Chapter(19) - အထီးကျန်,မှောင်မိုက်သောည

7.6K 1.4K 68
                                    

Unicode

အခန်း(၁၉) - အထီးကျန်,မှောင်မိုက်သောည

ရှန်ကျစ်ရှန်းရဲ့ညာဘက်လက်ကရန်ကျင်းရဲ့လက်ကိုဆုပ်ကိုင်ထားပြီးသူ့ဘယ်ဘက်လက်ကသူပါချောက်ကမ်းပါးစွန်းအောက်ပြုတ်မကျစေရန်အစွန်းအားဆွဲထားရသည်။

သေးငယ်တဲ့ကျောက်စိမ်းပုလင်းလေးကရန်ကျင်းကိုဆွဲထားသည့်ညာဘက်လက်နဲ့သိပ်မဝေးတဲ့နေရာကိုလိမ့်ကျသွားခြင်းပင်။သူသာရန်ကျင်းရဲ့လက်ကိုလွှတ်လိုက်တာနဲ့အဲ့ဒါကိုလှမ်းဆွဲယူနိုင်လိမ့်မည်။သို့သော်လည်း,အစကနေအဆုံးထိရန်ကျင်းကိုဆွဲထားသည့်သူ့လက်များကခိုင်မာနေခဲ့သည်။

ရန်ကျင်းသည်လည်းရှန်ကျစ်ရှန်းအတွက်ကျောက်စိမ်းပုလင်းလေးကိုလှမ်းဖမ်းပေးချင်ပေမယ့်ထိုပုလင်းကသူ့လက်ချောင်းများကြားထဲကနေဖြတ်ပြီးချောက်ကမ်းပါးအောက်ပြုတ်ကျသွားတော့သည်.

ချောက်ကမ်းပါးကအလွန်ကိုမက်စောက်တာကြောင့်ပြုတ်ကျသွားတဲ့ကျောက်စိမ်းပုလင်းလေးကချက်ချင်းလိုလိုပင်တိတ်ဆိတ်သွားလေသည်။

ရှန်ကျစ်ရှန်းကအံကိုကြိတ်ပြီးစတင်၍လူအားအပေါ်သို့ဆွဲတင်သည်။သို့သော်လည်းမြွေကြီး၏အပေါ်တစ်ပိုင်းကလှိမ့်နေဆဲရှိနေသေးသည်။

ထိုအရာကြီးကရန်ကျင်းကိုဆုပ်ကိုင်ထားတဲ့လက်ရှိရာသို့လှိမ့်လာပြီးမြွေခေါင်းကရှေ့သို့တိုးဝင်လာကာရုတ်တရက်ရှန်ကျစ်ရှန်းရဲ့လက်ကိုကိုက်ရန်ပါးစပ်ကိုဖွင့်ချလိုက်လေသည်!

အကယ်၍သာမြွေပါးစပ်ကိုပိတ်လိုက်တာနဲ့ရှန်ကျစ်ရှန်းရဲ့လက်ကနှစ်ပိုင်းပြတ်သွားမှာဖြစ်သည်။

မေးရိုးကိုတင်းကြပ်စွာဖိလိုက်တဲ့အချိန်မှာပဲရှန်ကျစ်ရှန်းကချောက်ကမ်းပါးစွန်းကိုကိုင်ထားတဲ့လက်ကိုလွှတ်လိုက်ပြီးမြွေအားလျင်မြန်စွာဆွဲယူကာအောက်ကိုပစ်ချလိုက်သည်။မြွေရဲ့သွားများကထက်ရှလှပြီးအသားကိုလွယ်ကူစွာပင်ထိုးခွဲနိုင်သည်။ရှန်ကျစ်ရှန်းကမြွေကိုချောက်ကမ်းပါးအောက်ပစ်မချမှီအချိန်လေးမှာပင်မြွေဆိပ်အနည်းငယ်ကိုထုတ်သွားသေးသည်။

(Completed) ဆရာဖြစ်ရတာမလွယ်ဘူး (ဆရာျဖစ္ရတာမလြယ္ဘူး)Where stories live. Discover now