အပိုင်း🌺၃၈🌺

135 7 0
                                    

💤ဝိုးတဝါးအိမ်မက်💤
🌈အပိုင်း(၃၈)🌈BL🌈
🍀🍀🍀🍀🍀🍀🍀🍀

     ""အပေါ်ယံလေးဘဲ ရှပ်ထိသွားတာ.ပါ.အရမ်းကြီး စိုးရိမ်စရာမလိုပါဘူး..""
ဟုစကားသံလေးဆုံးသွားတော့ ကြမ်းပြင်ပေါ် ရုပ်ကြိုးပျက်ထိုင်ချလိုက်မိသည်.။ တစ်လမ်းလုံး ခါးသက်ကို ကျောပိုးပြီး ဆေးရုံထိ လွန်းခေါ်လာတုန်းကဆို ခါးသက်ဘာမှမဖြစ်ပါစေနဲ့ ဆုတောင်းလိုက်ရတာ အမော..။
      လက်မှာ ပေကျံ​နေတဲ့ ခါးသက်ရဲ့သွေးစတချို့ကို ကြည့်ရင်း လွန်းတုန်လှုပ်နေမိသည်။

""ကိုလွန်း...""
နန်းဦးနဲ အမေအေး သတင်းကြားကြားချင်း ဆေးရုံကိုအပြေးလေးရောက်လာခဲ့လေသည်.။
နန်းဦး ကြမ်းပြင်ပေါ်က လွန်းကို ဆွဲထူပေးလိုက်သည်။

""ခါးသက်ရဲ့ အခြေနေက အရမ်းကြီးစိုးရိမ်ရလား....""

""ဟင့်အင်း  သိပ်ပြီးစိုးရိမ်ရတဲ့အခြေနေထိတော့ မဟုတ်ဘူးတဲ့..""

""ဟူး. .တော်ပါသေးတယ်...ဘယ်လိုဖြစ်ကြတာလဲ..ကိုလွန်း..""

နန်းဦး၏အမေးစကားကို လွန်းပြန်ပြီးအဖြေမပေးနိိုင်ပါ..။

""ဘယ်လိုဖြစ်သွားမှန်းကို ငါလဲ တကယ်မသိလိုက်ဘူး..""

ကတုန်ကယင်နဲ့ လွန်းပြန်ပြောလိုက်သည်. ။ လွန်းတစ်ကိုယ်လုံး တဆတ်ဆတ်တုန်ယင်နေလေသည်.။ ခေါင်းထဲမှာလဲ နောက်ကျိပြီး ရှုပ်ထွေးနေလေသည်။

""နန်းဦး..သားလွန်းကို အိမ်ပြန်ခေါ်သွားလိုက်ပါ..""

""ဟင့်အင်း...အမေအေး သားအိမ်မပြန်ဘူး..သူ..သူသတိရလာတဲ့အထိ စောင့်နေချင်တယ်..""

""မဟုတ်ဘူးလေသားရဲ့..အခုသားတစ်ကိုယ်လုံး..ခါးသက်ရဲ့သွေးတွေနဲ့ ပေကျံနေတာလေ..အဲ့ဒါ အိမ်ပြန်ပြီး.ရေမိုးချိုးပြီးရင် ဆေးရုံကိုပြန်လာခဲ့ပေါ့...""

""ဟုတ်..ဟုတ်ကဲ့..အမေအေး...""

🌺🌺🌺

   ရေစီးနဲ့အတူ မျောပါသွားကြသည့် ခါးသက်၏သွေးစတွေ..။ နောက်ပြီး တစ်ထည်လုံး ခါးသက်ရဲ့သွေးတွေ စွန်းထင်းနေသည့် အင်္ကျီကို ကြည့်ရင်း လွန်း ငိုရှိုက်နေမိ၏။ စိတ်ကိုအေးအေးထားပြီး ဖြစ်ပျက်သမျှတွေ သေချာပြန်တွေးလိုက်တော့. ထိုဓားချက်က လွန်းဆီကို ဦးတည်လာတာဘဲ ဖြစ်ရမည်။ အမှန်ဆို ဆေးရုံပေါ်မှာ လှဲလျောင်းနေရမည့်သူက လွန်းဖြစ်နေရမှာသေချာသည်။ ဒါကို ကိုယ့်အသက်ကို ရင်းပြီး လွန်းကိုဘာဖြစ်လို့ သူကယ်ခဲ့ရတာလဲ။ အဲ့နေ့က သူလွန်းကို ပြောခဲ့တာတွေက တကယ့်အမှန်တရားတွေလား။။

ဝိုးတဝါးအိမ်မက်Where stories live. Discover now