အပိုင်း🌺၃၃🌺

128 6 0
                                    

💤ဝိုးတဝါးအိမ်မက်💤
🌈အပိုင်း(၃၃)🌈BL🌈
🍀🍀🍀🍀🍀🍀🍀🍀

   တစ်စတစ်စနဲ့ မှောင်မိုက်လာသည့်.. ပတ်ဝန်းကျင်ကို ကြည့်ရင်း ခါးသက်ရင်ထဲ မငြိမ်သက်...။ အမေအေးသည်မှာလဲ..သူ့အပြစ်နှင့်သူမို့..အသာငြိမ်နေရ၏။ စိတ်ထဲတွင် လွန်းအား အသာတိတ်တဆိတ် စိတ်ပူနေမိ၏။
    ခါးသက် သူ့ဘာသာတောင် သတိမထားမိဘဲ..ခြံရှေ့မှာ ခေါက်တုံ့ခေါက်ပြန် လျှောက်နေမိသည်။ တစ်စုံတစ်ယောက်အား စိတ်ပူပန်နေရသည့်ခံစားချက်မျိုး ကို ခါးသက်မခံစားရတာ အတော်ကြာနေပြီဖြစ်သည်။ သူရင်ထဲ မငြိမ်သက်..။ လွန်းတစ်ယောက်သူဆီကနေ အပြီးတိုင် ထွက်သွားမည်ကို အတော့်ကိုစိုးထိတ်နေမိ၏။
       မှောင်မိုက်နေသော ကောင်းကင်ကြီးကိုတောင် မှုန်ပျပျ ကြယ်စင်လေးတွေက..အဖော်ပြုနေကြလေပြီ..။
ခါးသက် အတွက်အဖိုးမဖြတ်နိုင်သည့်အလင်းတန်းလေး  လွန်းတစ်ယောက်ကတော့ ဘယ်ဆီရောက်နေသည်မသိ..။
     ပြန်လာခဲ့ပါ..ပြန်လာခဲ့ပါတော့
..ကျွန်တော်ဆီကို..ကိုရယ်..အရမ်းလွမ်းနေပြီ...။
ခါးငက်အကြည့်အောက်
ထဲကို ဝင်ရောက်လာသည့် ကားမီးရောင်..။ ခပ်လှမ်းလှမ်းတစ်နေရာဆီကို ထိုးရပ်သွားသည့် ကားတစ်စီး..။ အလင်းရောင်မှုန်ပျပျအောက်မှာ.. ကောင်းစွာမြင်နေရသည့်  ထိုကား​ကို ခါးသက် မြင်လိုက်တာနဲ့ ဘယ်သူ့ကားလဲဆိုတာကို တန်းပြီးသိလိုက်လေပြီ...။
   .ထောင်းခနဲ့ ဒေါသမီးများ တောက်လောင်သွားကာ.အံကိုကြိတ်..လက်သီးကို ကျစ်ကျစ်ဆုပ်ထားရင်း.. မပြေးရုံတမယ်ခြေလှမ်းများနှင့် ထိုကားနားသို့ လျှောက်လှမ်းလို့သွားလိုက်၏။
     ကားပေါ်ကနေ ဆင်းလာသည့် လွန်းတစ်ယောက် ဒေါသတစ်ကြီးနဲ့ သူတို့ဆီကို လျှောက်လှမ်းလာနေသည့် ခါးသက်ကို မြင်လိုက်ရတော့  တစ်ကိုယ်လုံးအေးခဲလို့သွားလေသည်။
ထစ်ချုန်းသည်လဲ..ခါးသက်ကို မြင်လိုက်တာကြောင့် ကားပေါ်ကနေ ဆင်းလာခဲ့၏။
."အစ်ကို..အစ်ကိုသွားပါတော့နော်..အစ်ကိုပြန်လိုက်ပါတော့နော်..""
မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်သွားမှာကို လွန်းမလိုလားတာကြောင့်..ထစ်ချုန်းကို အတင်းပြန်ခိုင်းလိုက်ခြင်းဖြစ်သည်။
""မင်းကို တစ်ယောက်တည်း ဒီလိုပုံစံမျိုး အစ်ကိုမထားရစ်ခဲ့နိုင်ဘူး..ခါးသက်ကိုကြည့်ရတာ အတော့်ကိုစိတ်တိုနေတဲ့ပုံဘဲ..""
