အခန်း (၂) [U+Z]

1.1K 249 36
                                    

[Unicode Version]

ရွမ်ယန်သည် တရားဝင် အလုပ်စဝင်ပြီဖြစ်၍ သူ့ရုံးခန်းနေရာကို ဥက္ကဋ္ဌနှင့် တစ်ထပ်တည်းသို့ အရွှေ့ခံလိုက်ရသည်။

သူပထမဆုံးတွေ့ရတဲ့ အလုပ်အညွှန်းမှာ ဥက္ကဋ္ဌလီ၏ ကိုယ်ရေးအချက်အလက်ပင်ဖြစ်သည်။ ယင်းမှာ သူမဂ္ဂဇင်းမှာ ဖတ်ရသောအကြောင်းနှင့် အကုန်နီးပါးတူ၏။ သည်ကုမ္ပဏီကို စီမံခန့်ခွဲနေပြီး အသက် ၃၃ နှစ်အရွယ်လေးမှာတင် ဤမျှအောင်မြင်အောင် လုပ်နိုင်ခဲ့သည့် ပညာရေးရော အလုပ်အတွေ့အကြုံရော ပြီးပြည့်စုံလုနီးပါးဖြစ်သော လူတစ်ယောက်အနေဖြင့် သူက တကယ်ကိုပဲ ဥက္ကဋ္ဌ ဝတ္တုတွေထဲက စံပြုရမည့် ဇာတ်ဆောင်တစ်ယောက်လိုပဲ ဖြစ်သည်။

ရွမ်ယန်မှာ မေးခွန်းသေးသေးလေး တစ်ခုသာရှိသည်။ လုပ်ဖော်ကိုင်ဖက်များအကြား ဆက်ဆံရေးတိုးတက်အောင်အလို့ငှာ နေ့လယ်စာစားချိန် စကားပြောချိန်မှာ သူက မေးလိုက်သည် "ဥက္ကဋ္ဌလီရဲ့ ဇာတာခွင်ကို ဘာဖြစ်လို့ အနီရောင်နဲ့ ညွှန်းထားတာလဲ" မျဉ်းနှစ်ကြောင်းတောင် တားထားသေးသည်။

ရှောင်ဝမ်က ထူးဆန်းသော မျက်နှာအမူအရာဖြင့် ဖြေလိုက်သည် "မင်းကိုပြောရဦးမယ် ဥက္ကဋ္ဌလီက အရမ်း အရမ်း အရမ်းကို Virgo (ကန်ရာသီဖွား) ဆန်လွန်းတယ်"

ရှောင်ကျန်းက ဖြတ်ပြောလိုက်သည် "ဟေး ဟေး ငါတို့ရဲ့ မြင့်မြတ်တဲ့ Virgo ရာသီခွင်ကို မမုန်းလိုက်ပါနဲ့"

"ငါတို့က မင်းတို့ကောင်တွေကို အရှက်ခွဲနေတာမဟုတ်ပါဘူး။ မင်းတို့ Virgo တွေကိုက ကိုယ့်အကြောင်းကိုယ် အင်တာနက်ပေါ်မှာ တကယ့် အပေါစားဆန်တဲ့စကားတွေ ပြောနိုင်ကြလွန်းတယ်"

"အင်တာနက်မှာတွေ့ရတာ မင်းတို့ Pisces (မိန်ရာသီဖွား)တွေလည်း ဒီရက်ပိုင်း ကံမကောင်းကြဘူးတဲ့ မင်းကိုပြောမယ် ဒီရက်ပိုင်း သတိကောင်းကောင်းထားနေဦး။ ပြီးခဲ့တဲ့အပတ်ကလေးတင် ဆယ့်လေးခါတောင် အဆူခံရပြီးပြီမလား။ ဒီအပတ် အဲဒီစံချိန်ကို ချိုးဖို့ ကြိုးစားလိုက်ဦး... "

ရွမ်ယန်က သူတို့ပြောနေတာကို ဆက်နားထောင်နေလိုက်သော်လည်း အမှန်မှာ သူနားမလည်ချေ။ သူက ရာသီခွင်များနှင့် ပတ်သက်၍ သိပ်မနှံ့စပ်သောကြောင့် အနီရောင်အညွှန်းကို သုံးထားခြင်း၏ အတွင်းကျကျအဓိပ္ပါယ်ကို သူနားမလည်နိုင်ပေ။

ဥက္ကဌက မေရီဆူးမဟုတ်ဘူး (Myanmar Translation)Where stories live. Discover now