Hold Me 🌻 20 (U)

2.4K 208 90
                                    

" အာညော်ဟာဆယ်ရော...
Arjumma....နေကောင်းတယ်နော်...
ကျနော်လား... အရင်တပတ်လောက်ကပြန်ရောက်တာ..
အခုလိမ်မာသွားပါပြီဗျ...အဟဲ "

ဈေးခြင်းတောင်းကိုင်ပြီး ဖွားဖွားနောက်က လိုက်လာရင်း မျက်မှန်းတန်းမိသမျှလူတွေကို သွားအဖြီးသားနဲ့နှုတ်ဆက်နေရတဲ့ ဘတ်ဟျွန်းလေးအဖြစ်က အဆူခံရမှာကြောက်တဲ့ပုံ တစက်မှမပေါ်။ အိမ်ကနေ အပျော်တမ်းထွက်ပြေးပြီးမှပြန်ရောက်လာသလိုမျိုး ပေါ့ပါးလွန်းသည်မို့ ရင်းနှီးတဲ့ဈေးသည်အဒေါ်ကြီးတွေရဲ့ မျက်စောင်းလှလှတွေခံယူရရှိသည်။

" Park သူဌေးကတော်တို့တော့မလွယ်ကြောပဲ...
အသက်တွေကြီးမှ ကလေးထိန်းနေရတယ် "

" ကလေးမဟုတ်ပါဘူးနော်...
သားက လူကြီးဖြစ်ဖို့တနှစ်ပဲလိုတော့တာ ...
အခုပဲ ဆယ့်ခုနစ်နှစ်ထဲရောက်နေပြီ"

" အံမယ်လေး... ပတ်ခ်ဘတ်ဟျွန်းရယ်...
ရှင်ဘယ်လောက်ပဲ အသက်ကြီးကြီး...ကျုပ်တို့မျက်လုံးထဲမှာ ဒီရုပ်ကဒီရုပ်ပဲ.... ဆိုင်မှာပထမဆုံးတွေ့တုန်းကလို နှပ်ချီးထွက်မနေတာလေး တခုပဲကွာတယ် "

" ဟာ !!! အာဂျီးမားကလည်း...
ဘာတွေလျှောက်ပြောနေမှန်းမသိဘူး "

လူကိုစချင်သလိုစပြီးမှ တဟားဟားအော်ရယ်နေတဲ့ အန်တီကြီးတွေကိုကျောခိုင်းပြီး ဈေးခြင်းတောင်းဆွဲကာထွက်လာလိုက်တယ်။ ဖွားဖွားနဲ့ ဈေးဝယ်လိုက်ရင်ဒီလိုပဲ... ငယ်ကျိုးငယ်နာဖော်ပြီး စိတ်တိုအောင်ပြောတတ်တဲ့နေရာမှာ ဈေးသည်အဒေါ်ကြီးတွေကအဆိုးဆုံး။

" စောင့်ပါဦး ဘတ်ဟျွန်းရဲ့...
ဖွားဖွား... မောလို့ "

" Nae ??? ဖွားဖွား..မောလို့လား..
ခနနားလိုက်လေ...ဒီနား...ဒီခုံလေးမှာထိုင် "

အစအနောက်သံတွေမကြားချင်တော့လို့ မြန်မြန်လျှောက်လာတဲ့ ဘတ်ဟျွန်းခြေလှမ်းကိုဖွားဖွားကဘယ်မှီနိုင်ပါ့မလဲ။ မျက်လုံးမှိတ်ပြီးအမောဖြေနေတဲ့ ဖွားဖွားကို ခုံတန်းရှည်လေးမှာ ထိုင်ခိုင်းရင်း ရေဗူးတဗူးပြေးဝယ်တိုက်ရတယ်။

" ဖွားဖွား...သက်သာလား "

" အင်း...သက်သာတယ်...သွားရအောင် "

Hold Me (Z+U) 🌻 Where stories live. Discover now