Chapter 122

3.4K 643 14
                                    

Zawgyi
{လုံခြုံမှု - ၂}

အချိန်များစွာကြာမြင့်ပြီးနောက်မှတော့ မွေးခန်းရှေ့မှ တံခါးပွင့်လာခဲ့လေတယ်။ ဒါကြောင့်လည်း အခန်းရှေ့တွင်ရှိနေသောလူ၎ယောက်ဟာ မတ်တပ်ရပ်လိုက်ကြပေ၏။

မွေးခန်းထဲမှ ထွက်လာသောဆရာဝန်သည် ခြေကုန်လက်ပန်းကျနေပုံပေါ်သည်။ မွေးခန်းထဲမှထွက်လာပြီးနောက်တွက် သူ့ရဲ့ခွဲစိတ်ခန်းသုံးMaskကို ဖြုတ်လိုက်ကာ သူ့ရှေ့မှ လူ၎ယောက်ဆီသို့ အကြည့်ပို့လိုက်လေတယ်။

ထို၂စက္ကန့်လေးအတွင်း၌ လုပေရွှမ်း၏စိတ်ထဲတွင် ပလောင်ဆူလို့နေလေသည်။

" ကလေးက အခုထိ ထွက်မလာသေးဘူးဖြစ်နေတယ်။ မစ္စလုကလည်း တော်တော်လေး အားကုန်နေပါပြီ။ ကျွန်တော်တို့ C-Sectionကို လုပ်ရလိမ့်မယ်။ အဲ့ဒါကြေညင့် မစ္စတာလုက လိုက်ခဲ့ပေးရ... "

ဆရာဝန်ရဲ့စကားမဆုံးခင်မှာပဲ လုပေရွှမ်းဟာ  " ကျွန်တော် လိုက်ခဲ့မယ် "

ထိုအခါ ဆရာဝန်က လုပေရွှမ်းကို ခေါင်းတစ်ချက်ညိမ့်ပြပြီး မွေးခန်းဆီသို့ ခေါ်သွားပေ၏။ လုပေရွှမ်း ရပ်စောင့်နေခဲ့သောမွေးခန်းတံခါးသည် တကယ့်မွေးခန်းသို့ မဟုတ်ဘဲ မွေးခန်းသို့ သွားရာလမ်းတွင် ရှိနေသောတံခါးသာဖြစ်သည်။

ဤသို့ဖြင့် တကယ်မွေးခန်းဆီသို့ရောက်ကာ တံခါးဖွင့်လိုက်ချိန်၌ အထဲမှ ရီကျန်းရဲ့ဆိုးဆိုးရွားရွားအော်ငိုနေသံကို ကြားလိုက်ရတာကြောင့် လုပေရွှမ်းသည် သူ့နှလုံးသားကို ဓါးနဲ့ထိုးခံလိုက်ရသလို ခံစားလိုက်ရပေတယ်။

အခန်းထဲတွင် ချွေးတို့ရွှဲရွှဲစိုနေသောရီကျန်းသည် မွေးခန်းကုတင်လေးပေါ်တွင် လှဲနေလေ၏။ သူမဟာ သူနာပြုပြောသည့်အတိုင်း အသက်ကို မနည်းရှုနေရလေတယ်။ သူမဟာ ကုတင်ကို တင်းကျပ်စွာကိုင်ထားတာကြောင့် သူမရဲ့လက်မှ သွေးကြောများ ပေါက်ထွက်တော့မည့်အလားပင်။

ဇနီးဖြစ်သူရဲ့အခြေအနေကို မြင်တဲ့အခါ လုပေရွှမ်းဟာ ဇနီးဖြစ်သူနားသို့ ခြေလှမ်းကျဲကျဲဖြင့် သွားကာ သူမရဲ့လက်တို့ကို ဆုပ်ကိုင်လိုက်ပြီး  " မကြောက်နဲ့တော့။ ကိုယ်ရောက်ပြီ "

ဗီလိန်ရဲ့ကိုယ်ဝန်ကိုလွယ်ထားရပြီ/ ဗီလိန္ရဲ႕ကိုယ္ဝန္ကိုလြယ္ထားရၿပီ(mm translation)Where stories live. Discover now