အပိုင်း🌺၄၇🌺

716 13 3
                                    

💤ဝိုးတဝါးအိမ်မက်💤
🌈ဇာတ်သိမ်းပိုင်း🌈BL🌈
🍀🍀🍀🍀🍀🍀🍀🍀

""ဒီကို ဘာလာလုပ်တာလဲ..ကိုလွန်းပုံရိပ်..""

သူစိမ်းဆန်ဆန် ခက်ထန် မာကျောစွာ ထွက်ပေါ်လာသည့် ခါးသက်၏ အမေးစကားကြောင့် လွန်းဆွံ့အ..လို့သွားလေသည်။

""ခါးသက်..""

""ပြောစရာစကားမရှိဘူးဆိုရင်..ထွက်သွားပါတော့ ကိုလွန်းပုံရိပ်..ခင်ဗျားနဲ့ကျွန်တော်ကြားမှာ ထပ်ပြီး ပတ်သက်စရာ ဘာအကြောင်းမှမရှိတော့ဘူး..""

*""သေချာသွားပြီလား..တကယ်ဘဲ..မင်းနဲ့ငါ့ကြားမှာ ပတ်သက်မှုလေးတစ်ခုတောင် မရှိတော့ဘူးပေါ့။ ""

""ကိုလွန်းပုံရိပ်ကို ကျွန်တော် လွတ်လပ်ခွင့်ပေးလိုက်ပြီဘဲ .ကျွန်တော်ဝေးရာကို ထွက်သွားပါတော့.""

""ကောင်းပြီလေ..မင်းက ငါ့ကို လွတ်လပ်ခွင့်ပေးလိုက်ပြီဆိုတော့ ငါစိတ်ကြိုက် နေပိုင်ခွင့်ရှိသွားပြီပေါ့..အဲ့တော့..ငါဒီမှာ ပြောင်းလာပြီး..မင်းရဲ့အနားမှာနေမယ်.ဒါက ငါ့ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ဘဲ ခါးသက်..""

ဟု လွန်း အေးဆေးတည်ငြိမ်စွာ‌ဆိုလိုက်သည်။ ထိုနောက် ခါးသက်ဘေးနား တိုးကပ်သွားကာ..

""အရင်ဦးဆုံး..မင်းရဲ့ မုတ်ဆိတ်မွေးတွေ ပါးသိုင်းမွေးကို ငါရိတ်ပေးမယ်..""

""ပြောနေတာမကြားဘူးလား..ထွက်သွားလို့..ထွက်သွား..ခင်‌ဗျားဆီက..သနားတာတွေဘာတွေ..မလိုချင်ဘူး..အရှင်းဆုံးပြောလိုက်မယ် ကိုလွန်းပုံရိပ် ခင်ဗျားကို ကျွန်တော် လုံး၀မလိုအပ်ဘူး..ထွက်သွား..သွား...""

ခါးသက် လွန်းကိုယ်လေးကို တွန်းထုတ်ရင်း ဆိုသည်။ လွန်း မျက်၀န်းအိမ်ထဲ မျက်ရည်များပြည့်လျှံလာကာ ပါးပြင်ပေါ် အတားဆီးမရှိ စီးကျလို့လာခဲ့သည်။

      ပါးပြင်ပေါ်က မျက်ရည်စတွေကို သုတ်ပြီး..

""ထွက်သွားရအောင်..ငါကဘယ်ကိုထွက်သွားရမှာလဲ..ငါက မင်းရဲ့ တရား၀င်ဇနီးမယားတစ်ယောက်အနေနဲ့ .မင်းရဲ့ဘေးနားမှာ ငါရှိနေပိုင်ခွင့်ရှိတယ် ..ခါးသက်..မင်းသဘောကျသည်ဖြစ်စေ မကျသည်ဖြစ်စေ..ငါကတော့ မင်းရဲ့ဘေးနား မှာဘဲ..နေမှာဘဲ..""

You've reached the end of published parts.

⏰ Last updated: Jun 25, 2021 ⏰

Add this story to your Library to get notified about new parts!

ဝိုးတဝါးအိမ်မက်Where stories live. Discover now