""အဲ့ဒါကြောင့်မို့..အစ်ကို့ကိုပြန်ခိုင်းနေတာလေ..အစ်ကိုရယ် ပြန်လိုက်ပါနော်..လွန်းကိုယ့်ဘာသာ ဖြေရှင်းလိုက်ပါ့မယ်...သွားပါ အစ်ကိုရယ် သွားပါတော့...""
လွန်း..ထစ်ချုန်းကို ကားပေါ်ဇွတ်တက်ခိုင်းလိုက်ပြီး ခါးသက်ဆီကို အလျှင်အမြန် ပြေးသွားလိုက်ပြီး..
""ခါးသက်..ငါ..""
""ဖြောင်း...".
ခါးသက်အား အကြောင်းစုံ ဖြေရှင်းဖို့ကြိုးစားလိုက်သည့်လွန်း.ကို ခါးသက် ဒေါသအလိုအလျောက်နဲ့.. တုံ့ပြန်လိုက်မိ၏။
   ဖြောင်းခနဲ့မြည်သံနဲ့အတူ..မြေပြင်ပေါ် ပုံခနဲ့ လွန်းလဲကျသွားသည်။
ထူပူသွားသည့် ဘယ်ဘက်ပါးလေးကို ကိုင်ရင်း  တုန်လှုပ်စွာနဲ့ မော်ကြည့်နေရှာသည့် လွန်းကို ကြည့်ရင်း ခါးသက်..ရူးသွားမတတ်ကို ခံစားလိုက်ရ၏။ 
    သူဒေါသကြောင့် အမှတ်မထင် လွန်းရဲ့ ပါးပြင်ကို ရိုက်ချလိုက်မိတာ..သူကိုယ်သူ့တောင်မယုံနိုင်အောင် ဖြစ်လို့နေ၏။
    လွန်းမျက်ဝန်းထဲက ထိတ်လန့်ကြောက်ရွံ့နေသည့် အရိပ်ယောင်တွေကို မြင်လိုက်ရတော့ ခါးသက် ရင်ဘတ်တစ်ခုလုံး  နာကျင်လို့သွားရ၏။
""ခါးသက်မိုး...မင်းဘယ်လိုလုပ်လိုက်တာလဲ....""
ထွက်ပေါ်လာသည့် ထစ်ချုန်း၏ ဒေါသတကြီးအော်မေးလိုက်သည့်အသံက ဟိန်းခနဲ့..။
     ထစ်ချုန်းကို ခါးသက် စူးရဲစွာစိုက်ကြည့်လိုက်သည်။ဒီကိစ္စတွေ ဖြစ်ပေါ်လာရခြင်းရဲ့ အဓိက တရားခံက ထစ်ချုန်းမိုးပင် မဟုတ်လား..။
သူခေါ်လို့..လွန်းက ခါးသက်ကိုလိမ်ညာခဲ့ရတာဟူသော..အတွေးများနှင့်အတူ ခါးသက်၏ ဒေါသများက..
ထစ်ချုန်းဆီကို ပုံကျလို့သွားလေသည်။
     ""ဘာလုပ်လိုက်တာလဲ ဟုတ်လား..ခင်ဗျားကြီးမြင်လိုက်တဲ့အတိုင်းဘဲလေ... အိမ်က ယောကျ်ားကို လိမ်ညာပြီး အပြင်မှာ ခြေရှုပ်ဖို့ကြိုးစားနေလို့.အပြစ်ပေးလိုက်တာ..""
ရင့်သီးစွာနဲ့ ပြောထွက်လာသည့် ခါးသက်စကားများကြောင့် ထစ်ချုန်းမိုးရော လွန်းပါ အံသြထိတ်လန့်လို့သွားရ၏။
ထစ်ချုန်းကို ခင်ဗျားကြီးဟု နာမ်စားသုံးပြီး ပြောလိုက်ကတည်းက ခါးသက် မည်မျှ ဒေါသထွက်နေကြောင်းကို ထစ်ချုန်းခန့်မှန်းလို့ရနေလေပြီ..။
     ထစ်ချုန်း အသာ ခပ်ထေ့ထေ့ ပြုံးလိုက်ပြီး...
""ယောကျ်ား ဟုတ်လား.. အဟက် မင်းကိုယ်မင်း လွန်းရဲ့ယောကျာ်းလို့ ပြောလိုက်တာလား..."
".ဟုတ်တယ်လေ...လွန်းပုံရိပ်ဆိုတဲ့..ယောကျ်ားကို..ခါးသက်မိုးဆိုတဲ့ ကျွန်တော်က ပိုင်တယ်...သူ့ကို လူသိရှင်ကြား လက်ထပ်ထားတဲ့သူက ခါးသက်မိုးဆိုတဲ့ ကျွန်တော်နော်..
