part-1 Uni

14.4K 576 18
                                    


ကျွန်တော်ရဲ့ နာမည်က
ချန်ကျန်ဟောက်။ကျွန်တော်က မိဘမဲ့ တစ်ကောင်ကြွက်ဆိုပါတော့။ တစ်ကယ်တော့ ကျွန်တော့်ရဲ့မိဘတွေက ကျွန်တော် 9တန်းလောက်မှာကွာရှင်းခဲ့ကြတယ်။ အမေနဲ့ရောအဖေနဲ့ပါ လိုက်မနေချင်တာ​ကြောင့် တိုက်ခန်းမှာပဲနေဖြစ်တယ်။ ကျွန်တော်အတွက်က ပိုက်ဆံက ရေလိုပဲပေါတယ်။ ကျွန်တော်ရဲ့မိဘတွေက ကျွန်တော့်
အတွက် လတိုင်းပိုက်ဆံပို့ပေး​နေ ကြဖြစ်တာကြောင့်လေ။ ကျွန်တော့်မှာ ရှားရှားပါးပါး သူငယ်ချင်းတစ်ယောက်ရှိတယ်။ သူ့နာမည်က ဖန်ပင်းပင်း တဲ့ ။ သူကကျွန်တော့်ရဲ့ တစ်ဦးထဲသောသူငယ်ချင်းပဲ။ ကျွန်တော်က otaku တစ်ယောက်။ တစ်နေ့တစ်နေ့ အခန်းအောင်းတယ်၊ wattpad ဖတ်တယ်၊ ရေးတယ်၊ပြီးတော့ anime ဆိုလည်းလာထားပဲ၊ ဂိမ်းဆိုလည်း နေ့မအိပ်ညမအိပ်ကိုလုံးတာ၊ အိမ်တွင်းအောင်းပြီး လုပ်လို့ရမယ့် အရာမှန်သမျှလုပ်တယ်ဗျာ။ wattpad မှာတောင် နာမည် အသင့်အတင့်ရတဲ့ စာရေးစရာတစ်ယောက်။ ကျွန်တော်ရေးတဲ့ Ficအများစုက semeက အသေကြမ်းပြီး ukeကအသေခံရတဲ့ ficမျိုးပဲ ရေးတာဗျ။အဲ့လို uke စုတ်ပြတ်သတ်သွားတဲ့ အခန်းတွေ ရေးရပြီဆို စောက်ရမ်း ခံစားလို့ကောင်းတာဗျ။ အဲ့လို ficမျိုးတွေ ရေးပေမယ့် ကျွန်တော်က ယောကျာ်းစစ်စစ် ရေတောင်မရောဘူး။ ကျွန်တော်ရဲ့ ရုပ်ရည်ကလည်း စောက်ရမ်းချောတာထက်ကို ပိုတယ်လို့ပြောလို့ရတယ်။ ကျွန်တော်က ရည်းစားမရှိဘူး( fa) တစ်နေ့တစ်နေ့ ကိုယ့်အလုပ်နဲ့ကိုယ်မအားတာ ရည်းစားထားဖို့ အချိန်တောင်မရှိဘူး။ ဒါပေမယ့် ဘယ်သူထင်မှာလဲ ကျွန်တော့်လို ရုပ်ချော​ချောကောင်လေးက မိန်းမ မရခင် လူပျိုသရဲလေး ဖြစ်သွားမယ်လို့။ ဒီလိုသာဖြစ်မယ်မှန်းသိရင် အိမ်တွင်းအောင်းမနေပဲ မိန်းမယူပါတယ်။

Host- "ဒီနေရာက.... ဘယ်နေရာလဲ....မှောင်မဲနေတာပဲ...ပြီးတော့အသက်ရှုကျပ်လိုက်တာ "

Six- [ Host... ထတော့လေ....အိပ်ပုတ်ကြီးနဲ့ ]

Host- " မင်းက ....ဘယ်သူလဲ.....ငါဘယ်နေရာရောက်နေတာလဲ....ဒါနဲ့...မင်းမှာကောင်လေးရှိလား... "

ဆံပင်ရွှေဝါရောင်လေးနဲ့ ပြီးတော့ တောင်ပံသေးသေးလေးရယ်၊ လူလေးကလည်း လက်ဖဝါးလောက်ပဲရှိတယ် မျက်နှာဝိုင်းဝိုင်းလေးနဲ့ ချစ်စရာကောင်မလေးတစ်ယောက်။

system one o six(106) S -1 ( Z &U )Where stories live. Discover now