အခန်း (၄) [U+Z]

985 232 20
                                    

[Unicode Version]

မျက်စိတစ်မှိတ် အချိန်လေးအတွင်းမှာပဲ ရွမ်ယန်က အခု ချန်းဟွေ့နည်းပညာမှာ အလုပ်လုပ်လာတာ နှစ်ဝက်ကျော်လာခဲ့ပြီဖြစ်သည်။ သူက သူ၏ ဘဝပန်းတိုင်မှာ ဘယ်တုန်းက 'လီဟန် ပြဿနာရှာမတွေ့ရေး တို့အရေး' ဖြစ်သွားမှန်း မသိပေ။ သူက ထိုစိတ်ရှုပ်စရာကောင်းလှသော ဥက္ကဋ္ဌ၏ ပါးစပ်ကို ပိတ်ထားနိုင်မည့် မည်သည့်အရာကိုဖြစ်စေ အားသွန်ခွန်စိုက် ကြိုးပမ်းလုပ်ဆောင်တတ်သည်။ ထိုမှသာ သူ့ဘော့စ်က သူ့ကို သူဌေးပါဝါ မပြနိုင်မှာဖြစ်သည်။

အခုဆို ရွမ်ယန်က သူ့ရဲ့ ပညာရပ်နယ်ပယ်တွင် စူပါမန်းတစ်ယောက်သဖွယ် ဖြစ်လာခဲ့သည်။ သူက လက်ထောက်ငယ်လေးဘဝမှ အထူးလက်ထောက်ဘဝသို့ အဆင့်တက်လာခဲ့သည်။ တစ်ချိန်တည်းမှာပဲ Research and Development ဌာန၏ အကြံပေးအနေဖြင့်လည်း တာဝန်ယူထားသေးသည်။ သူ့လက်ထဲမှာ ပရောဂျက်တွေကို စစ်ဆေးအကဲဖြတ်နိုင်သည့် အခွင့်အာဏာလည်းရှိသည်ဖြစ်ရာ သူ့လခမှာ နှစ်ဆသုံးဆခန့်ပင် တိုးလာခဲ့သည်။

သူ့ကို သဘောမကျသောသူများနှင့် သူ့ကို တိတ်တိတ်လေး မကြာခဏ အနှောင့်အယှက်ပေးသာသူများလည်း ရှိနေသေးသည်မှာ အမှန်ပင်။ သို့သော် သူက စော်ကားပြောဆိုမှုများနှင့် အရှက်ခွဲသည့်အပြုအမူများကို ပါးစပ်ပိတ် ငြိမ်ခံနေသည့် သရဲဘောကြောင်သော လူသစ်လေးမဟုတ်တော့ပေ။ ကောလာဟလတွေ မကြာခဏဆိုသလို ဖြန့်တတ်သောလူကိုမူ သူက သူတို့၏ လုပ်ငန်းစည်းမျဉ်းချိုးဖောက်မှုများကို ထောက်ပြပြီး ရာထူးတိုးမည့် မျှော်လင့်ချက်များကို ဖြတ်တောက်ပစ်လိုက်သည်။

ထိုသူက အစည်းအဝေးခန်းထဲကို ဇွတ်အတင်း ဝင်လာပြီး မကြားဝ့ံမနာသာ ညစ်ညမ်းသော စကားများကို သုံး၍ ရွမ်ယန် ဒီရာထူးကို မည်သို့ရခဲ့ပါသည်ဆိုသော 'မကောင်းသောရာဇဝင်' ကိုပင် အသေးစိတ် ဖော်ပြပြောဆိုခဲ့သည်။ သူ၏ လက်ဖျားခါလောက်အောင် ပြောင်မြောက်သော ဇာတ်လမ်းမှာ နန်းတွင်းမောင်းမဆောင်ပြဇာတ်တစ်ခုကိုတောင် ကျော်တက်သွားနိုင်လောက်သည်။

ရွမ်ယန်က စိတ်ရှည်ရှည်ဖြင့် နားထောင်နေပြီး မည်သို့မျှ အရေးမယူခဲ့ချေ။

ဥက္ကဌက မေရီဆူးမဟုတ်ဘူး (Myanmar Translation)Where stories live. Discover now