32 - A TASTE OF THE HUMAN WORLD

4.4K 815 38
                                    

SCROLL DOWN FOR ZAWGYI

UNICODE

CH32 - A TASTE OF THE HUMAN WORLD

လုဖုန်း၏ဖခင်ကို သေစေခဲ့သော ယာဥ်အမျိုးအစားမှာ ဝင်ဆံ့သည်ထက် ပိုမိုသယ်ဆောင်လာခဲ့သော ကုန်တင်ကားတစ်စီး ။

ပုံမှန်ဆိုလျှင် လုဖုန်းအဖေ ထိုလမ်းမှသွားလေ့မရှိ ။ သို့သော် လာမည့်ရက်အနည်းငယ်အတွင်း လုဖုန်းမိခင်ဖြစ်သူ၏မွေးနေ့ရောက်တော့မည်ဖြစ်သောကြောင့် ကိတ်မုန့်မှာယူရန် သွားခဲ့ခြင်းပင် ။ အပြန်တွင်လည်း သွားလာရလွယ်ကူစေရန် ရည်ရွယ်၍ သွားလေ့သွားထမရှိသောလမ်းကြောင်းကို ရွေးချယ်ခဲ့၏ ။

ထို့နောက် မတော်တဆမှုဖြစ်ခဲ့ခြင်း ။

ထိုနေ့က လုဖုန်း၏ဖခင်မှာ လျှပ်စစ်မော်တော်ဆိုင်ကယ်အသေးစားလေးကို မောင်းနှင်လာခဲ့သည် ။ ရုတ်တရက် အနောက်ဘက်မှကုန်တင်ကားက ကားဘီးပေါက်ကာ အရှိန်မထိန်းနိုင်တော့ဘဲ လုဖုန်း၏ဖခင်ဖြစ်သူကို ဝင်တိုက်ခဲ့ခြင်း။

တန်ငါးဆယ်သောအလေးချိန်ကိုသာ တင်နိုင်သော ကုန်တင်ကားပေါ်၌ တန်နှစ်ဆယ်အပိုထပ်ဆောင်းတင်ဆောင်လာခဲ့၏ ။ ဤကိစ္စအတွက် ကုန်တင်ကားမောင်းသူ၌ အလုံးစုံတာဝန်ရှိပေသည် ။ သို့သော် အာမခံကုမ္ပဏီကမူ "တရားမဝင်ကုန်အပိုတင်ဆောင်လာခဲ့ခြင်းအတွက် နစ်နာကြေးးမပေး"ဟူသော စကားကိုလက်ကိုင်ဆွဲကာ ငွေထုတ်ပေးဖို့ရန် ငြင်းဆန်ခဲ့လေ၏ ။

ကုန်တင်ကားမောင်းသူကလည်း အပေါင်စာချုပ်ဖြင့် ကားဝယ်ခဲ့ရသူ ။ သူ့ထံ၌ ပိုက်ဆံမရှိ ၊ ကျန်သည့်အရာဟူ၍လည်း ဤအသက်ခန္ဓာသာ ၊ ထို့ကြောင့် အဆိုးပေါ်အဆိုးဆင့်၍ အဆိုးဆုံးဖြစ်လာခဲ့လျှင် ထောင်ကျခံမည်ဟူ၍ ထုတ်ပြောလာခဲ့၏ ။

အကြောင်းအရင်းမရှိဘဲ အသက်ဆုံးရှုံးခဲ့ရသော လုဖုန်း၏ဖခင်ဖြစ်သူ ၊ ခံစားပိုင်ခွင့်ရှိသော နစ်နာကြေးကိုပင် မရရှိနိုင်သောသူတို့ ။ ထိုထိုသော အကြောင်းတရားတို့ကို လုဖုန်း၏မိခင်ဖြစ်သူအနေဖြင့် လက်မခံနိုင်ခဲ့ ။ လက်ထဲ၌ကျန်ခဲ့သောအရာဟူ၍ ကုန်ကားမောင်းသူရော အာမခံကုမ္ပဏီကိုပါ တရားစွဲနိုင်မည့် စာရွက်တစ်ရွက်သာ ။

Flying Gulls Never Land [ဘာသာပြန်]Where stories live. Discover now