❤ My Little Ko Ko ❤ Part 18 🚨🙈🚨

3.1K 115 4
                                    

💫 Unicode version 💫

ကိုကို....ခုတလော မူမမှန်ပေ..... ရှင်းသန့် နေ့လည်ဘက်တွေခနပြန်လာတိုင်း ကိုကို အိမ်မှာ ရှိမနေပေ.... ပြီးရင်...တစ်ခုခုကိုလန့်နေသလိုမျိုးပင်...

ဒါမှမဟုတ်...ကိုကို နောက်တစ်ယောက်တွေ့နေတာလား

" ဟာ... မဖြစ်နိုင်ပါဘူး... ငရှင်းရယ် မင်းဘယ်လိုအတွေးတွေးလိုက်တာလဲ ဟား...ဟား.."

တစ်ကိုယ်ထဲရေရွတ်ပြီး ထရီနေတဲ့ သူဌေးကိုကြည့်ကာ ထူးမြတ် ရီချင်သွားသည်။

အမြဲအလုပ်မှာ စေ့စပ်တိကျတဲ့သူဌေးက ခုရက်ပိုင်း တလွဲတွေပင်လုပ်နေသည်။ ပြီးရင် ကိုခန့်ပုံလေးကိုကြည့်လိုက် စကားတွေပြောလိုက်နဲ့ ဟို.....သမီးမိန်းကလေးတွေရည်းစားထားပြီး မှိုင်နေရင် အမေ​တွေပြောသလို လင်ပူမိနေတာ နေမှာ.. (😁 အဲ့လိုပြောခံရကျတယ်မလား 😁စတာနော်တားက 😜)

..
..
..
..
..

ခန့်ဒီနေ့...မောင် အလုပ်စောသွားလို့ အန်တီချိုနဲ့ စျေးလိုက်ခဲ့လိုက်သည်။ စျေးမှာ မောင်ကြိုက်တဲ့ ဟင်းစားတွေ ကိုယ်တိုင်ဝယ်ကာ အပြန်ချက်ပြီးရင် မောင့်ဆီလိုက်သွားရန် စီစဥ်ထားခြင်းပင်...

" အန်တီချို.... ဒီနေ့ ကျတော်ချက်မယ်နော် "

" စျေးလဲလိုက်လာတော့ ပင်ပန်းနေမှာပေါ့ သားရယ် "

" ရပါတယ်...ဒီနေ့မောင့်ကို ကိုယ်တိုင်ချက်ပေးခြင်လို့ "

ထိုအခါမိသင်းမှ....

" ဟွန့်...ကိုကိုကြီးတို့များ တစ်မျိုးပြီးတစ်မျိုး မျက်နှာလုပ်နေတာ "

ပြောလိုက်တယ်ဆို အန်တီချိုမှ ခေါင်းလှမ်းခေါက်လိုက်ကာ

" ဟဲ့.... ဘယ်လိုပြောလိုက်တာလဲ မိသင်း "

" အာ...နာတယ် တီချိုရဲ့...မိသင်း ဟုတ်တာပြောတာကို "

ခန့်လဲ တဟားဟား ရီပြီး

" အဲ့တာမျက်နှာလုပ်တာမဟုတ်ဘူး ချစ်တာ ချစ်တာ ချစ်လို့ ကိုယ်တိုင်ချက်ပြီး ကျွေးခြင်တာ အေးပေါ့ နင်ကဒါတွေဘယ်သိမှာလဲ ရည်းစားမှမရှိတာ ပြောပြလဲ နင့်လို နှစ် 1000 faတွေသိမှာမဟုတ်ဘူး "

❤ My Little Ko Ko ❤ ( Complete) Where stories live. Discover now