Cha-22

8.1K 1.6K 41
                                    

[Unicode]

ယွီချင့်ဟွမ် သူ့အခန်းပြန်ရောက်တာမကြာသေးခင်မှာပဲ ကျောက်ချင်းယွမ်မှ တံခါးလာခေါက်ပြီး လက်ထဲတွင် အပူခံထမင်းဘူးကိုင်လို့ လျှောက်ဝင်လာသည်။ထို့နောက်တွင် ခုတင်ပေါ်သို့ ဖင်နဲ့တက်ထိုင်ပြီး ယွီချင့်ဟွမ်အား မေးခွန်းထုတ်လိုက်သည်။

"ဘာလို့ငါ့ကိုစောင့်မနေတာလဲ?"
အကောင်းဆုံးသရုပ်ဆောင်ဆုရှင် ကျောက်ချင်းယွမ်မှာ သူ့ဘော်ဒါကသူ့ကိုစောင့်မနေခဲ့လို့ အတန်ငယ် စိတ်မကောင်းဖြစ်နေ၏။

ယွီချင်ဟွမ်မှ သူ့အား မှင်သေသေတချက်ကြည့်လိုက်ပြီး
"မင်းကကလေးလား အိမ်သာသွားတာတို့ အိမ်ပြန်တာတို့ကို အဖော်လိုရအောင်"

ကျောက်ချင်းယွမ်မှာ သူ၏ပြက်ရယ်​ပြုစကားများနှင့် အသားကျနေ​ပြီဖြစ်လို့ သူ၏စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်အားမှာ လယ်ဗယ်တခုအထိတောင်အဆင့်​​မြင့်နေပြီဖြစ်ရာ ယခုတခေါက်တွင်တော့ သူကခြေဆောင့်မနေတော့ပေ။ထိုအစား သူကအပူခံထမင်းဘူးကိုဖွင့်လိုက်ပြီး ယွီချင့်ဟွမ်အား ဂုဏ်ယူဝင့်ကြွားစွာ ကြည့်လိုက်ပြီး

"​ဒါလေးကို ငါ့အမေ ခုလေးတင် ပို့လိုက်တာ...ဒီတော့ ဘော်ဒါ ငါဒါကို မင်းနဲ့ရှယ်ဖို့ အထူးသီးသန့် ယူလာတာနော်"

"မင်းနဲ့အတူစားဖို့ တယောက်ယောက်လိုနေတာပါ"
ယွီချင့်ဟွမ်မှာ ကျောက်ချင်းယွမ်အကြောင်း အတွင်းသိအစဉ်းသိဖြစ်​လေရာ သူ့အားချက်ချင်းပဲ ထိုးထွင်းသိမြင်နိုင်၏။

ကျောက်ချင်းယွမ်မှာ အပြုံးတခုကိုညှစ်ထုတ်ရင်း ဝန်ခံလိုက်သည်။
"မင်းငါ့ကိုမိသွားပြီ!"

အထဲတွင် ထမင်း၊အရသာရှိသောဟင်းလျာများနှင့် စွပ်ပြုပ်ရည်အထိ အမယ်အစုံအလင်ပင်။ကြည့်လိုက်ယုံနှင့် သူ့အမေ အမှန်တကယ် စိတ်နှစ်ကိုယ်နှစ်ပြုလုပ်ပေးထားမှန်းတန်းပြောနိုင်၏။ထို့​နောက်တွင် ကျောက်ချင်းယွမ်မှ ယွီချင့်ဟွမ်လက်ထဲ ဇွန်းတချောင်းထိုးထည့်ပေးလိုက်ပြီး
"လာ! ပူတုန်းစား!"

တခဏလောက်ရပ်တန့်နေပြီး ယွီချင့်ဟွမ်စတင်စားသောက်မည်လုပ်စဉ်အခါမှ သူကရုတ်ချည်း တားမြစ်လိုက်၏။
"ခဏလေး! ငါဓာတ်ပုံလေးအရင်ရိုက်ပါရစေဦး"

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now