Chapter(279) - မဟာအကြီးအကဲဟွိုင်ယွီ

3.5K 862 75
                                    

Unicode

အပိုင်း(၂၇၉) - မဟာအကြီးအကဲဟွိုင်ယွီ

ယန်ထျန်းဟန်ကအထူးအလေးအနက်ထားပြီးပြန်ဖြေသည်။

"စီနီယာအကိုကြီး,အကိုကြီးအဲ့ဒီလိုစဉ်းစားတာမှားတယ်...ကျွန်တော့ကိုပထမဆုံးအမြင်နဲ့တင်ဆုံးဖြတ်ချက်ချလို့မရဘူးလေ...ကျွန်တော်ကလောလောဆယ်ဖြူဖွေးပြီးဝဝကစ်ကစ်လေးနဲ့အထူးသဖြင့်လှပပြီးဆွဲဆောင်မှုရှိနေတယ်ဆိုပေမယ့်ကျွန်တော်လည်းအရင်ကခါးသီးမှုတွေကိုဖြတ်သန်းကျော်လွှားခဲ့ရတာပါပဲ...အခက်အခဲဆိုတာကကျွန်တော့အတွက်သာမာန်ဖြစ်ရိုးဖြစ်စဉ်လိုကိုဖြစ်ခဲ့တာ"

ယန်ထျန်းဟန်သည်တစ်ခြားကိစ္စတွေမှာတော့သူမှတ်ချက်မချရဲပေမယ့်ဒီအပိုင်းမှာတော့သူ့မှာပြောစရာအများကြီးရှိနေသေးသည်။

ထိုစဉ်ကသူ့အကိုကြီးအပြင်းအထန်ဒဏ်ရာရသွားတဲ့အချိန်မှာလင်မိသားစုထဲတွင်နေထိုင်ဖို့နည်းလမ်းရှာရန်ရုန်းကန်ခဲ့ရသည်။ပိုက်ဆံရဖို့အတွက်ဘာမဆိုလုပ်ဖို့ကြိုးစားခဲ့ရပြီး,တောင်းစားဖို့လမ်းပေါ်မသွားရလုနီးပါးပဲ..ဒါပေမဲ့အဆုံးမှာတော့သူအဲ့ဒီကာလကိုဖြတ်ကျော်ပြီးတွန်ုးထိုးရုန်းကန်ရင်းနဲ့အသက်ရှင်သန်နေသေးတာပဲမဟုတ်ဘူးလား?

သို့သော်လည်းလူရွယ်၏အာရုံကသူနာကျင်ခံစားခဲ့ရတဲ့အပိုင်းမှာရှိမနေပေ;အဲ့ဒီအစားသူ့နှုတ်ခမ်းထောင့်စွန်းကရှုံ့တွသွားရင်းဖြင့်ယန်ထျန်းဟန်ရဲ့သေးငယ်တဲ့ပုံသဏ္ဍာန်လေးကိုချုံကြည့်လိုက်ပြီးလှောင်ရီဟန်ဖြင့်မေးလာသည်။

"မင်းကဖြူဖွေးပြီးဝကစ်တယ်ဟုတ်လား?"

ယန်ထျန်းဟန်ကသူ့မျက်နှာပေါ်က,ကလေးအဆီလေးများကိုထိပြီးခေါင်းညိတ်ပြသည်။

လူရွယ်ကသူ့ခေါင်းအားဖြတ်ခနဲရိုက်ထည့်လိုက်၏။

"မင်းမျက်လုံးကတစ်ခုခုများမှားယွင်းနေတာလား?ဒီလောင်ဇီအတွက်ကိုယ့်ကိုကိုယ်သိမြင်မှုနည်းနည်းလောက်ရှိစမ်းပါ..ငါပြောပြမယ်မဟာအကြီးအကဲဟွိုင်ယွီရဲ့တံခါးအောက်ကတပည့်တိုင်းကဖြူဖွေးပြီးတုတ်ခဲလာတဲ့အထိစားရမယ်ပြီးတော့တောက်ပပြီးလှပတဲ့ဝတ်စုံတွေကိုနေ့ုတိုင်းဝတ်ရမယ်...သူတို့အနေနဲ့အကောင်းဆုံးဆိုတာတွေပဲစားရမယ်ဝတ်ရမယ်ပြီးတော့အပြင်ထွက်တဲ့အချိန်တိုင်းတစ်ခြားသူတွေကိုသူတို့နှာခေါင်းထိပ်ကနေငုံ့ကြည့်နိုင်ရမယ်...သူတို့ရဲ့ဂုဏ်သတင်းကလည်းတစ်ခြားသူတွေထက်မလျော့နည်းစေရဘူး!"

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now