Chapter(278) - အခွင့်အရေးအားခြေချော်ရသွားခြင်းအကြောင်းအရင်း

3.6K 831 60
                                    

Unicode

အခန်း(၂၇၈) - အခွင့်အရေးအားခြေချော်ရသွားခြင်းအကြောင်းအရင်း

[ဟန့်...] ဝိဉာဉ်ပုတီးစေ့လေးကမထီမဲ့မြင်ဟန်ဖြင့်ရယ်မောလိုက်သည်။

[ရှေးခေတ်အချိန်အခါတုန်းကတည်းကဆင်းသက်လာခဲ့တဲ့မှော်ရတနာတွေထဲမှာတစ်ချို့ကအရှေ့ပင်လယ်ဘက်ထဲမုန်တိုင်းထန်နေတဲ့အချိန်ကြမ်းတမ်းတဲ့လေပြင်းတွေ၊ကြောက်မက်ဖွယ်လှိုင်းလုံးကြီးတွေကြားထဲမှာသန့်စင်ခဲ့တာ၊တစ်ချို့ဆိုရင်ဘက်ပေါင်းစုံကဝင်လာတဲ့စေတန်နတ်ဆိုးသားရဲတွေရဲ့တိုက်ခိုက်မှုကနေသည်းခံကျော်လွှားရင်းသန့်စင်ခဲ့ကြတယ်ပြီးတော့တစ်ချို့အဆင့်အတန်းအရမ်းမြင့်မားတဲ့ထိပ်တန်းအဆင့်လက်နက်တွေဆိုရင်လူသောင်းပေါင်းများစွာအသက်ဆုံးရှုံးပြီးသဂြိုလ်နေရတဲ့တိုက်ပွဲအတွင်းမှာသန့်စင်ခဲ့ကြတာတွေပဲ....လက်မှုပညာလမ်းကြောင်းဆိုတာအချိန်ကိုက်လုပ်ဆောင်ခြင်းဆိုတဲ့အရေးပါမှုကိုလည်းအလေးပေးထားတယ်—မှန်ကန်တဲ့နေရာ၊မှန်ကန်တဲ့အချိန်နဲ့မှန်ကန်တဲ့သူတွေဖြစ်ရမယ်.....လင်းမိသားစုရဲ့အနီရောင်ကြိုးတပ်လှံတံကသွေးပင်လယ်နဲ့သွေးလေပြင်းတွေကြားထဲကတိုက်ပွဲအတွင်းမှာပဲမွေးဖွားလာသလိုမျိုးပေါ့...အဲ့ဒီလှံတံကသူ့ရဲ့ကိုယ်ပိုင်ဝိဉာဉ်ကိုနိုးထလာစေဖို့ဘာကိုမှီခိုခဲ့ရမလဲ?သောင်းချီတဲ့စစ်သားတွေရဲ့ရဲရင့်တဲ့စိတ်ဝိဉာဉ်နဲ့ရှေးဟောင်းစစ်ပွဲအတွင်းမှာကျန်ရစ်ခဲ့တဲ့သွေးတွေသတ်ဖြတ်ခြင်းအရှိန်အဝါတွေကြောင့်ကလွဲရင်ရှိဦးမလား......သာမာန်မှော်ရတနာတွေကိုပဲအနှောင့်အယှက်မရှိပဲအေးဆေးတည်ငြိမ်တဲ့ပတ်ဝန်းကျင်မျိုးမှာသန့်စင်နိုင်တာ.....ပြစ်မျိုးမှဲ့မထင်မှော်ရတနာတစ်ခုကိုအောင်အောင်မြင်မြင်သန့်စင်ဖို့ဆိုရင်မြေပြိုတာတွေမြေငလျှင်လှုပ်တာတွေလိုအန္တာရယ်တွေကိုသည်းခံနိုင်ရမယ်၊သက်ရှိသတ္တဝါတွေခံစားရတဲ့သာယာဝပြောတာတွေရောဆုတ်ယုတ်တာတွေစတဲ့အပြောင်းအလဲတိုင်းနဲ့အပြာရောင်ပင်လယ်ပြင်ကပိုးစာကွင်းအဖြစ်ပြောင်းလဲသွားသည်အထိကာလရှည်ကြာတာမျိုးလည်းခံနိုင်ရည်ရှိရတယ်]

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now