အခန်း (၃) [U+Z]

969 237 7
                                    

[Unicode Version]

ရွမ်ယန်က အစမ်းခန့်ကာလ သုံးလအတွင်း နှိပ်စက်မှု၊ စိတ်ဖိစီးမှုနှင့် ဖီဆန်မှု မျိုးစုံတို့ကြုံရင်းဖြင့် ကျော်လွှားခဲ့ရသည်။ ထူးဆန်းသောအချက်မှာ ဤခရီးလမ်းကို သည်းခံပြီးနောက်မှာတော့ သူက ဒီအခြေအနေကို နေသားကျသွားသကဲ့သို့ ခံစားရသည်။ အခုတလော သူအဆူခံရတာ နည်းလာသည်၊ အလုပ်လည်း ပိုပြီး ချောချောမွေ့မွေ့လုပ်နိုင်လာပြီး ပြဿနာကို သုံးသပ်ပြီး ကိစ္စများကိုင်တွယ်ဖြေရှင်းနိုင်စွမ်းမှာ အလွန်မြင့်တက်လာခဲ့သည်။

ပြန်စဉ်းစားကြည့်မည်ဆိုလျှင် သူက လီဟန်ဆီမှ ကြီးကြီးမားမား နှိပ်စက်၊ထိုးနှက်ခံရတာမျိုး တစ်ခါမျှ မဖြစ်ဖူးပေ။ တစ်ဖက်လူ၏ ပင်ကိုစရိုက်ကိုက အနည်းငယ် စိတ်ရှုပ်စရာကောင်းပြီး ကသိကအောက်နိုင်ရုံသာဖြစ်သည်။

ယခုသူ့စိတ်အခြေအနေအရ ရွမ်ယန်၏ ဒေါသမှာ အရင်လောက် မပြင်းထန်တော့ချေ။

သောကြာညတစ်ညမှာ လီဟန်က လူမှုရေးပွဲများတွင် တက်ရောက်ရလေ့ရှိသော်လည်း သူက သူ့ဒရိုင်ဘာကို ခဏတဖြုတ် လက်တိုလက်တောင်း ခိုင်းလိုက်မိသည်။ ညဘက် အရက်သောက်ရမည်ကို တွေးမိပြီး လီဟန်က ရွမ်ယန်ကို ဟိုတယ်သို့ ကားမောင်းပို့ခိုင်းခဲ့သည်။

ရွမ်ယန်မှာ အလွန်ခေါင်းခြောက်သွားရှာသည် "ဥက္ကဋ္ဌလီ ဒါက ကျွန်တော့်အလုပ် မဟုတ်ဘူးမလား။ နောက်ပြီး ကျွန်တော့်ရဲ့ တစ်ပတ်ရစ်ကားအဟောင်းလေးနဲ့ အဲဒီကိုသွားရင် ဥက္ကဋ္ဌကို အရှက်မရစေဘူးလား"

လီဟန်က စိတ်ထဲမထားပေ။ "မင်းကို အချိန်ပိုကြေးနဲ့ ဆီဖိုး ပြန်ပေးမယ်။ ကားမောင်းဖို့ တစ်ခုပဲ စိတ်ပူရမှာ၊ ငါသိက္ခာကျတာတွေကို သိပ်များများစားစား တွေးမနေနဲ့။ ငါက ငါ့မျက်နှာနဲ့ အမှတ်ယူတာ၊ ငါ့ကားနဲ့ မဟုတ်ဘူး"

"အဲဒါဆိုလည်း ကောင်းပြီလေ" ရွမ်ယန်က အချိန်ပိုကြေးနှင့် ဆီဖိုးပြန်ရမည်ဆို၍ အလုပ်ကို ပျော်ပျော်ကြီးလက်ခံလိုက်သည်။

ကားစက်နှိုးပြီး ကားပါကင်ကပင် မထွက်ရသေးခင် သူတို့နှစ်ယောက်လုံး ရုတ်တရက် ပုံမှန်မဟုတ်သော တုံ့ဆိုင်းမှုကို ခံစားလိုက်ရသည်။ ရွမ်ယန်၏ နှလုံးခုန်သံမမှန်တော့ဘဲ ကားပေါ်ကဆင်းပြီး ကြည့်လိုက်သည်။ ထင်သည့်အတိုင်း ဘယ်ဘက်အရှေ့တာယာမှာ သံချောင်းကြောင့် ဘီးပေါက်သွားခြင်းဖြစ်သည်။

ဥက္ကဌက မေရီဆူးမဟုတ်ဘူး (Myanmar Translation)Where stories live. Discover now