ထစ်ချုန်းမိုးဆိုတဲ့ ခင်ဗျားကြီးမဟုတ်ဘူး..""
ခါးသက် အေးစက်စွာနဲ့တစ်လုံးချင်းပြောလိုက်သည်။
""တော်ပါတော့ ခါးသက်..မင်းမကျေနပ်ရင် ငါ့ကို ကြိုက်သလိုပြောနိုင်တယ်..အစ်ကို့ကိုတော့ မပြောပါနဲ့..""
လွန်း အားယူပြီးရပ်လိုက်ရင်းနဲ့ ဆိုလိုက်သည်။ လွန်းစကားကြောင့် ခါးသက်နာကျင်စွာ ပြုံးလိုက်ပြီး..
""ခင်ဗျားက အခုချိန်ထိ..သူ့ကိုကာကွယ်ပေးချင်နေတုန်းဘဲလား..
ခင်ဗျားက ကျွန်တော်ရဲ့ တရားဝင် ဇနီးမယားတစ်ယောက်အဖြစ်နဲ့ လက်ထပ်ထားတဲ့သူနော်..ခင်ဗျားရဲ့တရားဝင်လင်ယောကျ်ားဖြစ်တဲ့..
ကျွန်တော်ရှေ့မှာတောင် ခင်ဗျားက.. တခြားယောကျ်ားတစ်ယောက်ကို..ကာကွယ်ပေးချင်နေတာလား..""
ခါးသက် ဒေါသတကြီးနဲ့ လွန်းရဲ့ပုခုံးနှစ်ဘက်ကို အားနဲ့ဖျစ်ညှစ်ဆွဲရမ်းနဲ့ဆိုလိုက်သည်။
    လွန်းရဲ့ ပုခုံးနှစ်ဘက်ကို ချုပ်ကိုင်ထားသည့် ခါးသက်၏လက်များက အားပါလွန်းနေတာကြောင့် လွန်းပုခုံးနှစ်ဘက်လုံး နာကျင်လို့နေ၏။
   ""တော်တော့... ခါးသက်..မင်း လွန်းကို အနိုင်ကျင့်နေတာတွေရပ်လိုက်တော့..မင်း လွန်းကိုလက်စားခြေချင်လို့  အနိုင်ကျင့်ချင်လို့ နှိပ်စက်ချင်လို့..လက်ထပ်ခဲ့တယ်ဆိုတာကို ငါတို့အားလုံးသိနေတာဘဲ..မင်းမေ့သွားတာတော့မဟုတ်ပါဘူးနော်..မင်းက
မင်းရဲ့ချစ်သူ Dလင်းသာအတွက်..လက်စားခြေပေးချင်လို့..လွန်းကို လက်ထပ်ခဲ့တာလေ..မင်းလွန်းကိုသိပ်ချစ်လွန်းလို့  လက်ထပ်ခဲ့တာမှမဟုတ်တာ.....".
ထစ်ချုန်းပြောပြောဆိုဆိုနဲ့..ခါးသက်ရဲ့ရင်ဘတ်ကို တွန်းထုတ်ပစ်လိုက်ပြီး..လွန်းအား..သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်၏။
    ""လွန်းကို ငါပြန်ခေါ်သွားတော့မယ်..မင်းရဲ့လက်ထဲမှာ လွန်းကိုမထားရစ်ခဲ့နိုင်တော့ဘူး..လာ လွန်း..
အစ်ကိုနဲ့လိုက်ခဲ့..""
ထစ်ချုန်း လွန်းရဲ့ခါးလေးကိုတင်းကြပ်နေအောင် ဖက်ထားလိုက်ပြီး ဆိုလိုက်သည်။
    .လွန်း ခေါင်းကိုသာ တွင်တွင်ပါအောင် ခါရမ်းလိုက်ပြီး...
""မဟုတ်သေးဘူးလေ အစ်ကိုရဲ့..
လွန်း အစ်ကိုနဲ့အတူလိုက်လို့မဖြစ်ဘူးလေ..လွန်းရဲ့ဒေါ်လေးက သူလက်ထဲမှာ.နောက်ပြီး. လွန်း အစ်ကိုနဲ့အတူ လိုက်လို့မ​ဖြစ်ဘူးလေ..အစ်ကိုဆီမှာ..အစ်ကိုနဲ့လက်ထပ်ရမဲ့ ဇနီးလောင်းလဲရှိသေးတယ်လေ..""
