Chapter - 10

8.9K 1.7K 80
                                    

ကာယချိန်ပြီးနောက်တွင်တော့ မုန့်ကောင်တာမှာ အအေး၀ယ်သည့်ကျောင်းသားများဖြင့် ပြည့်သွားသည်။ကျန်းခဲ့မှာ လူအုပ်ကြားထဲကို ရှိသမျှအားကုန်အတင်းတိုး၀င်လို့ ဆိုဒါအအေးလေးပုလင်း လု၀ယ်လာခဲ့သည်။ တစ်ပုလင်းကို သူ့အတွက်ထားလိုက်ပြီး ကျန်လေးပုလင်းကိုတော့ ဟိုသုံးယောက်ဆီ ပစ်ပေးလိုက်သည်။

ဟန်မုန့် : ''အိုက်ယား အေးလိုက်တာ၊ မင်းကိုအခန်းအပူချိန်လောက်ပဲလို့ ငါမမှာလိုက်ဘူးလား"

ကျန်းခဲ့ သူ့ကိုဖြတ်ပြောလိုက်သည် : ''မင်းဟာက အမြဲပိုလွန်းနေတဲ့ဥစ္စာ၊ မင်း အခန်းအပူချိန်လောက်ဟာ လိုချင်ရင် ကိုယ့်ဘာကိုယ်သွား၀ယ်"

ဟန်မုန့် : ''အဲ့နားမှာ ကပ်စေးကပ်စေးနဲ့ချွေးထွက်နေတဲ့ alphaတွေပြည့်နေတာလေ၊ အဲ့ဒါတွေကို ငါစိတ်လေလွန်းလို့ အဲ့နားဘယ်တော့မှ မသွားဘူး"

ချန်ရင်းရင်း : ''နင်ကရော ကာယချိန် ချွေးမထွက်တာကျလို့ ''

ဟန်မုန့်က ဂုဏ်ယူ၀င်ကြွားစွာ‌ပြောလာသည် :
''ငါက ချွေးနံ့ပျောက်ဆေးဖြန်းတယ်လေ၊ ပြီးတော့ ရေမွှေးလည်း ထပ်ဆွတ်ထားသေးတယ်"

ကျန့်ယောင် တလေးတစားအသံပြုပေးလိုက်တယ်။
''အရမ်းမိုက်တယ်၊ bro"

ဟန်မုန့် : "မင်းက ငါ့ကို အရမ်းမြှောက်နေတော့တာပဲ၊ ဟေး၊ ကျန့်ယောင် မင်းကြည့်ရတာ ချွေးမထွက်သလိုပဲ ဘာ brandသုံးတာလဲ?''

ကျန့်ယောင်က ရယ်တယ် : ''ရိုးရိုးလေးပါ၊ ငါက‌လှုပ်လှုပ်ရှားရှားမလုပ်ရုံလေး"

''........''

ချန်ရင်းရင်း မျက်လုံးကိုသာ အစွမ်းကုန် လှန်လိုက်ပြီး
''အခုတော့ နင်တို့နှစ်ယောက်က ဘယ်သူကပိုရူးမှန်းကို ငါမပြောတတ်တော့ဘူး"

အတန်းချိန်စဖို့က ခုနစ်မိနစ်ရှစ်မိနစ်ခန့်လိုသေးသည်ကြောင့် လေးယောက်သား စာသင်ခန်းသို့ အေးဆေးလမ်းလျှောက်လို့ပြန်ခဲ့ကြသည်။ ရုတ်တရက် ကျန်းခဲ့က ကျန့်ယောင်လက်ကို တို့လာပြီး အသံတိုးတိုးနှင့်ပြောလာသည်။
''ကြည့်၊ ‌ရှေ့ကလေးယောက်က အစောင့်ရှောက်လေးဦးဆိုတာလေ"

Pay Attention To Me [Myanmar Translation]Where stories live. Discover now