ဘဂျမ်းဘဂျမ်း....တစ်ညလုံးဖျားတာကြောင့်...မိုးလင်းတော့
မထနိုင်။ ရင်ပူပြီး ရေဆာတာကြောင့် ရေဗူးရှိရာအားတင်းပြီး ထသွားရသည်။နာရီကြည့်တော့ မနက်ဆယ်နာရီတောင်ရှိပြီ။ အစာမရှိသည့်အူကြောင့် လူက ပို ပင်ပန်းနေတော့သည်။ရေလေးသောက်လိုက်တော့မှ လူက သက်သာသလိုလိုဖြစ်သွားသည်။ ဆေးခန်းတော့မသွားချင်။ ပိုက်ဆံကုန်အုံးမည်။ ဆေးတော့သောက်မှဖြစ်မည်။ ဆန်ပြုတ်လေးတော့စားအုံးမှ.....ဆေးသောက်ရင် ခံနိုင်အောင်။
ဆန်ပြုတ်ရော ဝယ်လို့ရသည့်ဆိုင်အနီးအနားရှိပါ့မလား။ရေသောက်ပြီး ချက်ချင်း အိပ်ယာဆီမသွားနိုင်သေး။
သက်သာရာနည်းလမ်းကို အရင်ဆုံးတွေးရသည်။ ဘဂျမ်းအဆောင်က တစ်ယောက်ယောက်ကို အကူအညီတောင်းဖို့ ဘယ်သူများရှိလဲ နားစွင့်နေလိုက်သည်။မကြာပါ....ဘေးခန်းက လူတွေစကားပြောသံကြားရသည်။
အခန်းနံရံထိရောက်အောင် ဖင်ရွှေ့ ဖင်ရွှေ့သွားရသည်။ လူက အတော်ကို အားပြတ်နေသည်။ ခါတိုင်းဖျားနာရင် ဘဂျမ်းဒီလိုမဟုတ်....ဒီတစ်ခေါက်အဖျားက လူကိုအားပြတ်သည်အထိဖြစ်ရသည်။မိုးကမိ....ဆေးကမသောက်ဖြစ်....အဆာကမစားနိုင်....ဖျားတော့မှ အရင်က ပေခဲ့သမျှစုခံရသလိုပါ။အနေဆင်းရဲတာက အကြောင်းမဟုတ်ပေမဲ့ အစားဆင်းရဲတော့ ဖျားနာသည့်အချိန်မှာ သိသာလွန်းသည်။
ရသမျှ ပိုက်ဆံကို တကယ်ပဲ မစားရက် မသောက်ရက်ပါ။ ကိုယ့်နောက်မှာ ကိုယ့်ကို မှီခိုသူ မိခင်နှင့် တူ တူမများမျက်နှာမြင်ယောင်ကာ ပိုက်ဆံကိုကျစ်ကျစ်မည်အောင်စုထားသည်။ဒီအဆောင်သည်လဲ ယောကျားလေးတွေချည်းနေသည်ကြောင့်ရော အခန်းခသက်သာသည်ကြောင့်ရော နေသာနေရသည်....အပေါင်းအသင်းသိပ်မလုပ်မိ။လူပေါင်းစုံနေထိုင်ကြတာဆိုတော့....ကိုယ့်လို ငွေမသုံးနိုင်သူက သောက်သောက်စားစားလဲ သူတို့လိုလိုက်မလုပ်နိုင်သလို ရည်းစားကိစ္စ မိန်းကလေးကိစ္စတွေမှာလဲ သူတို့လို လုပ်လို့မဖြစ်ပါ။ ရင်းရင်းနှီးနှီးနေကြတဲ့အခါ သောက်ကြ စားကြ ရှိကြမည်။ အမြဲ သူများကျွေးတာ မွေးတာ ဂုန်းဆင်းနေလို့မဖြစ်။ ကိုယ့်အလှည့်လဲရှိရမည်။ ဘဂျမ်းမှာထိုသို့လုပ်လို့မရနိုင်သောကြောင့် တော်ရုံကိစ္စ ဘဂျမ်းဘက်က စရှောင်သည်။
ဒါကြောင့် တစ်ဆောင်ထဲနေသူချင်း မေး ထူး ခေါ် ပြော နှုတ်ဆက်လောက်သာလုပ်ဖြစ်သည်။ အရမ်းရောရောနှောနှောမနေဖြစ်။
YOU ARE READING
မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေ
Romanceမိုးကုပ်စက်ဝိုင်းနဲ့ ကမ္ဘာမြေကြီး ထိစပ်သွားသလိုထင်ခဲ့မိတဲ့ အချိန် ကလေးတိုင်းမှာရှိခဲ့ဖူးပါတယ်။ ဘယ်တော့မှ မထိစပ် မဆုံတွေ့ဘူးဆိုတာ သိနေတဲ့အရွယ်ရောက်သည့်တိုင်အောင် ကျွန်တော် မိုးကုပ်စက်ဝိုင်းနဲ့ကမ္ဘာမြေကြီး ဆုံတွေ့ပါစေလို့ ဆုတောင်းမိဆဲ....