လွန်း ထိတ်လန့်တုန်လှုပ်စွာ..ပြောလိုက်ပြီး..ထစ်ချုန်းရင်ခွင်ထဲကနေ ရုန်းထွက်လိုက်၏။
      ထိုအချိန် ခါးသက်က လွန်းရဲ့ လက်ကိုဖမ်းဆုပ်ပြီး သူ့ဘက်ပါအောင်
တစ်ဖန်ပြန်လည်၍ဆွဲခေါ်လိုက်သည်။
""ကဲ...ဦးထစ်ချုန်းမိုး ကြားတယ်မလား...ကျွန်တော်ရဲ့ချစ်ဇနီးလေးက ခင်ဗျားကြီးနဲ့အတူမလိုက်နိုင်ဘူးတဲ့..
အဲ့တော့ ခင်ဗျားပြန်လိုက်ပါတော့..
သြော် နောက်တစ်ခါ..ကျွန်တော်ရဲ့ချစ်ဇနီးလေးကို လာပြီး မမြူဆွယ်ပါနဲ့တော့..""
ခါးသက် ခပ်ထေ့ထေ့ဆိုလိုက်ပြီး
လွန်းကိုယ်လေးကို သူ့ရင်ခွင်ထဲဆွဲသွင်းပြီး ဖက်ထားလိုက်၏။
     ထစ်ချုန်း လက်မလျော့ချင်သေးတဲ့ပုံစံမျိုးနဲ့ ခါးသက်ရင်ခွင်ထဲက လွန်းရဲ့လက်တစ်ဖက်ကိုဆွဲကိုင်လိုက်ပြီး..
""အစ်ကိုဆီ ပြန်လာခဲ့ပါ  လွန်းလေး..
အစ်ကိုပြောထားတဲ့အတိုင်း..အကုန်လုံးကို မေ့ပစ်ပြီး..အစ်ကိုနောက်ကိုလိုက်ခဲ့ပါ လွန်း..""
ထစ်ချုန်းကို လွန်း ငေးကြည့် နေရင်းနဲ့ မျက်ရည်များဝေ့တက်လို့လာခဲ့သည်။
       မတုန်မလှုပ်နဲ့ တွေဝေနေသော
လွန်းကို ကြည့်ရင်း ခါးသက် အားမလိုအားမရဖြစ်နေမိသည်။
လက်တစ်ဘက်နဲ့ လွန်းခါးလေးကို တင်းကြပ်နေအောင် ဖက်ထားလိုက်ပြီး..ကျန်လက်တစ်ဖက်က လွန်းရဲ့လက်ကိုဆွဲထားသည့် ထစ်ချုန်းရဲ့ လက်ကိုခါထုတ်နေမိ၏။
     ""ဦးထစ်ချုန်းမိုး  ခင်ဗျားကြီး အရမ်းကိုအတ္တကြီးလွန်းတယ်.
ဒီမှာကိုလွန်းပုံရိပ် ခင်​ဗျားသိရဲ့လား..ခင်ဗျားရဲ့အဒေါ်လင်မယား ဖြစ်ခဲ့တဲ့ ကားအက်စီးဒန့်က...သူ့ကြောင့်ဖြစ်ခဲ့ရတာဗျ..""
ခါးသက် အနိုင်ရယူလိုသောဇောနှင့်ဆိုလိုက်၏။
   ..ခါးသက်စကားကြောင့်  ထစ်ချုန်း မျက်နှာ ကွက်ခနဲ့ပျက်သွားသလို..လွန်းသည် လဲ အံ့သြတကြီးဖြစ်သွားကာ..
""ဘာ..ဘယ်..ဘယ်လို...မင်းဘာကိုပြောချင်နေတာလဲ..""
လွန်း အထစ်ထစ်အငေါ့ငေါ့ နဲ့မေးလိုက်သည်။
""ခါးသက်မိုး...မင်း...အဲ့လိုမယုတ်မာနဲ့..""
ခါးသက်အဖြစ်မှန်ကိုပြောလိုက်မှာကို စိုးရိမ်သောစိတ်နဲ့ ထစ်ချုန်းဝင်ဟန့်လိုက်သည်။
    ခါးသက်က ခပ်နဲ့နဲ့တဲ့တဲ့ပြုံးလိုက်ပြီး...
