အခန်း - ၉၀

7.2K 687 15
                                        

Unicode

အခန်း(၉၀)ဟိုတယ်ခန်း

လေယာဉ်ပေါ်က ဆင်းလာပြီးနောက် ကုကျင်သည် ဖြူဖျော့ကာအန်နေပြီး သူမရဲ့ခြေထောက်ပေါ် သူမ မရပ် တည်နိုင်လုအောင်ပင် ဖြစ်သွားသည်။ မုမျင်ချန်ရဲ့ အကူ အညီကြောင့်သာမဟုတ်ခဲ့လျှင် စောစောလေးကတည်းက လေဆိပ်မှာ ဟန်ချက်ပျက်သွားခဲ့ပြီ။

တစ်ဖက်မှာ အဖွဲ့ခေါင်းဆောင်ဟာ သူမရဲ့အသား အရေက အတော်လေး မကောင်းနေတာကို သတိပြုမိ သွားသည်။ သူက ပြုံးပြပြီး မေး၏။

"ဒီမိန်းမလှလေးက ဘယ်သူများလဲဗျ"

ကုကျင် အံအားသင့်သွားသည်။ သူမက ပြန်ဖြေတော့ မည်ဆဲဆဲ မုမျင်ချန်၏လက်မောင်းက သူမရဲ့ခါးတစ်ဝိုက် ကို ရစ်ပတ်လာခြင်းကို သူမ ခံစားလိုက်ရသည်။

"မစ္စတာဘရုစ်, ကျွန်တော် မိတ်ဆက်ပေးပါရစေ.. သူက ကျွန်တော့်ကောင်မလေးပါ"

မစ္စတာဘရုစ်ရဲ့မျက်လုံးတွေက ဝင်းလက်သွားကာ သူက ကုကျင်ကို ချီးကျူးထောပနာပြုတော့သည်။ ဒါက သူတို့ရဲ့ပထမဆုံးတွေ့ဆုံမှုပင် ဖြစ်ပြီး သူမမှာ စကား တစ်ခွန်းပင် မပြောရသေးသော်ငြား ထိုအမျိုးသားဖြစ်သူ က သူမကို အနည်းငယ် အရှက်သည်းသွားစေအောင်ပင် သူမကို အလွန်အကြူး ချီးကျူးစကားဆိုနေတော့သည်။

တရုတ်လူမျိုးတွေကပဲ ဖော်လံဖားလုပ်တယ်လို့ ဘယ်သူပြောလဲ? အချို့လူတွေက crooked nutsတွေ အကြောင်း ကောင်းကြောင်းတွေ ပြောကြလိမ့်မယ်၊ သူတို့တွေလည်း အားလုံးအတူတူနဲ့အနူနူတွေပင်။

[crooked nutsဆိုတာက တရုတ်မှာ နိုင်ငံခြားသားကို ခေါ် တဲ့အသုံးအနှုန်းပါ။ တရုတ်က သံတူကြောင်းကွဲ တအား များတော့ နိုင်ငံခြားသားလို့ သုံးတဲ့ အခေါ်အဝေါ်မှာလည်း အသံထွက် လွဲတတ်ကြလွန်းလို့ crooked nutsဆိုပြီး ထွင်ပြီးခေါ်တဲ့သဘောပါ..but not for only good meaning .. with just a little bad things]

ခုလေးတင်ရောက်ရှိလာတဲ့ လူအုပ်ကြီးက ပင်ပန်း နွမ်းနယ်နေတာကို သတိပြုမိတော့ လာကြိုပေးတဲ့အဖွဲ့က ကြိုဆိုဧည့်ခံညစာစားပွဲကို နောက်နေ့သို့ အစားရွေ့ဖို့ စီစဉ်ခဲ့သည်။

သူတို့က ဧည့်သည်တွေကို ကြိုတင်၍ စီစဉ်ထားပြီး သောဟိုတယ်တစ်ခုဆီ ခေါ်ဆောင်လမ်းညွှန်ပေးခဲ့ကြ သည်။

ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed) Where stories live. Discover now