B for Begin

1.3K 89 11
                                    

Unicode

အုံ့မှိုင်းနေသောမိုးသားကောင်းကင်
တပေါက်ပေါက်က‌ျနေသောမိုးစက္များ လမ်းလျှောက်နေသောသက်ရှိလူသားများမရှိ၍ အထီးကျန်နေသယောင်ရှိသော တောင်တက်လမ်းလေး။ တောင်ကုန်းရဲ့ထိပ်မှာတော့ ဆေးရုံးထဲရှိ ဆရာဝန်များ လူနာများနှင့်ဆူညံနေသည်။
သို့သော်...သူ သူဆိုသည်မှာ ကောင်လေးတစ်ယောက်။
ရှင်းရှင်းပြောရရင် အသက်၂၄အရွယ်ကောင်လေး။ ခုံတန်းတစ်ခုပေါ်ထိုင်ကာ အဝေးသို့ငေးနေပုံရသည်။ ဂုတ်ထောက်ဆံပင်လေးနှင့် နှဖူးပေါ်သို့ဝ‌ဲဝဲကျနေသောဆံပင်တို့က မျက်လုံးကိုပင်အုပ်နေလေသည်။ သို့သော်မျက်ဝန်းတစ်စုံမှာ ပုလဲလုံးလေးတွေတွဲခိုနေမှုကြောင့် တောက်ပလွန်းနေသည်။ မိုးရေစက္များကပါးနုနုပေါ်သို့ကျရောက်နေသောကြောင့် ပါးပြင်နှစ်ဖက္မှာအနည်းငယ်နီ‌နေသယောင်။ တဆက်ဆက်တုန်နေသော နှုတ်ခမ်းပါးတစ်စုံအောက်က မှဲ့နက်လေးတစ်လုံးက ယောက်ျားဆန်လွန်းသောမျက်နှာနဲ့ လိုက်ဖက်ညီစွာ။ အနည်းငယ်ပွသယောင်ရှိသော
နှာခေါင်းလုံးလုံးက ငိုထားသည်ကြောင့်လား မိုးအေးမှုကြောင့်လားရယ်မသိပါပဲ အနည်းငယ်နီချင်နေပြန်သည်။

ထိုအချိန် အနောက္မှထီးတစ်ချောင်းနှင့် ရေစိုနေသောထိုကောင်လေးအား မိုးပေးကာရပ်လိုက်တော့ ရေစိုနေသောကောင်လေးက အနောက်ဘက်ကိုအသာငဲ့ကြည့်မိသည်။ သို့သော် သူ့မျက်ဝန်းအစုံကို အမှောင်ကသာကြီးစိုးနေသည်။
သူကြောက်သည်။ ဒီအမှောင်အတိပြည့်နေတာကိုကြောက်သည်။ ထိုအချိန် သူအနောက်ကလူတစ်ယောက်က သူ့ဘေးနားလမ်းလျှောက်လာနေသည်ကိုခံစားမိသည်။ သူကြောက်သည်။ ဘယ်ကမှန်းမသိသောလူတစ်ယောက်က သူ့နားကပ်လာနေပြီ။ ရုတ်တရတ် ထိုလူကသူ့ဘေးနားတွင်ထိုင်လိုက်သည်ကို ခံစားမိသည်။
ထို‌့နောက် ထိုလူကသူ့အားစကားစလာသည်။

"တွေ့ရတာဝမ်းသာပါတယ်Jeon Jungkook~~"

သူငြိမ်နေမိသည်။ ထိုလူသူ့နာမည်ကိုမည်သို့သိသနည်း။ ကိုယ့်ကိုရန်ပြုမည်လား။ ဝေခွဲမရချိန်
ထိုလူ့ဆီမှစကားသံ ထပ်ထွက်လာပြန်သည်။

"ကြောက်နေတဲ့ပုံပဲဟက်..မကြောက်ပါနဲ့..မင်းကိုရန်မပြုပါဘူး...ငါ့နာမည်က Min Yoongi... Yoongi Hyungလို့ခေါ်ပေါ့ မင်းထက်အသက်ကြီးတော့ ငါတို့သူငယ်ချင်းလုပ်ရအောင်"

B L I N D (Completed)Where stories live. Discover now