""ဒီမှာ ကိုလွန်းပုံရိပ် ခင်​ဗျားသေချာနားထောင်ပါ..ခင်ဗျားရဲ့ အဒေါ်လင်မယား ဖြစ်ခဲ့တဲ့ ကားအက်စီးဒန့် ကလေ..ကိုထစ်ချုန်းမိုးရဲ့အဘိုး..
ဦးဓနမိုး အကွက်ချစီစဥ်ထားခဲ့တာဗျ..""
""ဘာ..""
"ဟုတ်တယ်.ခင်​ဗျားနဲ့ ကိုထစ်ချုန်းမိုးကိုသဘောမတူလို့..ခင်ဗျားရဲ့ အဒေါ်လင်မယားမောင်းလာတဲ့ကားကို..
တမင်ဝင်တိုက်ခိုင်းခဲ့တာဗျ..အဲ့ကိစ္စကို သူလဲသိတယ်..""
ခါးသက်စကားများက လွန်း..နားထဲ
သံရည်ပူတွေလောင်းချခံလိုက်ရသလို..ပူလောင်စွာ တိုးဝင်လို့လာခဲ့၏။
    ထစ်ချုန်းကို  မျှော်လင့်တကြီးနဲ့..
လွန်း လှမ်းကြည့်လိုက်သည်။
""ခါး...ခါးသက်..ပြောနေတာတွေက အမှန်တွေဘဲလား အစ်ကို...အစ်ကို့ရဲ့.အဘိုးက..လွန်းရဲ့အဒေါ်လင်မယားကို......အား...မဟုတ်ဘူးမလား..
ခါးသက် လိမ်ပြောနေတာမလား..
ဟုတ်တယ်မလား..အစ်ကို..လွန်းကိုပြောပါဦး..ခါးသက်ပြောနေတာတွေက. အမှန်တရားတွေမဟုတ်ပါဘူးလို့...""
လွန်းပါးပြင်ပေါ် မျက်ရည်များအတားဆီးမရှိ စီးကျလို့နေ၏ ။
လွန်းရဲ့စကားများကို ပြန်လည်၍ မတုံ့ပြန်နိုင်တော့သည့်.ထစ်ချုန်းတစ်ယောက်..ခေါင်းကြီးကိုသာ ငုံ့ထားလို့နေမိသည်။
""သူမပြောနိုင်ပါဘူး..ဘာဖြစ်လို့လဲဆိုတော့..ကျွန်တော်ပြောခဲ့တဲ့စကားတွေက..အမှန်တရားဖြစ်နေလို့လေ...""
ခါးသက် ဆိုလိုက်ပြီး.လွန်းရဲ့လက်ကို ဆုပ်ကိုင်ထားနေဆဲဖြစ်သည့် ထစ်ချုန်းရဲ့လက်ကို ဆွဲဖြုတ်လိုက်ပြီး..လွန်းအား ထိုနေရာက ဆွဲခေါ်
သွားလေသည်။
   ခါးသက်ဆွဲခေါ်ရာနောက်ကို လွန်းအသိစိတ်မဲ့စွာနဲ့ ပါသွားခဲ့သလို..
ထစ်ချုန်းမှာသည်လဲ..နာကျင်ကြေကွဲစွာနဲ့ ကျန်ရစ်ခဲ့လေသည်။
     လွန်းပါးပြင်ပေါ်မျက်ရည်များက စီးကျနေဆဲ..။သူ့ကြောင့်..သူသိပ်
ချစ်တဲ့ ဒေါ်လေးငယ်ရဲ့ ခင်ပွန်း..
ဦးလေးနေသာ သေဆုံးခဲ့ရတာ ဟူသော အသိ​ကြီးက လွန်းကို ခြောက်လန့်လို့နေ၏။
အကယ်၍လွန်းသာ အစ်ကို့ကိုမချစ်ခဲ့ဘူးဆိုရင် ဒီလိုအဖြစ်ဆိုးတွေဖြစ်လာမှာမဟုတ်ဘူး...ဆိုသော အတွေးများနှင့်အတူ လွန်းနှလုံးသားက
တဆစ်ဆစ်နဲ့နာကျင်ရင်း..
ကွဲကြေလို့နေ၏။
🍀🍀🍀🍀
အပိုင်း❤၃၄❤စောင့်ပေးကြဦးနော်..။မကြာစေရဘူး..။
                           ⭐ညှို့စက်ကွင်း⭐


ဝိုးတဝါးအိမ်မက်Where stories live. Discover now