Zawgyi
လော့ကျန်းပေ့ရဲ့အဒေါ်လော့ရင်းရင်းဟာ လော့ရှန်ဟွာကိုကြည့်ရင်း အထင်သေးသလို နှာရှုံ့လိုက်ပြီး
"ဒီမှာ လော့မိသားစုတွေပဲ ရှိသင့်တာ မင်းက ဘာလုပ်နေတာလဲ? ပြီးတော့ ဝင်လာထဲက အကြီးတွေကို နူတ်ဆက်မယ်မရှိဘူး... ယဉ်ကျေးမှုကို မရှိဘူး" လို့ ပြောလိုက်တော့ ရေခဲမုန့်စားနေရင်း ဘလိုင်းကြီး အပြောခံလိုက်ရသည့် လော့ရှန်ဟွာမှာ အူကြောင်ကြောင်ဖြင့်သာ မော့ကြည့်လိုက်မိတော့သည်၊
'ဒီမိန်းမကြီးက ဘလိုင်းကြီး ဘာလို့ငါ့ကို လာမဲတာလဲဟ?' ဒါကတော့ လော့ရှန်ဟွာရဲ့အတွေးဖြစ်သည်၊ဒါပေမယ့် သူဟာ နာခံသည့်ပုံစံဖြင့် ရေခဲမုန့်ဇွန်းကိုတောင် ချလိုက်ပြီး မျက်နှာငယ်လေးဖြင့်
"တောင်းပန်ပါတယ် ဘိုးလေးလော့(၃)နဲ့ဖွားလေးလော့(၃) " လို့ အသံတိုးတိုးလေးနဲ့ခေါ်လိုက်တော့ တဖက်ကနေ 'ဘာ'ဆိုသည့်အသံပြဲကြီးနဲ့အတူ.
"ငါက အခုမှ လေးဆယ်ကျော်ပဲ ရှိသေးတာ"လို့ အော်ဟစ်ပြောဆိုလာသည့်ချိန်မှာ လော့ရှန်ဟွာရဲ့ကိုယ်လေးဟာ တုန်တက်သွားပြီး မျက်နှာလေး ညှိုးနွမ်းသွားကာ
"တောင်း..." တောင်းပန်စကားဆိုရန် ရှိသေးသည် သူ့ဒယ်ဒီရဲ့အေးစက်သည့်အသံဟာ ထွက်လာတော့သည်၊
"ကျွန်တော့်ကလေးက အဒေါ်ကို အဘွားလို့ခေါ်တာ ဘာပြသာနာရှိလို့လဲ ဝါအရဆိုရင် ခင်ဗျားက ရှန်လေးရဲ့အဘွားပဲ မဟုတ်ဘူးလား? ပြီးတော့ ကျွန်တော့်ရှေ့မှာ ကျွန်တော့်ကလေးကို အော်တာ ခင်ဗျားတို့ ဒုတိယအိမ်တော်က သူတွေက တော်တော်သတ္တိကောင်းနေပြီပေါ့" ရုတ်တရက်ကြီး အခန်းရဲ့အပူချိန်ဟာ ကျဆင်းသွားပြီး ကြောက်စရာကောင်းသည့်ခံစားချက်ကို သူတို့ခံစားနေရပြီး ယဉ်ကျေးစွာပြောနေသည့်လော့ကျန်းပေ့ရဲ့စကားထဲမှာ သူတို့ကို ခြိမ်းခြောက်နေသည့်ခံစားချက်ကို ရနေတော့သည်၊
သူတို့ဟာ အကင်းပါးသူများပီပီ ချက်ချင်းအမူအရာပြောင်းလဲကုန်ကာ
"ဒါပေါ့ ဒါပေါ့ ရှန်ဟွာက ငါ့အတွက် မြေးတစ်ယောက်လိုပါပဲ" လို့ လော့ရင်းရင်းဟာ ဟန်ဆောင်ပြုံးကာ ပြောလိုက်ရင်း လော့ရှန်ဟွာရဲ့ရှေ့ရှိ ရေခဲမုန့်ကို ကြည့်ကာ

YOU ARE READING
Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလား(Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလား)
RomanceZawgyi/Unicode Started date: 25.oct.2020 End date: ???????? လော့ကျန်းပေ့ x လော့ရှန်ဟွာ