အပိုင်း🌺၃၆🌺

131 6 0
                                    

💤ဝိုးတဝါးအိမ်မက်💤
🌈အပိုင်း(၃၆)🌈BL🌈
🍀🍀🍀🍀🍀🍀🍀🍀
        ထိုင်မရ ထမရ..ပျာယာခတ်နေသည့်..ခါးသက်ကိုကြည့်ရင်း..အမေအေးတစ်ယောက် ခေါင်းခါနေမိ၏။

""သား..ခါးသက် ငြိမ်ငြိမ်လေးထိုင်နေစမ်းပါ..ဆရာဝန်ကပြောသွားတာဘဲ..ဘာမှစိုးရိမ်စရာမရှိပါဘူးလို့..ပြောသွားတာဘဲလေ..""
ဟုလှမ်းပြောနေသည့်..အမေအေးစကားများက  ခါးသက်နားထဲမရောက်..။

""ဟာ..မေ့နေတာဘဲ..ကို နိုးလာရင်..သောက်ဖို့အတွက်..ဆန်ပြုတ်..ဟုတ်တယ်..ဆန်ပြုတ်..အမေအေး..ကို အနားမှာဘဲနေဦးနော်..သားဆန်ပြုတ်သွားပြုတ်လိုက်ဦးမယ်..""

""ဟဲ့..သြော်..ဆန်ပြုတ်ကို..ဒေါ်တာ.ကိုပြုတ်ခိုင်းလဲရနေတာဘဲကို..""

""မရပါဘူး..ကိုသောက်ဖို့အတွက်ဆန်ပြုတ်ကို..သားကိုယ်တိုင်ဘဲ သွားပြုတ်မှာ.."""

ပြောပြောဆိုဆိုထွက်သွားသည့်.
ခါးသက်ကိုကြည့်ရင်း အမေအေးမပြုံးဘဲမနေနိုင်.။ အခုကျမှ ဖျတ်ဖျတ်လူး..အသည်းသန် ဂရုစိုက်ပြနေ​သည့်..ခါးသက်ပုံစံက..ရယ်ချင်စဖွယ်အတိ..။
    ဒေါ်လေးတာ..တားနေတဲ့ကြားထဲကနေ..ခါးသက်ကိုယ်တိုင်..မီးဖိုချောင်ထဲဝင်ကာ လွန်းအတွက် ဆန်ပြုတ်ကို..ကိုယ်တိုင်ပြုတ်လေသည်။
တစ်သက်နဲ့တစ်ကိုယ် မီးဖိုချောင်ထဲမဝင်ဖူးသောသူအတွက်တော့..အကြီးမားဆုံး​သောစိန်ခေါ်မှုတစ်ခုပင်...။
❤❤❤
      ""သြော်...ကို..နိုးနေပြီလား..""
အနူးညံ့ဆုံး..မေးလာသော ခါးသက်ကို လွန်းပြန်လည်ပြီး ပြုံးပြလိုက်လေသည်။

""ဒီမှာ..ကိုအတွက်..မောင်ကိုယ်တိုင်..ပြုတ်လာတဲ့ ဆန်ပြုတ်လေးသောက်လိုက်ဦးနော်...""

ဆန်ပြုတ်ပန်းကန်လေးကို မြှောက်ရင်းနှင့်ခါးသက်ဆိုသည်။
ဆန်ပြုတ်ပန်းကန်လေးကို..ဘေးနားကစားပွဲပေါ်တင်လိုက်ပြီး..လွန်းရဲနဖူးလေးကို အသာခပ်ဖွဖွ စမ်းကြည့်၏။

""အင်း..နည်းနည်းတော့ ကိုယ်ပူကျသွားပြီဘဲ..လာ..ဆန်ပြုတ်လေးသောက်လိုက်ဦး..မောင်ကိုယ်တိုင်ခွံ့ကျွေးမယ်...""
လွန်းတစ်ယောက်..ထူးထူးဆန်းဆန်း အမူယာတွေ ပြောင်းလဲနေသော..ခါးသက်ကို..မျက်လုံးလေးအပြူးသားနှင့်ငေးကြည့်နေမိ၏။

ဝိုးတဝါးအိမ်မက်Where stories live. Discover now