ကလေးရဲ့လူကြီး(Part-25)

461 47 2
                                    

Unicode
_______

လုဟန်မနက်စောစော..ဆယ်ဟွန်းအိမ်သို့ထွက်လာခဲ့သည်။

လုဟန်.ရောက်တော့ ဆယ်ဟွန်းကဧည်ခန်းမှာထိုင်ကာစာဖတ်နေသည်။

"ကလေး..အစောကြီးရှိသေးတယ်..ဘာဖြစ်လို့လဲ"

"လူကြီးကိုလုလုပြောစရာရှိလို့.."

"ပြောလေ ကလေး..ကိုယ့်ကိုဘာပြောချင်လို့လဲ..လာဒီမှာလာထိုင်"

"မထိုင်တော့ဘူး..တစ်နေရာရာသွားပြီး..စကားပြောကြရအောင်"

"ဟုတ်ပြီလေ..ကလေး..ခနလေးကိုယ်ကားသော့သွားယူလိုက်အုံးမယ်"

နောက်တော့..ပန်းခြံလေးတစ်ခုဆီ.မောင်းထွက်လာခဲ့တယ်။

"ကလေးပြောလေ.ကိုယ်ကိုဘာပြောချင်လို့လဲ.."

"ဟို..လုလုတို့ခိုးပြေးရအောင်"

"ဘယ်လို"

"ဟုတ်တယ်..ခိုးပြေးကြရအောင်နော်.."

"ကလေး..ခနလေး..ကိုယ်ကိုသေချာရှင်းပြလေ..ဘာကြောင့်ခိုးပြေးချင်ရတာလဲ"

"ommaတို့သိသွားပြီ..လုလုတို့အကြောင်းommaတို့သိသွားပြီ..ommaကသဘောမတူဘူး..လုလုကို
ယွန်းနနဲ့ပေးစားဖို့လုပ်နေတယ်.."

"ဘယ်လိုဖြစ်ပြီးသိသွားရတာလဲ"

"အဲ့ဒါတွေထားလိုက်ပါ..လုလုတို့ခိုးပြေးကြမယ်လို့ လူကြီး"

"နေပါအုံးကလေးရယ်..ကိုယ်တို့သေချာစဥ်းစားပြီးမှဆုံးဖြတ်ကြတာပေါ့"

"ဟာဗျာ..ဘာကိုစဥ်းစားပြီးဘာကိုဆုံးဖြတ်ရမှာလဲ..ဒီတစ်ပတ်ထဲ.မှာ လက်ထပ်ပွဲလုပ်မှာတဲ့.."

"ကလေး..ကိုယ်ကကလေးကို.မိသားဖသားပြီပြီတောင်းရမ်းချင်တာ"

"ကျစ်..အဲ့ဒါတွေမလိုဘူးလေ.ပြီးတော့ကျွန်တော်ကယောကျာ်းလေးနှစ်ယောက်လေ..မင်္ဂလာမဆောင်လည်းသေမသွားဘူး..အဲ့ဟာမနဲ့လက်ထပ်ရရင်တော့သေလိမ့်မယ်"

လုဟန်ပြောရင်းနဲ့ဒေါသတွေထွက်လာသည်။

"ကလေးမဆန်ချင်စမ်းပါနဲ့..ကိုယ်တို့လုလုတို့မိဘတွေကို သွားတောင်းပန်ကြည့်မယ်လေ.."

ကလေးရဲ့လူကြီး။ (Complete)Where stories live. Discover now