Unicode
စာမေးပွဲက ဘာလိုလိုနဲ့ ဖြေပြီးသွားလေပြီ
ကျန်းကျီဟန်နဲ့ မားဝမ်ယွမ်နဲ့သာ ကောင်းကောင်းဖြေခဲ့သည်။
ကုန်းကျွင်းနှင့် ကျိုးရဲ့မှာ မောင်နှမဟုပြောစရာမလိုပေ။
တစ်ယောက်မှ စာအုပ်မကိုင်ကြသလို
နှစ်ယောက်လုံး ခုံနံပါတ်သာထိုးပြီး ကောင်းကောင်းအိပ်ခဲ့ကြလေသည်။
စာမေးပွဲပြီးတာနဲ့ ချက်ခြင်း မားဝမ်ယွမ်ကတော့ သူရဲ့ ဟယ်ယွဲ့မြို့ငယ်လေးကို အလည်အပတ်အနေနှင့်သွားဖို့ အားတက်တရော စီစဉ်နေလေသည် ။သူဒီလောက်ထိ စိတ်အားထက်သန်နေတာတောင်မှ ကျိုးရဲ့တစ်ယောက်က လွဲပြီး ဘယ်သူမှမကူညီကြ။
မူလအစီအစဉ်မှာ သူတို့ငါးယောက်သာသွားမည်ဟုစီစဉ်ထားသော်လည်း
သွားခံနီးမှ အကြံဉာဏ်ပေါက်ကြား၍ ဟွမ်ယူမင် နားထဲရောက်သွားလေသည်။
"ဘာ!...သူတို့က သွားကြမှာ ငါ့ကိုမခေါ်ဘူးလား"
အကြံဉာဏ်ပေါက်ကြားရခြင်း၏အဓိက တရားခံမှာ ကျန်းရှီးလွင်က လွဲ၍မဖြစ်နိုင်ပေ။
ထိုတုံးတုံးအအ ကလေးမှာ အတန်တန်မှာထားသည့်ကြားကမေ့၍ ဟွမ်ယူမင်ကို ပြောပြမိလိုက်လေသည်။
အနှီဟွမ်ယူမင်မှာ ထိုခရီးစဉ်တွင် ကုန်းကျွင်းနှင့် သတ်ပုတ်ကြမှာ မလွဲပေ။
အခု မသွားခင်တောင်မှ သုံးလေးခေါက်ရန်ဖြစ်နေသေးသည် ဒါကဘယ်ဘဝထဲက ရန်ငြိုးတွေများလဲလို့ ကျန်းကျီဟန်တွေးမိသည်။
သူတို့နှစ်ယောက် ဆုံတွေ့၍ တည့်တည့်ရှုရှုများ နေလိုက်သည့်နေ့များရှိလျှင်
ထိုနေ့သည် အနောက်က နေထွက်ပြီး အရှေ့နေဝင်သော ရက်မြတ်ရက်ကောင်းပင်ဖြစ်ပေမည်။
"အစ်ကို .အဲ့အကောင်ကို လုံးဝမခေါ်ဘူးနော် ..."
"မင်းမခေါ်လည်း ငါလိုက်ချင်လိုက်မှာပဲ ကျန်းကျီဟန်က ငါ့ကိုလိုက်စေချင်နေတယ်"
ကုန်းကျွင်းမှာ ကျန်းကျီဟန် အင်ကျီစကို ဆွဲကာ မျက်နှာငယ်လေးဖြင့်
"အစ်ကို သူ့ကိုမလိုက်စေချင်ဘူးမလား..ဟင်"
ကျန်းကျီဟန်တစ်ယောက်ကြားထဲက အခက်တွေ့နေလေသည်။
တစ်ယောက်က သူငယ်ချင်း တစ်ယောက်က ....အင်းးး
YOU ARE READING
𝗘𝘁𝗲𝗿𝗻𝗮𝗹 𝗟𝗼𝘃𝗲我会永远爱你 (Complete)
Fanfiction__ဘဝဆက်တိုင်း ကျွန်တော့်ကိုချစ်ပေးတဲ့ခင်ဗျားနဲ့တွေ့ဆုံရပြီး ခင်ဗျားနားမှာပဲ ကျန်ရှိတဲ့သက်တမ်းကို ကုန်ဆုံးချင်တယ် ။ ခင်ဗျားပြောခဲ့သလိုပေါ့ 'မင်းဘယ်ချိန်ရောက်လာမလဲ ဘယ်လိုရောက်လာမလဲ ငါမသိပေမယ့် မင်းသေချာပေါက် ပြန်ရောက်လာမယ်ဆိုတာ ငါသိတယ်'ဆိုတာကိုပေါ့...
