အပိုင်း၆

12.8K 1K 52
                                    

Unicode

ရှောင်ဟန်လည်း သူ့ကိုအရှေ့က ဉီးဆောင်ပြီး အခန်းရှိရာကိုခေါ်သွားတဲ့ ကောင်ကလေးရဲ့ ကျောပြင်ကိုကြည့်ပြီး ဘယ်လို စကားစပြီးပြောရမလဲစဉ်းစားနေမိသည်။ အမှန်ဆို ငယ်ရွယ်တဲ့သူက ကလေးပီပီစကား စပြောရမှာမဟုတ်ဘူးလား။
အခုတော့ကိုယ်တော်ချောက သူ့ကိုကြောက်လို့ထင်ပါရဲ့ စကားကို တစ်ခွန်းမှဟမလာဘူး...
အခန်းစီရောက်ဖို့အရေး တို့အရေး လိုပင် လမ်းကိုမြန်မြန်သာလျောက်နေလေသည်။

အဲ့တော့ သူဘက်ကပဲ စပြီးရေလာ ရတော့မှာပေါ့။
ဒါနဲ့ ကိုယ်ဘက်က အရင်ရေလာပြီး ဟိုဘက်က မြောင်းမပေးရင် ဘယ်လိုလုပ်ရပါ့။

(ကိုယ့်ဘက်ကစပြီးစကားပြောတာကို ဟိုဘက်ကပြန်မပြောအရေးမလုပ်ရင်လို့ပြောတာပါ)

မသိတော့ဘူး ဇာတ်စင်အရင်ကြည့်ကရမှာပဲ။
သူတို့နှစ်ဉီးအခန်းတစ်ခန်းရဲ့အရှေ့ရောက်တော့ မျက်နှာအရေ ထူတဲ့ရှောင်ဟန်ကပဲ ကိုယ်တော်ချောကို စကားစပြောရတော့သည်။

ရှောင်ဟန်က နေရခက်စွာနဲ့ ချောင်း ဟန့်လိုက်သည်။

"အဟန့်...မင်းကို...ကောကောက အားယွင်လိုခေါ်မယ်နော်...ကောကိုကြောက်စရာမလိုပါဘူး...ဟီး...ကောက ကလေးချစ်တတ်တယ်ရယ်...
ကောကိုတော့ ရှောင်ဟန်ကောလို့ခေါ်လို့ရတယ်"

"......"

ကျိုးယွင်က သူ့ကို မျက်လုံးဝိုင်းဝိုင်းလေးများဖြင့် အထူးဆန်းလုပ်ပီးကြည့်လာခဲ့သည်။ ဘာမှတော့ပြန်မပြောသေးပေ။
ဒီကလေးက သူ့ကိုတော်တော်လေးကိုကြောက်နေပါရောလား။
ဒါပေမဲ့ နောက်ဆိုရင် အဆင်ပြေသွားမှာပါလေ။ သူကလူကြီးလူကောင်းပဲကလေးကို သူ့ဘက်ကပဲ အလျော့ပေးရမှာပေါ့။

ရှောင်ဟန်က ထပ်ပြီးမထူးဇာတ်ခင်းကာ သွားဖြဲပြလိုက်ပြီး

"ကောကို မကြောက်ပါနဲ့ ...ကောကမင်းကို ကိုက်မစားပါဘူးကွာ...ပြီးတော့ကောက လူသားမစားဘူးအာ့ကြောင့် မကြောက်နဲ့ရယ် လိမ္မာတယ်"

ရှောင်ဟန်ကပြောရင်းဆိုရင် အကျင့်ပါကာ ဝမ်းဝမ်လေးကို လုပ်ပေးသလိုမျိုး ခေါင်းလေးကိုပွတ်ပေးမိမလိုဖြစ်သွား၍ လက်ကိုအမြန်ပြန်ရုတ် လိုက်ရသည်။ဒါက ဒီကလေးလေး မကြိုက်မှာဆိုးတာကြောင့်။ ဘာလို့ဆို ကလေးလေးရဲ့ မျက်ခုံးတွေက သိသိသာသာ တွန့်ကွေးလာပြီး မျက်မှောင်ကျုံ့တာက အရမ်းသိသာလာလို့ပဲ။ ဒီလို အမူအရာနဲ့ ပုံစံအချိုးလေးက တကယ်ကြီးကို လူကြီးဆန်နေတယ်။ ကြည့်စမ်းသူ အခုမှ သတိထားမိတယ်။ လူဝင်စားလေးကြနေတာပဲ....။

Love of an idoit  အရူးတစ်ယောက်ရဲ့အချစ် [Ongoing]Where stories live. Discover now