part 13(z+u)

2.3K 297 9
                                    

ဒီနေ့မနက်ခင်းသည် အရင်ကနှင့် မတူဘဲ တမူထူးခြားနေသည့် ခံစားချက်မျိုးကို သော်စစ်ခံစားနေရသည်။ အိပ်ယာနိုးနိုးချင်းပင် အတွေးထဲဝင်လာသည်က မနေ့ညကအကြောင်းပင်။ သူယခုချစ်သူရှိနေပြီ။အချစ်ဦးက အချစ်ဆုံးထပ်ဖြစ်လာပြန်ပြီ။ ထိုခံစားချက်လေးသည် စမ်းရေလေးတွေ တသွင်သွင်စီးဆင်းနေသလို ၊ ကျေးငှက်လေးတွေတေးဆိုနေသလို၊ အမြင့်တစ်နေရာမှပြုတ်ကျသလို အေးအေးငြိမ့်ငြိမ့်နှင့် လှိုက်ဖိုသည့် ခံစားချက်မျိုးဖြစ်သည်။  ထပ်လောင်းပေါင်းထည့်ရရင် ကြည်နူးမှုဆိုသည့်သရလေးလည်းပါနေသေးသည်။

အိပ်ယာမှလူးလှိမ့်ထကာ ဗီဒိုရှိမှန်အားအမှတ်တမဲ့ကြည့်လိုက်မိတော့ သူ၏ မျက်လုံးတွေက ညကငိုထားတာကြောင့် မို့အစ်နေပြီး သူ့နှုတ်ခမ်းတွေက အလိုလိုပြုံး၍နေသည်။တကယ်ပဲ အကြောင်းပြချက်ရေရေရာရာမရှိပါပဲ ချစ်ရသူအကြောင်းတွေးလိုက်မိရုံနဲ့တင် သူပြုံးနေသည်။အချစ်နွံထဲက မိမိပုံစံကို မှန်ထဲမှာ ပြန်မြင်လိုက်ရတော့ အနည်းငယ်ပင် ကိုယ့်ကိုယ်ကိုယ် ရှက်မိပါရဲ့။ ထို့ကြောင့် အကြည့်လွှဲကာပဲ မျက်နှာသစ်သန့်စင်ရန် အောက်ထပ်ရှိ ရေစည်သို့ ဆင်းလာလိုက်သည်။

အောက်ထပ်ရောက်တော့ မီးဖိုခန်းထဲ၌ တကုတ်ကုတ်ဖြင့် ချက်ပြုတ်နေသော ကျယ်ပြန့်သည့် ကျောပြင်ကို သူမြင်လိုက်ရ၏။ သော်စစ်၏ မျက်စိရှေ့က ကျောပြင်ကျယ်က ဟို၊သည် ရွေ့လျားလျက် သီချင်းခပ်တိုးတိုးလည်းညည်း၍ အလုပ်ရှုပ်နေပုံရသည်။ထို့ကြောင့် ခြေလှမ်းခပ်ဖွဖွ နင်းကာ ထိုကျောပြင်နားသို့ တိုးကပ်သွား၍ ထိုသူ၏ ခါးကို တင်းကျပ်စွာဖက်လိုက်၏။

" morning "

သော်စစ်၏ အသံက အိပ်ချင်မပြေသေးသည့်ဟန်နှင့် ခပ်အက်အက်လေးရယ်ပါ။ ဒီဇင်ဘာသည် သူ့ကျောပြင်၌အနွေးဓာတ်လေးတစ်ခုက  ပွတ်သပ်နေသည်ကို ခံစားရသည် ။ သူကမိမိခါးပေါ်ရှိ ဝင်းဝါသော လက်ချောင်း သွယ်သွယ်တို့ကို ငုံ့ကြည့်ကာ နှုတ်ခမ်းထောင့်လေးနှစ်ခု တွန့်တက်သွားအောင်ပြုံးလိုက်မိ၏။


" morning ဘေဘေး "

နားကပ်ထားသည့် ကျောပြင်မှတစ်ဆင့်ထွက်လာသော နူးနူးညံ့ညံ့အသံသြသြနှင့် သစ်ဆန်းသော နာမ်စားကြောင့် သော်စစ်သည် ချစ်သူ၏ ကျောပြင်ကို ခေါင်းမှီထားရမှ ခွာ၍ မေးလိုက်သည်။

အချစ်ဦး (အခ်စ္ဦး) (Completed )Where stories live. Discover now