part(10)

10.9K 1.1K 10
                                    


ဤဇာတ်လမ်း၏အစ...

မျက်စိရှေ့တွင် မြင်နေရသည့် အကြည်ရိပ်သေးသေးလေးကြောင့် ဘဂျမ်းကိုယ်တွေ ပိုပြီးပူလာသလို ခံစားရသည်။ သူ့ကို ဂရုတစိုက်နဲ့ နွေးထွေးစွာ စောင့်ကြည့်နေသော ထိုလူသားလေးကို ကျေးဇူးတင်ပါသော်လည်း ဘဂျမ်း မကြည့်ရဲသည်ကြောင့် မျက်လုံးကို စုံမှိတ်ကာထားမိသည်။

ဘယ်လိုတွေတောင် ဖြစ်ပြီး ငါဒီထိရောက်လာတာပါလိမ့်။ ဘယ်သူတွေလိုက်ပို့တာလဲ။ အနားမှာလဲ အသိတစ်ယောက်မှလဲမရှိ။ နောက်ကျိနေသောခေါင်းထဲမှာ ရှုပ်ထွေးလှသောမေးခွန်းတွေနဲ့ ဘဂျမ်း ချာလည်လည်နေတော့သည်။ မျက်လုံးတွေကတော့ ဇွတ်မှိတ်ထားဆဲ။

မကြာပါ.....အပြေးအလွှားရောက်လာတဲ့ ကိုဝင်းအောင်....
ဘဂျမ်း.... ​ခြေသံကြားတော့ မှိတ်ထားတဲ့မျက်လုံးအစုံကို မရဲတရဲဖွင့်ကြည့်သည်။

"ဟာ....ဟေ့ရောင်....ဘဂျမ်း...မင်းသတိရပြီလား....ငါ မင်းအဝတ်တွေ သွားယူတာ....မင်းအခန်းထဲမှာ တစ်ထည်မှမရှိပါလားကွ...ငါ အောက်ထပ်က မင်းဝတ်လို့တော့မဲ့ အိင်္ကျီပဲ ငှားခဲ့လိုက်တယ်"

ကျွတ်ကျွတ်အိတ်နဲ့ထည့်ကာ ယူလာသည့် ဘယ်သူ့အဝတ်တွေမှန်းမသိသော အထုတ်ကလေးပြကာ ပြောသည်။

"အင်း....ကျွန်တော် မနေ့က အဝတ်တွေအကုန်လျှော်ထားရတယ်လေ....ဝတ်စရာဒီတစ်ထည်ပဲကျန်တော့တာ"

ချိနဲ့လှသော လေသံပါးပါးနှင့်ဘဂျမ်း ပြန်ပြောသည်။
ဘေးက အကြည်ရိပ်လေးကတော့ သူတို့ကိုကြည့်နေဆဲ....ဘဂျမ်း သူ့ဘက်ကို မကြည့်ပေမဲ့ မျက်လုံးထောင့်မှာသူ့ကိုစိုက်ကာကြည့်နေသော ထိုအကြည်ရိပ်လေးကိုမြင်သည်။ ထားခဲ့ပါတော့ ဗျာ...ကျွန်တော်သက်သာနေပါပြီ.....ဘဂျမ်းစိတ်ထဲမှ ပြောနေမိသည်။

"မင်းက....ပေတာကိုးကွ....ဆေးခန်းသွားပါ ဆေးထိုးပါဆိုလဲမဟုတ်ဘူး....တစ်ရက်လောက်နားပါဆိုလဲမဟုတ်ဘူး....ဆရာရယ်.....ဒီလောက်ထိဖြစ်အောင်နေတယ်တဲ့....ကျွန်တော် ဆရာ့ဆေးခန်းကိုခေါ်လာမလို့ပဲ...မလိုက်ဘူးလေ...ပေတာ ပေတာ... "

ဘဂျမ်းကိုလဲပြောရင်း တစ်လက်စတည်း ဘေးက ဆရာဝန်ကိုပါ တိုင်သည်။
ကိုဝင်းအောင် စိတ်ပူမယ်ဆိုလဲပူစရာ....ဘဂျမ်းက နေထိုင်မကောင်းဖြစ်တတ်တဲ့သူမဟုတ်....ကျန်းမာပြီး ဖျတ်ဖျတ်လတ်လတ်ရှိသူ....ဒါမျိုးဖြစ်တာမမြင်ဖူးခဲ့။
ဖြစ်မဲ့ဖြစ်တော့ ဆေးရုံထမ်းပြေးရသည်လေ။
အလုပ်ကိုတော့ အပေတုံးလို ကုန်းရုန်းလုပ်ပြီး အစားကိုအာဟာရပြည့်အောင်မစား....ဒါ့အပြင် ကိုယ်ခံအားနည်းချိန်မှာ မိုးမိခံသည်လေ။
ဖြစ်မှတော့ စုပုံပြီးဖြစ်ပြီပေါ့။ ခံရတဲ့သူလဲ မချိမဆန့်.... မြင်ရတဲ့သူလဲမသက်သာ။

မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေWhere stories live. Discover now