောက်...... သူ့ရဲ့ အရုပ်လေးပိုက်ကာ.... Z ရင်ခွင်ကို မှီရင်း....အိပ်မောကျနေတဲ့ ပေါက်စ

" ကျွတ်...ကျွတ်.....ကျွတ် "

Z ကလေးကို ပွေ့ချီကာ..ခေါင်းလုံးလုံးလေးကို..သူ့ပုခုံးထက်မှီစေလျက် လမ်းလျှောက်ရင်း ချောသိမ့်နေရတယ်...မသိရင် Z ပုံစံဟာ ကလေးအမေတစ်ယောက်လိုပင်...
( ဟုတ်ကဲ့ အရင်ကတော့ Mafia ပါ အခုတော့ ၀င်ငွေမကောင်းလို့ ကလေးထိန်း ပြောင်းလုပ်လိုက်ပါပြီ🙂)

Mr.Z..../ S1 ( Z &U )CompleteWhere stories live. Discover now