Part - 1

8.3K 184 5
                                    

Unicode

AN: Anime movie တစ်ခုကို ကိုးကားပြီး ရေးထားခြင်း ဖြစ်ပါတယ် အကုန်လုံးတော့ မတူပေမဲ့ ဇာတ်အိမ်တည်ဆောက်ပုံကတော့ ဆင်နေမှာပါ ကြည့်ဖူးတဲ့ သူတွေလဲ ရှိလောက်ပါတယ် အပိုင်းက ၆ ပိုင်းပဲ ရှိမှာပါ အကုန်ရေးပြီးမှ တင်တာဆိုတော့ ခပ်မြန်မြန်ပဲ up ပေးပါ့မယ် 💛

💛💛💛

'တည်ကြည်...ငါ နင့်ကို ချစ်တယ်'

နွေဦးကိုကို ဖွင့်သာ ပြောလိုက်ရတယ်...သတ္တိက မရှိ...မြဲတည်ကြည် ဆိုတာ သူနဲ့ ငယ်ငယ်တည်းက မျက်နှာချင်းဆိုင်အိမ်မှာ အတူကြီးပြင်းလာခဲ့တဲ့ ငယ်သူငယ်ချင်း...တက္ကသိုလ် စတက်မှသာ သူ့အပေါ် ခံစားချက်တွေ မရိုးသားမှန်း ရိပ်မိခဲ့လို့ ဖွင့်ပြောဖို့ ဆုံးဖြတ်ခဲ့တာ...ပြောပြီးမှ သတ္တိက မရှိချင်တော့...တည်ကြည် ကလဲ သူ့ကို တည်တည်ကြီး ပြန်ကြည့်နေတာကြောင့် လန့်လာပြီး...

'အဟဟား...လန့်သွားလား...ငါ နင့်ကို သက်သက်စနေတာပါ'

'ဘာ...စနေတာ...'

'အင်း...အင်းလေ...ငါ လေ့ကျင့်နေတာ...ဖွင့်ပြောဖို့ကို'

မြဲတည်ကြည် က မျက်မှောင်ကြီး ကျုံ့ပြီး ကြည့်နေတာကြောင့်

'နင်...နင်ကလဲဟာ...ဘာလို့ အဲ့လိုကြီး ကြည့်နေတာလဲ...နင် မကြိုက်ရင် မစတော့ဘူးလေနော်'

နွေဦး မြဲတည်ကြည် ဒေါသထွက်မှာတော့ အသေကြောက်ပါသည်။ တည်ကြည် က ဒေါသထွက်ရင် ကြောက်စရာကြီး...ခဏနေတော့ တည်ကြည် က ပုံမှန်အတိုင်း ပြန်ပြုံးလိုက်ပြီး

'အဟား...နင်လဲ အညာမိသွားပြီ...ငါ စိတ်မဆိုးပါဘူး...ပြန်ရအောင်လေ...နောက်ကျနေပြီ...'

'အင်...အင်း...'

နွေဦးလဲ တည်ကြည် စိတ်မဆိုးဘူးဆိုမှ သက်ပြင်းအသာချပြီး အနောက်ကနေ လိုက်လာခဲ့သည်။ ကျောင်းဆင်းပြီး လူရှင်းနေတဲ့ အချိန်မှာ ဖွင့်ပြောဖို့ လုပ်ထားတာကို ခုလို အကျိုးမရှိဖြစ်သွားတယ်တဲ့လား...နွေဦးကိုကို နင် တော်တော် အသုံးမကျတာပဲ...ဒီလိုနဲ့ တည်ကြည် ရည်းစားရသွားတာကို နင် မြင်ရတော့မယ်...

ကျောင်း၀င်းထဲမှာရှိတဲ့ ကားပါကင်မှာတော့ တည်ကြည် ရဲ့ Audi ကားအနက်လေး တစ်စီးသာ ကျန်တော့သည်။ အကုန်ကျောင်းဆင်းကုန်ပြီဖြစ်တာကြောင့် ရန်ကုန်စီးပွားရေးတက္ကသိုလ်၀န်းကြီးက တိတ်ဆိတ်ငြိမ်သက်နေလေပြီ...ကားပေါ်ရောက်တော့ ပူတာကြောင့် လက်နဲ့ ယက်ခပ်နေတဲ့ နွေဦးကို ကြည့်ပြီး တည်ကြည်က ကား air con ကို တင်ပေးလေသည်။ တည်ကြည် က ကားကို တက္ကသိုလ်၀န်းထဲမှ မောင်းထွက်လာခဲ့ပြီး

"My Childhood Friend" 💛 (Completed)Where stories live. Discover now