Ep-8

24.4K 1.5K 32
                                    

Uni...

" ခများနောက်နေ့ အဲ့လူချိန်းတဲ့နေရာ သွားစရာ မလိုတော့ဘူး..."

" ဟမ်..... " ရှင်းသန့်နောင်​ ထမင်းစားနေရာမှ မျက်လုံးလေး လှန် ကြည့်ပြီး ဘာဖြစ်လို့လဲ ပုံစံဖြင့်...

* လောကမှာ ခများမသိတာတွေ အများကြီးပါ.... ဒါကြောင့် ကျနော့် အရိပ်အောက်မှာဘဲ ခများအေးအေးချမ်းချမ်းနေပါ.... * မင်းဉာဏ် သိတာပေါ့ ရှင်းသန့်နောင်က လူရိုးလေးမို့မသိပေမဲ့ မင်းဉာဏ်ကတော့ ကောင်းကောင်းသိသည်။

ထိုလူ တမင်တကာ မလာဘဲ... ရှင်းသန့်နောင်ကို စားသောက်ဆိုင်မှာ သက်သက်ကိုထိုင်စောင့် ခိုင်းတယ်ဆိုတာ.....မင်းဉာဏ်ကောင်းကောင်းကြီးသိသည်။

" ဒါပေမဲ့ အဲ့လိုလုပ်လို့ ဖြစ်ပါ့မလား အားနာစရာကြီး ညီကလဲ... " အထွန့်တက်နေတဲ့ ရှင်းသန့်နောင်ကို မင်းဉာဏ် မျက်မှောင်ကြုတ်ပြီး ကြည့်လိုက်တော့မှသာ...ပါးစပ်လေး ပိတ်ပြီး ငြိမ်နေလိုက်တော့တယ်...

" ညီ အခန်းထဲအိပ်လိုက်ပါလား ကိုယ်ဆိုဖာမှာဘဲ အိပ်လိုက်မယ်လေ "

ခေါင်းအုံးလေး ပိုက်ကာ ဆိုဖာမှာ ထိုင်နေတဲ့ မင်းဉာဏ်ကို ကြည့်ပြီးပြောလိုက်သည်.... ညအိပ်၀တ်စုံ အနက်ရောင်နဲ့ ဆံပင်ကလဲ မျက်နှာသစ်ထားလို့ နဲ့တူတယ် အရှေ့လေးတွေရေစိုနေတာ... ရှင်းသန့်နောင်က မင်းဉာဏ်နဲ့ ခန္ဓကိုယ်ချင်း သိမ့်မကွာပေမဲ့ ရှမ်းဆက်မို့ အသားဖြူတယ်....မင်းဉာဏ်ကတော့ အသားညိုတဲ့ အပြင် မျက်လုံး မျက်ခုံးက အတော်လေးကိုယောက်ကျားပီသ သည်... မင်းဉာဏ်ကတော့ ရှင်းသန့်နောင်ထက် ခေါင်းတစ်လုံးပိုမြင့်သည်...

" ကုတင်က ကျဥ်းနေလို့လား "

စကားဆို အဆင်ချော အောင် မပြောတက်တဲ့ မင်းဉာဏ်ပါ။

" အာ.. မဟုတ်ပါဘူး ကိုယ်ပါ အိပ်ရင် ညီမလွတ်လပ်မှာဆိုးလို့ပါ "

ဒီတိုက်ခန်းက အရင်က မင်းဉာဏ်နေတယ်ဆိုပေမဲ့ အခု ရှင်းသန့်နောင်ကို ပေးထားလိုက်သည်...Cafe ဆိုင်လေးနဲ့ နီးတာကြောင့် သွားလာရအဆင်ပြေအောင်.... အခုတလော ရှင်းသန့်နောင်ရဲ့ ပထွေး ဆိုသူကြီးက ပေါ်လာပြန်တာကြောင့် မင်းဉာဏ် စိတ်မချ တော့ဘဲ လာလာနေပေးသည်....

Mr.Z..../ S1 ( Z &U )CompleteWhere stories live. Discover now