Chapter - 121

6.9K 1.2K 142
                                    


Unicode
~~~~~~~~

အခြေအနေတွေက ရှုတ်ထွေးသွားကာ အားလုံးရဲ့အာရုံစိုက်မှုကိုရရှိသွားသည့်အပြင် အခွင့်အရေးစောင့်မျှော်နေကြသူတွေက သူတို့ရဲ့ ထောင်ခြောက်ကို စတင်ဖန်းတီးကြလေတော့တယ် … ဘယ်ကမှန်းမသိတဲ့ မေးမြန်းသူတွေ ထပ်မံ ရောက်လာကြပြီး မေးခွန်းများ အဆက်မပြတ်မေးမြန်လာတော့တယ် …

" သူက Mr.ပတ်ဒိုမင်းနဲ့ ဘယ်လိုများ ပတ်သပ်နေတာလဲ "

" ဒါက လျှို့ဝှက်ထားတဲ့ ပိုင်သခင်လေးများလား "

" ပိုင်သခင်လေး "

ရည်ရွယ်ချက်ရှိရှိ မင်းယွီရဲ့ ဖုံးကွယ်ထားတဲ့မျိုးရိုးကိုဖော်ကာ မေ့လျော့နေတဲ့ ရှန်ဟွှာရဲ့အမှုကို ထပ်တိုးအောင်လုပ်လိုက်ခြင်းပင် … ရှန်ဖန်းဂူကို ဒုက္ခရောက်မည်ဆိုး၍ ကာကွယ်ပေဖို့ လိုက်လာခဲ့တဲ့ မင်းယွီက ဖန်းဂူဒုက္ခရောက်အောင် လုပ်မိသွားခဲ့ပြီ … ထိုစဉ် အားလုံးက  မင်းယွီအပေါ် အာရုံစိုက်လာကြတယ် …

" ဒါဆို ပိုင်မိသားစုရဲ့အမှုလိုက်နေတဲ့အချိန် ပိုင်သခင်လေးက ဘာကြောင့် ရှန်ဟွှာကိုရောက်နေတာလဲ "

" အမှုဖော်မရအောင် ဓားစာခံခေါ်ထားတာများလား "

" ရှန်ဟွှာက တကယ်ပဲ အမှုတွေ ကျူးလွန်ခဲ့တာလား "

အားလုံးက ရှန်ဟွှာဟာ ပိုင်မိသားစုကိုချုပ်ကိုင်ဖို့ ပိုင်သခင်လေးကို သိမ်ပိုက်ထားတယ်ဟုထင်ကြေးပေးလာကြတယ် … မိသားစုတွေထောက်ခံထားတဲ့ တရားဝင်လက်ထပ်စားချုပ်မရှိခြင်းက ရှန်ဖန်းဂူကို ဖြေရှန်းရန်အခွင့်မရစေခဲ့ဘူး … မင်းယွီက ဖခင်လက်ကနေရုန်းထွက်ကာ ဖန်ဂူထံပြန်သွားပြီး ဖန်းဂူလက်မောင်းအား တင်းနေအောင်ဆုတ်ကိုင်လိုက်ပြီးနောက် သူက မေးမြန်းနေတဲ့လူတွေအားကြည့်ကာ သတ္တိရှိရှိဖြေဆိုလိုက်တယ် …

" ကျွန်တော်ကိုယ်တိုင် လက်ခံခဲ့တာ … ကျွန်တော်တို့ ၂ ဦးသဘောတူ မိတ်ဖတ်ခဲ့တာ "

" ဒါဆို ဘာကြောင့် တရာဝင်စာချုပ်မရှိနေတာလဲ … ပိုင်မျိုးရိုးကို ဘာကြောင့် ဖုံးကွယ်ထားခဲ့တာလဲ … ပွင့်ပွင့်လင်းလင်ပဲပြောပါ … ရှန်ဟွှာက ချိန်ခြောက်ထားတယ်ဆိုရင်တောင် ဒီနေရာမှာ ကြောက်ဖို့မလိုပါဘူး … အားလုံးက ကာကွယ်ပေးမှာပါ "

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now