part(2)

14.6K 1.5K 34
                                    

Unicode

ဘဂျမ်း

ဘဂျမ်း...ညဘက်ရောက်တာနဲ့ တစ်ညလုံးအဖျားတက်တော့တာပဲ။ ရိုက်ရိုက်ခါအောင်ဖျားနေတဲ့ ဘဂျမ်း အနားမှာ အဖော်ရယ်လို့တစ်ယောက်မှ မရှိဘူး။

စောင်ပါးတစ်ထည်ပဲရှိတဲ့ ဘဂျမ်း ပုဆိုးခြောက်တာတွေ ထရှာပြီး ထပ်ဝတ်ထားရတယ်။ အစကတည်းက....သိပ်များများစားစားမရှိတဲ့ပုဆိုး....မိုးရွာတဲ့ရက်ဆိုတော့ ဘဂျမ်းမှာ ဒုက္ခတွေများလိုက်တာဆိုတာ။ အဖျားကတက် လူကသတိတောင်လစ်ချင်သလိုလို။

ညနေက ဆေးသောက်လိုက်ရမှာ....ငါ ပေမိတာ မှားတယ်။ ဘဂျမ်း အတွေးတွေက နောင်တတရားနဲ့ပြည့်နေရှာပြီ။ရေပတ်ဝတ်လေးတင်လိုက်ရင် ကောင်းမှာပဲဆိုတာသိပေမဲ့....ရေပတ်ဝတ်ထယူဖို့အင်အား မရှိတော့ဘူး။ ပုဆိုးတွေထရှာတာတောင် လေးဘက်ထောက်ရက်ရွှေ့သွားရတာ။ နောက်တစ်ခေါက် ထနိုင်ဖို့မလွယ်။

ဒီအတိုင်းတောင့်ခံရမှာပဲ။ အဖျားကြီးပြီး အပူလွန်ကာ သတိမလစ်အောင်ထိန်းနေရမှာပဲ။ သတိလစ်မှာတော့ ဘဂျမ်းကြောက်သည်။ သတိလစ်တာအကြောင်းမဟုတ်... အသက်ပါ ပါသွားမှ အကျိုးနည်းမည်။ ခုနေသေလို့ကတော့ ဘဂျမ်းကျွတ်မည်မထင်ပါ။
အမေနဲ့ ကလေးနှစ်ယောက်က ဘဂျမ်း ဘဝလေ။ ဘဂျမ်းသေရင် အမေနာလန်ထူနိုင်တော့မည်မဟုတ်။ ကလေးတွေလဲ သူများခြေကြိုခြေကြား ကြီးကြရတော့မည်။

အတွေးက ခြောက်လန့်လို့ အဖျားတက်နေရင်း...ချွေးစေးတွေထွက်လာတော့သည်။ လူက မထနိုင်။ အပူရှိန်ကြောင့် သွားတွေတဂတ်ဂတ်ဖြစ်နေသည်။ချွေးထွက်တော့သက်သာသလိုလို ဖြစ်သွားပေမဲ့....ခေါင်းက ဆယ်ပေါင်တူနဲ့ထုသလို တအုန်းအုန်းနှင့်။ အန်ပါအန်ချင်လာတော့သည်။

ချွေးတွေလဲမသုတ်နိုင်။ အိင်္ကျီလဲဖို့ ဝေလာဝေးပါပဲ။
စောင်ခြုံထဲမှာ ဒူးကိုပိုက်ကာ တဂတ်ဂတ်မေးရိုက်သံကိုအဖော်ပြုရင်း....ရှည်လျားလှတဲ့ညကို ဘဂျမ်း ဖြတ်သန်းနေရသည်။

ချွေးစေးတွေနဲ့အိင်္ကျီ​ကြောင့် အဖျားကပိုဆိုးလာတော့သည်။
သေရင်လဲ သေလိုက်ပါတော့ ဟုသာ ဘဂျမ်းတွေးမိတော့သည်။ ဒီဆိုးဝါးလှတဲ့ ကူကယ်ရာမဲ့လွန်းတဲ့ ဝေဒနါဆိုးကို တောင့်ခံနိုင်ဖို့အင်အားမရှိတော့။

မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေWhere stories live. Discover now