Chapter - 6

9.8K 1.8K 59
                                    

ထိုညဟာ သူတို့နှစ်ယောက်ကြားက တင်းမာမှုတွေကို ဖြေလျော့ပေးနိုင်ခဲ့တာဖြစ်မည်။ ကျောင်းစဖွင့်ပြီး နှစ်ပတ်အကြာတွင်တော့ ကျန့်ယောင်တစ်ယောက် သူ့ရဲ့ဘေးက အတန်းဖော်လေးနှင့် ကြီးကြီးမားမားပြဿနာရယ်လို့မဖြစ်ချေတော့။

နေ့စဥ်သာမာန် ကတောက်ကဆလေးများကတော့‌ ရှောင်လွှဲလို့မရစမြဲပင်။ တစ်ခါတစ်ရံတွင်တော့ သူတို့၏အငြင်းအခုန်မှာ အသံထုထည်ကြီးမားလာပြီး ဘေးပတ်လည်မှ ကျောင်းသားများကသတိပြုမိသည်အထိ။ အချိန်တွေကြာလာပြီးနောက်တော့ Class 1မှကျောင်းသားများမှာ ကျန့်ယောင်၏သတ္တိအပေါ် ပထမဆုံးအကြိမ် ထင်မြင်လေးစားလာကြသည်။

"ကျန့်ယောင် မဆိုးဘူးကွာ၊ ရင်းချယ်ကိုတောင် ထိပ်တိုက်ရင်ဆိုင်ရဲတယ်၊ ငါမင်းကို လျှော့တွက်ခဲ့မိတာပဲ"
ကျန်းခဲ့က နှစ်ထောင်းအားရစွာပြောသည်။

ဤကဲ့သို့ ကာယအားလပ်ချိန်ဆိုလျှင် ပုံမှန်အားဖြင့် alphaများက ဘောလုံးသွားကန်ကြကာ omegaနှင့် betaအများစုကတော့ ကွင်းဘေးကနေသွားကြည့်နေကြတာမျိုး များသည်။

ရာသီဥတုမှာ အတော်ပူသည်ကြောင့် နည်းနည်းလေးလှုပ်ရှားလိုက်တာနှင့်ပင် ချွေးက တန်းထွက်လာသည်ပဲ။ ညနေပိုင်းတွင်လည်း အတန်းချိန်နှစ်ချိန်ကကျန်သေးသည်။ ကိုယ်ပေါ်မှာ ချွေးတွေနဲ့ ကပ်စေးကပ်စေးဖြစ်နေတာဟာနေရခက်လိမ့်မည်၊ ဒါ့ကြောင့် ကျန့်ယောင်ကတော့ လှုပ်လှုပ်ရှားရှားထဲ ၀င်မပါတော့။ အားကစားကွင်း‌ဘေးနားမှာ ထိုင်ဖို့ခုံတန်းရှည်ရှာနေတဲ့ ကျန်းခဲ့နောက်ပဲ လိုက်သွားလိုက်၏။

အချိန်နှစ်ပတ်လောက်ကြာပြီးနောက်မှာ သူနှင့် သူ၏အတန်းဖော်များမှာ အတော်လေးရင်းနှီးသိကျွမ်းလာခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် သူဟာလည်း သူ့ရဲ့ပုံပန်းအမှန်ကို အသေးစိတ်ကြီး လိုက်ဖုံးကွယ်မနေတော့။ သူ၏အတန်းဖော်များမှာတော့ ဒီကျောင်းသားသစ်ဟာ ငနုံငအတစ်ယောက်မဟုတ်ဆိုတာ အခုတော့သိသွားကြလေပြီ။ သူ့ရဲ့ ရုပ်ရည်မှာ သာမညောင်ညဆိုသော်ငြား စိတ်နေသဘောထားနှင့်စရိုက်လက္ခဏာများမှာမူ တက်ကြွ၍ရွှင်ရွှင်ပျပျရှိကာ တစ်ခါတစ်ရံများမှာဆို အပြင်ဘက်က ကြင်နာသယောင်နှင့် အတွင်းပိုင်းရက်စက်မည့်အလားလာတောင် အနည်းငယ်ရှိသေးသည်။

Pay Attention To Me [Myanmar Translation]Where stories live. Discover now