🌹56🌹

4.1K 396 112
                                        

(Unicode Version)


(၃)ရက်ခန့်ကြာပြီးနောက်-

သိင်္ဂါရက မသင်္ကာစိတ်ကြောင့် စိုင်းရသဦးကို အတိတ်အကြောင်းတွေ ပြန်မေးကြည့်ဖို့ ကြိုးစားခဲ့လေသည်။

"ရသ..."

ခြံဝင်းထဲမှာ စာထိုင်ဖတ်နေတဲ့ စိုင်းရသဦးက သိင်္ဂါရကို အမြန်ဖြေပေးလိုက်သည်။

"ဗျာ...အစ်ကို..."

သိင်္ဂါရလည်း စိုင်းရသဦးနဲ့ မနီးမဝေးမှာ ဝင်ထိုင်ပြီး မေးမြန်းခြင်းကို စတင်ခဲ့သည်။

"အစ်ကိုတို့ စတွေ့တုန်းက ကိစ္စတွေကို မှတ်မိသေးလား!?"

"မှတ်မိတာ‌ပေါ့။ လွန်ခဲ့တဲ့ (၁၄)နှစ်လောက်က ဆေးရုံမှာ တွေ့ခဲ့ကြတာလေ။"

"ဒါဆို ဆေးခန်းလာတုန်းက အစ်ကို့ကို တွေ့တော့ မင်း မှတ်မိလား!?"

"အဲဒီနေ့က ကျွန်တော်လည်း စိတ်ညစ်နေလို့ ဘာကိုမှ အာရုံမထားမိဘူး။ နောက်တစ်ခါ ပြန်ဆုံမှ ကျွန်တော် မှတ်မိသွားတာ။"

"ဪ..."

အာမေဋိတ်သံဖြင့် ရေရွတ်ပြီးနောက် သိင်္ဂါရက ဖြစ်ကြောင်းကုန်စင်ကို ဆက်စပ်တွေးခဲ့ရသည်။

"ဒေါ်အေး ပြောတော့ ရသက ငါနဲ့ ပတ်သက်တာတွေကို မေ့သွားပြီတဲ့။ ဒါပေမဲ့ ရသက မမေ့ဘဲ Theoက ဘာလို့ မေ့သွားရတာလဲ!?"

စိတ်ထဲက တွေးတောမှုကို ခေတ္တရပ်နားပြီး သေချာသွားအောင် သူ ထပ်မေးခဲ့ပြန်သည်။

"အဲဒီတုန်းက မင်းက မီးကို အရမ်းကြောက်နေတာ။"

"ဟုတ်တယ်...အစ်ကိုက ကျွန်တော့်ကို ကူညီပေးခဲ့လို့ တော်သေးတာပေါ့။"

ထိုအချိန်မှာပင် စိုင်းရသဦးရဲ့စာအုပ်ပေါ်သို့ လိပ်ပြာလေးတစ်ကောင် လာရောက်နားလေတော့သည်။ စိုင်းရသဦးက လိပ်ပြာလေးကို လက်နဲ့ ကိုင်ပြီး ဖယ်ရှားဖို့ ကြံရွယ်လိုက်တာမို့ သိင်္ဂါရက အမြန်တားခဲ့မိသည်။

"သူ့ဘာသာသူ နားပါစေ။ ပြီးမှ ပျံထွက်သွားလိမ့်မယ်။"

စိုင်းရသဦးက သူ့စကားအတိုင်း လိုက်နာပေးခဲ့ပေမဲ့ သိင်္ဂါရရဲ့အတွေးထဲမှာ ကိစ္စတစ်ခုကို ဇဝေဇဝါဖြစ်လာခဲ့သည်။

နှလုံးသွေးဖြင့် ရေးထိုးအပ်သော                     (Written In the Heart's Blood)Dove le storie prendono vita. Scoprilo ora