N For Need

450 62 13
                                    

Unicode

အဖြူရောင်ဆေးများနှင့်ခြယ်ထားသော အခန်းငယ်ထဲတွင် အဖြူရောင်လိုက်ကာများဆင်ထားသော မှန်ကိုဖြတ်၍ကျရောက်လာသော မနက်ခင်းနေရောင်ခြည်နုနုက မှန်တံခါးရှေ့ကုလားထိုင်ပေါ်ထိုင်နေသည့် ကောင်လေးတစ်ယောက်၏မျက်နှာနုနုပေါ်သို့... ထိုကောင်လေး၏မျက်နှာမှာ အနည်းငယ်ချောင်ကျနေသော်လည်း နှုတ်ခမ်းကမူခပ်မဲ့မဲ့အပြုံးသေးသေးလေးကို ဆင်ထားပြန်သည်။
ကြည်လဲ့နေသောမျက်ဝန်းမှာတော့ နှုတ်ခမ်းထက်တွဲခိုထားသော အပြုံးနှင့်မလိုက်ဖက်စွာ
ငွေရောင်လဲ့လဲ့နှင်းဉလေးတွေက ချောင်းငယ်လေးတစ်ခုအလား စီးဆင်းနေပြန်သည်။

အဟက်...Min Yoongiရာ ခင်ဗျားကကျွန်တော့်ကို ထားခဲ့ပြီးလာမတွေ့တာ တစ်ပတ်တောင်ရှိပြီပေါ့...ဒီဆေးရုံမှာတောင်မရှိတော့ဘူးတဲ့လား...
သူ့နှင့်ရင်းနှီး‌ေအာင်အမျိုးမျိုးလုပ်ခဲ့သည့် လူသားကသူတကယ် ရင်နှီးသွားပြီး...လိုအပ်နေတဲ့အချိန်မှ စွန့်ခွာသွားတယ်တဲ့လား... ကျွန်တော်မပြောခဲ့ဘူးလား Yoongi... ကျွန်တော့်လိုမျက္မမြင်တစ်ယောက်နား ဘယ်သူမှကြာကြာမနေနိုင်ပါဘူးလို့...Min Yoongiခင်ဗျားကသိပ်ဟန်ဆောင်ကောင်းတာပဲ....ကျွန်တော်တကယ်လိုအပ်နေမှ ခင်ဗျားကထွက်သွားတာပေါ့...မုန်းချင်တယ်Yoongi...မုန်းပစ်လိုက်ချင်တယ်...ဒါပေမယ့် နှလုံးသားကကန့်ကွက်နေတယ်...ဘာလို့လဲသိလား ခင်ဗျားကိုသိပ်ချစ်လို့တဲ့....မျက်လုံးကခင်ဗျားကိုမမြင်ရပေမယ့် နှလုံးသားကခင်ဗျားပုံကို ဖော်နေတယ်...သိပ်ချစ်တယ် သိပ်လည်းလိုချင်မိတယ် သိပ်လည်းလိုအပ်နေတယ်...

-----------------
ကျွန်တော်နိုးလာတော့ ရောက်နေတာကဆေးရုံခန်းတစ်ခု...ဘေးကိုကြည့်မိတော့ စိုးရိမ်စွာနဲ့ကြည့်နေတဲ့ အမေနှင့်ဦးလေးOh...
ကျွန်တော်နိုးလာသည်ကိုသတိထားမိတော့
အမေကကျွန်တော့်ကိုလှမ်းခေါ်လာသည်။

"သားသက်သာရဲ့လားဟင်...ခေါင်းကိုက်နေသေးလား"

စိုးရိမ်စွာနှင့်မေးလာသောအမေ့ကြောင့် ခေါင်းကိုခါကာသက်သာကြောင်းပြလိမ့်သည်။ အများအမြင်တွင်ဒီမြင်ကွင်းအား ယဉ်ကျေးမှုမရှိဘူးဟုထင်နိုင်သော်လည်း စကားနည်းသောYoongiနှင့်
စိတ်ပူတတ်သောအစ်မကြီး Min Shinya တစ်မျိုးခေါ်ရလျှင် Oh Shinyaတို့အတွက်တော့ သားအမိဆက်ဆံရေးက ထိုမျှပင်။ အေးစက်သည်ဟုဆို၍မရသော်လည်း စကားနည်းသောသားကြောင့် အများအမြင်တွင် သားအမိချင်းမတည့်လောက်အောင်ထိ မြင်သွားနိုင်ပေသည်...

B L I N D (Completed)Where stories live. Discover now