Chapter -22(ဒယ်ဒီ ဒါဘာအခန်းကြီးလဲ)

20.8K 2.3K 155
                                    

Zawgyi

လော့ကျန်းပေ့ဟာ သူ့ဘေးတွင် စိုးရိမ်စိတ်အပြည့်နဲ့တုန်တုန်ရီရီဖြစ်နေသည့် အကောင်ပေါက်လေးကို ကြည့်ရင်း သူ့ရဲ့နှလုံးသား ယားကျိကျိဖြစ်နေပေမယ့် အမူအရာကတော့ ခပ်တင်းတင်းဖြင့်သာ

"မင်းအသက်က ဆယ့်ခုနှစ်နှစ်ရှိပြီ ဘယ်အရာအကောင်း ဘယ်အရာအဆိုးဆိုတာ ခွဲတတ်တဲ့အရွယ်ရောက်နေပြီ " လို့ ဒယ်ဒီရဲ့စကားကြောင့် လော့ရှန်ဟွာ ခါးလေးမတ်သွားကာ ဇီးသီးလောက်ပဲရှိတော့သည့် မျက်နှာငယ်လေးဖြင့်

"ရှန်လေး အမှားကို ရှန်လေး သိပါတယ်... ဒါပေမယ့် ထန်းဟော်ရှက ရှန်လေးပေါ် တကယ်​ကောင်းတဲ့သူပါ... ဒါကြောင့် သူ ငြိုငြင်ပြီး ရှန်လေးကို ထားခဲ့မှာကြောက်လို့ပါ... သူက လူကောင်းပါ ဒယ်ဒီ သူကြောင့် ရှန်လေး သူငယ်ချင်း သုံးယောက်တောင် ရခဲ့သေးတယ်"လော့ရှန်ဟွာ မရဲတရဲလေး လက်လေးသုံးချောင်းပင် ထောင်ကာ ပြောလိုက်သေးသည်၊ လီကုန်းရွှေကိုတော့ သူငယ်ချင်းလို့ သိပ်မသတ်မှတ်ချင်ပေမယ့် သူ့စိတ်ထဲ လီကုန်းရွှေကို အရမ်းမမုန်းတီးသလို ခံစားနေရသည်၊

"သူတို့က မင်းကို လော့အိမ်တော်က ကလေးမှန်းသိသွားလို ခင်မင်ကြတာလေ သူတို့ရဲ့ပတ်သတ်မှုက အစစ်မှန်မရှိဘူး"လို့ ပြောလိုက်သည့် ဒယ်ဒီကြောင့် လော့ရှန်ဟွာမျက်မှောင်ကြုတ်သွားသည်၊ ထန်းဟော်ရှက ထန်းရန်နဉ်ရဲ့ညီလေးလေ ဒါကြောင့် သူ့အပေါ်ခင်မင်မှုက အစစ်အမှန်ဆိုတာ လုံးဝယုံကြည်သည်၊ပြီးတော့ သူ့ကိုလည်း ဂရုစိုက်ပြီး ကောင်းမွန်တဲ့အစားအသောက်လည်းကျွေးသေးသည်၊

"မဟုတ်ဘူး... ဟော်ရှက ရှန်လေးကို အရမ်း ခင်တာ...သူက ရှန်လေးကို နမ်းမယ်ဆိုပြီး ခဏ ခဏ ပြောတယ်! ဒါ ရှန်လေးကို ခင်လို့လေ" လို့ လော့ရှန်ဟွာက သူ့ဒယ်ဒီကို မကြည့်ရဲပေမယ့် ပြန်ခံပြောလေသည်၊သူငယ်ငယ်တုန်းက ထန်းရန်နဉ်က သူ့ပါးကို ခဏခဏနမ်းတယ်လေ... ၊အဲ့တာ ခင်မင်မှုကို ပြသတာလို့ ထန်းရန်နဉ်က ပြောတယ်၊ဒါကြောင့် ထန်းဟော်ရှကလည်း သူ့ကို အရမ်းခင်ကြောင်း သိသာတာကို ဒယ်ဒီက ဘာကြောင့် အစစ်အမှန်မဟုတ်ဘူးလို့ ပြောရတာလဲ၊ဒယ်ဒီ တကယ်မကောင်းဘူး...၊

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလားWhere stories live. Discover now