Hold Me 🌻 19 (U)

2.4K 211 92
                                    

အိမ်အပြင်ဖက်မှာ တဝေါဝေါရွာချနေသောမိုးစက်များ၏ ဆူညံနိုင်မှုက အခန်းထဲရှိလူသားနှစ်ဦး၏ အိပ်စက်ခြင်းကိုနှောင့်ယှက်နေခဲ့သည်။

ရင်ဘတ်အပေါ်ထိစောင်ခြုံပြီး ပက်လက်အိပ်နေရာက ချန်းယောလ်နဲ့ ဆန့်ကျင်ဖက်အရပ်ကို ဘတ်ဟျွန်းလှည့်သွားသည်။ မမြင်ဖူးတဲ့အရာတခုလို အကြာကြီးစူးစိုက်ငေးကြည့်နေတဲ့ မျက်လုံးဝိုင်းကြီးတွေကြောင့် ပူပူထူထူဖြစ်လာတဲ့ ဒီမျက်နှာလေးကို အငွေ့ပျံမသွားစေချင်တာကြောင့်လည်း သူ့ကို ကျောပေးထားလိုက်ရတာပေါ့လေ။

ရွေ့လျားသံတစက်မှမထွက်ဘဲ ငြိမ်သက်နိုင်လွန်းသူက ဘတ်ဟျွန်းကို ငေးကြည့်နေတုန်းပဲလား မသိနိုင်။ နှလုံးရောဂါလည်းမရှိပါဘဲ ရင်တုန်ရလွန်းတဲ့အဖြစ်ကြောင့် ဖက်ခေါင်းအုံးလေးကို ကျပ်နေအောင်ဖက်ပြီး မျက်လုံးတွေအတင်းပိတ်ချလိုက်သည်။

အရင်ကလည်း ဒီလိုမျိုး အိပ်ရာတခုတည်းအိပ်ဖူးတာပါပဲ။ တခါတလေ ဖက်တောင်ဖက်ထားကြသေးတာကို အခုမှ ဘာကြောင့်ရယ်မသိ.. မနေတတ်မထိုင်တတ်စွာ အိပ်မပျော်နိုင်တဲ့အဖြစ်ကို ဘယ်လိုနားလည်ရမှန်းမသိနိုင်။

မိနစ်ပိုင်းလောက် တုတ်တုတ်မှမလှုပ်ပဲနေပြီးမှ ဦး အိပ်ပျော်သွားပြီအထင်နဲ့ မသိမသာလေးအနောက်လှည့်ကြည့်သည်။ အဖျားကျဆေးတွေသောက်ထားတာတောင် တစက်မှအိပ်ချင်ပုံမရတဲ့ ဦး က ဘတ်ဟျွန်းနဲ့မျက်လုံးချင်းဆုံလိုက်တော့ အနွေးထွေးဆုံးပြုံးပြလာသည်။

" မအိပ်သေးဘူးလား...
အရမ်းကိုက်ခဲနေလို့လားဟင် "

ဖက်ခေါင်အုံးလေးခွကာ ချန်းယောလ်ဖက်လှည့်အိပ်လာတဲ့ ဘတ်ဟျွန်းနီးက စိုးရိမ်ပူပန်စွာမေးလာသည်။ မဟုတ်တဲ့အကြောင်း ခေါင်းခါပြလိုက်ပြီး အနုပညာအမြောက်ဆုံး သက်ဝင်ပန်းချီကားလေးနဲ့တူသော မျက်နှာလေးကို အချိန်အတော်ကြာအောင်ငေးမောနေလိုက်သည်။

" ဘာဖြစ်လို့ ကြည့်ပဲကြည့်နေတာလဲ "

အများကြီးလွမ်းနေခဲ့ရလို့...ဟု ပြောချင်ပေမယ့် အသံကထွက်မရ။ သူ့မျက်ဝန်းထဲက လျှံထွက်ကျနေတဲ့ အကြင်နာရိပ်တချို့ကို ကလေးငယ်ဖမ်းဆုပ်နိုင်ပါစေလို့ မျှော်လင့်ရုံလေးတခုသာသူ တတ်နိုင်သည်။

Hold Me (Z+U) 🌻 Where stories live. Discover now