Zawgyi
နောက်တစ်နေ့မနက်ခင်းစောစောမှာ ပထမဆုံး ကြက်တွန်သံနှင့်အတူ လျိုထုံနိုးလာခဲ့တယ်။ သူ့ရဲ့လက်မောင်းကြားက အသံထွက်ပြီး အိပ်ပျော်နေတဲ့ ချွေးတွေရွှဲနေတဲ့ ယောက်ျားတစ်ယောက်ကို သူကြည့်လိုက်တယ်။ သူပထမဆုံးသူ့ချွေးတွေကို သုတ်ပေးလိုက်တယ်။ ပြီးနောက်သူ့ကိုမနိုးစေပဲ့နှင့် သူ့ကိုယ်ကိုဂရုတစိုက် ရွှေ့လိုက်တယ်။ ရန်ကသက်တောင့်သက်သာ အိပ်ပျော်နေတယ်ဆိုတာကို သူသိတယ်။ အရင်နေ့တွေတုန်းက သူကဖျားနေတုန်းပဲ့။ သို့သော်လည်း ဒီနှစ်ရက်အတွင်းမှာ သူနေကောင်းလာတယ်လို့ ထင်ရတယ်။
လျိုထုံအများကြီးစိတ်သက်သာရာရသွားတယ်။အိပ်ယာကနေထလာပြီးတော့ တျန်းတျန်းနှင့်ကော်ကော်ကို ကြည့်ဖို့အတွက် သူတစ်ခြားအခန်းကို သွားလိုက်တယ်။ အိပ်ယာတစ်ခုပေါ်မှာ အသံထွက်ပြီးအိပ်ပျော်နေတဲ့ ကလေးလေးသုံးယောက်ရဲ့ နောက်ကျောကို သူတွေ့လိုက်ရတယ်။ လျိုထုံတိတ်တဆိတ်ပဲ့ ပြန်ထွက်လာခဲ့တယ်။
မီးဖိုချောင်ထဲမှာဝုမိန်က မီးထည့်ပြီးလို့မနက်စာ ပြင်နေပြီ။
လျိုထုံရောက်လာတာကို မြင်တော့ ဝုမိန်က မေးလိုက်တယ်။ "မင်းဘာလို့အစောကြီး ထလာတာလဲ? မနေ့ကတစ်နေ့လုံးမင်းပင်ပန်းထား တယ်လေ။ ပြီးတော့ မင်းဒဏ်ရာလည်းရထား တယ်။ ဘာလို့ထပ်မအိပ်တာလဲ?"
လျိုထုံကသူ့ခေါင်းကိုခါပြီးတော့ "မဟုတ်တာ။ ငါကစောစောထတာ အကျင့်ပါနေပြီ။ မင်းချက်နေတာကို ငါကူညီပေးမယ်!"
လျိုထုံကခံနိုင်ရည်မြင့်မားတာကိုမြင်လိုက်တော့ ဝုမိန်ကသဘောတူလိုက်တယ်။ "ကောင်းပြီလေ။ မင်းမီးထည့်ရာမှာ ကူညီပေး! ငါဒီမနက်အတွက် ဂျုံမုန့်လုံးလုပ်မလို့။ ငါတို့များများစားထားမှ အလုပ်လုပ်ဖို့အားအင်ရှိမှာ။"
လျိုထုံကခေါင်းညိတ်ပြီးတော့ မီးဖိုထဲကို ထင်းထည့်လိုက်တယ်။
ကလေးတွေနိုးလာတဲ့အချိန်မှာ မိုးသောက်ချိန်လုံးလုံးရောက်နေပြီ။ ဒါဟူက သူ့ထက်ငယ်တဲ့ကလေးသုံးယောက်ကို မျက်နှာသစ်ဖို့ ခေါ်သွားတယ်။ ပြီးနောက် မီးဖိုချောင်ရဲ့တံခါးနားကို ပြေးပြီးသွားစောင့်နေကြတယ်။
YOU ARE READING
Transmigration : TFLOA "Fool" (BL) [Myanmar Translation]
RomanceIt's just an offline translation. I only translate for fun. Please support original author and english translator. Title : Transmigration : The Farm Life Of A "Fool" Author : Zi Xi Status : 295 chapters (completed)+ 25extra Start date - 1.6.2021 E...