ကလေးရဲ့လူကြီး(Part-24)

474 48 1
                                    

Unicode
________

"ရှောင်လုဟန်...ရှောင်လုဟန်.."

အောက်ထပ်ကနေ..​အော်ခေါ်နေတဲ့ Taoကြောင့်..
လုဟန် အလောတကြီးပြေးဆင်းလာရသည်။

"ဘာဖြစ်လို့လဲomma...လုလုကိုတစ်ခါမှဒီလိုမအော်ဖူးပါဘူး.."

"အေး..အရင်ကမအော်ပေမဲ့အခုအော်တယ်..နင်အရှက်ကောရှိသေးရဲ့လားလုဟန်"

"ဗျာ...omma..လုလုကိုဘာလို့ဒါတွေလာမေးနေတာလဲ..လုလုဘာလုပ်လို့လဲ"

"နင်ဘာလုပ်လဲဟုတ်လား...အေး..ဒီမှာကြည့်"

ဆိုပြီး taoကသူ့လက်ထဲကိုင်ထားတဲ့စာအိတ်ကိုပစ်ကာပေးလိုက်သည်.။လုဟန်လည်းအောက်ကျသွား
သည့်စာအိပ်အားကောက်ကာဖွင့်​ကြည့်လိုက်သည်။

"Om..omma...ဒါ.ဒါတွေကိုဘယ်က"

"ဘယ်ကရလဲဆိုတာ ငါ့ကိုလာမမေးနဲ့..ဒါကတကယ်ပဲလားလုဟန်"

ommaပြတဲ့စာအိပ်ကိုဖွင့်ကြည်လိုက်တော့..လူ​ကြီးနဲ့လုလု.ဟိုတစ်နေ့ကဆိုင်တစ်ဆိုင်မှာ.ဖက်ကာကြည်နူးနေသည့်ပုံ..။

"ဟုတ်ပါတယ်.omma"

ommaသိသွားပြီမို့လုဟန်လည်းဘာမှငြင်းဆန်မနေတော့..အမှန်အတိုင်းသာပြောလိုက်သည်။

"ဘာ..အဲ့ဒါဆိုတကယ်ပေါ့...နင်တို့ကိုနင်တို့ဘာဆိုတာကိုသိသေးရဲ့လား..ဟမ်.."

လုဟန်ဘာမှမပြောပဲခေါင်းငုံကာမျက်ရည်များကျနေဆဲ။

"ယောကျာ်းလေးနှစ်ယောက်တဲ့..လူကြားလို့ကောင်းကြသေးရဲ့လား...အရှက်မရှိတာလား..ဦးနှောက်မရှိကြတာလား"

ဒီတစ်ခါလဟန်မနေနိုင်တော့..

"omma..လူနှစ်ယောက်ချစ်တာရှက်စရာလား...ချစ်တဲ့နေရာမှာယောကျာ်းလေးနှစ်ယောက်ဖြစ်သွားတာပဲရှိတာပါ..ကျန်တာအကုန်အတူတူပါပဲ..အချစ်ကအချစ်ပဲ omma..."

"ချစ်တာတွေမချစ်တာတွေငါမသိဘူး..ငါသိတာကငါသူငယ်ချင်းသမီးယွန်းနနဲ့လက်ထပ်ရမယ်"

"omma...လုလုသူနဲ့လက်မထပ်နိုင်ဘူး..ချစ်လည်းမချစ်ဘူး..လုလုလူကြီးကိုပဲချစ်တာ..လုလုချစ်တဲ့သူနဲ့ပဲအတူတူနေပါစေ.."

ကလေးရဲ့လူကြီး။ (Complete)Where stories live. Discover now