အပိုင်း🌺၄၀🌺

158 5 0
                                    

💤ဝိုးတဝါးအိမ်မက်💤
🌈အပိုင်း(၄၀)🌈BL🌈
🍀🍀🍀🍀🍀🍀🍀🍀
  
      လွန်းကို အပြီးတိုင် လက်လျော့မယ်လို့ ဆုံးဖြတ်လိုက်တော့ နှလုံးသား ဆတ်ဆတ်ခါအောင် နာသည်။
သူအနေနဲ့ အချစ်ကိုဦးစားပေးဖို့အတွက်..သတ္တိမရှိဘူးဆိုတာကို ဝန်ခံပါသည်။ ဘာဘဲဖြစ်ဖြစ် သူကြောင့် လွန်းဆုံးရှုံးခဲ့တာတွေ များနေခဲ့ပြီလေ..။ နောက်ထပ် နောက်ထပ် လွန်း ကိုမနာကျင်စေချင်တော့ဘူး..။
ရင်နာနာနဲ့ဘဲ လက်လွှတ်လိုက်ပါပြီ လွန်းရယ်..။အစ်ကို မင်းကိုမချစ်လို့မဟုတ်ဘူးနော် ။ အရမ်းချစ်လို့ လက်လွှတ်ပေးလိုက်တာပါ..။ နောက်ပြီး အဘိုးကိုလဲ စိတ်မဆင်းရဲစေချင်တော့ဘူး..။ အရာအားလုံးအတွက် တောင်းလဲတောင်းပန်ပါတယ် လွန်းရယ်..။

   လည်ပင်းထဲ ပူပြီးစီးဆင်းသွားတဲ့ အရက်ပြင်းတွေနဲ့အတူ စိတ်ညစ်စရာများကို မျောချနေသော ထစ်ချုန်းမိုး..။ တစ်ခွက်ပြီးတစ်ခွက် သောက်နေပေမယ့်လဲ ရင်ထဲက ဝေဒနာတွေက နည်းနည်းလေးမှ သက်သာမသွား..။
မိသားစုအရေးနဲ့ အချစ်ရေးကြားမှာ..ဗျာများနေခဲ့ရတဲ့သူ..။
အချစ်ရေးကို ဦးစားမပေးရဲသော..သတ္တိကြောင်သောသူ..ဟူသော..အပြစ်တင်စိတ်တွေနဲ့ အရက်တွေကိုဘဲ လိမ့်သောက်နေမိ၏။

""တော်.တော်ပါတော့..ကိုထစ်ချုန်းရာ..""

ခင်ဇော် ၀င်တားလိုက်ပေမယ့် ထစ်ချုန်းက မကြားဟန်ပြုကာ ဆက်သောက်နေမြဲ။။ခင်ဇော် သက်ပြင်းကိုသာ ချနေမိတော၏။ ထစ်ချုန်း ဘာတွေဖြစ်နေမှန်း ခင်ဇော် မသိ..။
    အမှတ်မထင် ဒီဘားမှာ လာဆုံနေခြင်းသာ ဖြစ်သည်။ ထစ်ချုန်းအခုလို အရက်သောက်တတ်သည်ကို ခင်ဇော်အရင်က မမြင်ဖူးပါ။ ‌အခုတော့ အရက်တွေတစ်ခွက်ပြီး တစ်ခွက် ဆက်တိုက် မော့သောက်နေလေသည်။
    ကြာရင် ထစ်ချုန်းအတွက် မကောင်းမှန်း ခင်ဇော်သိသည်။ ထိုကြောင့်လဲ စိုးရိမ်စိတ်များနဲ့အတူ လွန်းဆီကို ဖုန်းဆက်လိုက်မိ၏။

""ဟဲလို..""

""ဟဲလို..လွန်းလား..""

""ဟုတ်ပါတယ်..ဘယ်သူလဲဗျာ့..""

""ငါ..ခင်ဇော်ပါ.""

""ဪ.ဟုတ်..ကိုခင်ဇော်ပြောလေ..""

ဝိုးတဝါးအိမ်မက်Where stories live. Discover now