(Updateခဏခဏ လာမတောင်းပါိဲနဲ့ တပတ်တစ်ပိုင်းပဲ ပုံမှန်သွားမှာပါ)
Zawgyi
လော့ရှန်ဟွာ ထူးဆန်းသည့်အိပ်မက်ကို မက်နေခဲ့သည်၊အိပ်မက်ထဲမှာ သစ်အယ်ပင်အောက်မှာ ယောကျာ်းတစ်ဦးဟာ မှီထားရင်း အလှမ်းဝေးမှာ ရပ်နေသည့် တယောထိုးနေသည့် ၁၂နှစ်အရွယ်ကောင်လေးကို စိုက်ကြည့်နေတော့သည်၊ ထိုယောကျာ်းဟာ တီရှပ်အင်္ကျီဖြူနဲ့ ဂျင်းဘောင်းဘီကို ရိုးရှင်းစွာ ဝတ်ဆင်ထားပေမယ့် သူရဲ့ပုံဟာ ထင်းနေကာ အလွန်ကြည့်ကောင်းလွန်းလှသည်၊ထိုနောက် ထိုယောကျာ်းဟာ ခန္ဓာကိုယ်ကို ပြန်မတ်လိုက်ပြီး တယောထိုးရပ်သွားကာ သူ့ကို ပြုံးကြည့်လာသည့်ကောင်လေးနားကို သွားကာ
"ရှန်းဟွာ"
"ခေါင်းကိုင်အဖေ ကျွန်တော် တိုးတက်လာတယ်မလား" ယုံကြည်ချက်အပြည့်နဲ့ ပြုံးကာ ပြောလာသည့်လူငယ်လေးဟာ ဒီလှပသည့် ပန်းခင်းကြီးထက်ပင် ပိုလှပသေးသည်၊ခေါင်းကိုင်အဖေဆိုသည့်လူဟာ ရှန်းဟွာဆိုသည့်ကောင်လေးရဲ့ ခေါင်းကို ဖွဖွလေး ပုတ်လိုက်ပြီး
"သွားရအောင် မင်းမိဘတွေက မင်းကို Systemစနစ်ဂေဟာကို လိုက်ပြမယ်ပြောထားတယ်မလား" လို့ ပြောလိုက်တော့ ရှန်းဟွာဆိုသည့်ကောင်လေးဟာ ခေါင်းလေးတညိတ်ညိတ်ဖြင့် ပါသွားတော့သည်၊
ထိုနောက် အမြင်တွေမှုန်ဝါးပြီးနောက်မှာ အနက်ရောင်မြင်ကွင်းတွေကို မြင်တွေ့ရပြန်သည်၊ထိုရှန်းဟွာဆိုသည့် ကောင်လေးဘေးတွင် ခြောက်နှစ်အရွယ်ကလေးလေးတစ်ယောက်ဟာ လှဲကျနေသည်၊ရှန်းဟွာကလည်း အော်ဟစ်ငိုကြွေးနေတော့သည်၊သူဟာ သူ့ခေါင်းကိုင်အဖေကိုသာ အော်ဟစ်ခေါ်ဆိုနေပေမယ့် တစ်ယောက်မှ ရောက်မလာပေ၊ဒီမှောင်မဲကာ တိတ်ဆိတ်နေသည့်အခန်းဟာ သူတို့ကို အကြောက်တရားများပေးနေပြီး သူဟာ လှဲကျနေသည့်ကလေးလေးကို ပွေ့ဖက်ထားကာ သူတစ်ယောက်ထဲမဟုတ်ကြောင်း သူ့ကိုယ်သူ ဖြေသိမ့်နေတော့သည်၊
ထိုနောက် အနီရောင်မြင်ကွင်းတွေဆီကို ရောက်လာပြန်တော့သည်၊ ၁၆နဎစ်အရွယ်လူငယ်လေးဟာ သတို့သားဝတ်စုံနီကို ဝတ်ဆင်ထားပေမယ့် သူ့မျက်နှာဟာ လူသေတစ်ရုပ်လို အသက်မပါသည့်မျက်ဝန်းများဖြင့် အခြားသူများ ပြင်ဆင်ပေးနေသည်ကို ငြိမ်ခံနေတော့သည်၊ငယ်ရုပ်မပျောက်သည့် ထိုလူငယ်လေးဟာ ရှန်းဟွာဆိုသည့်ကောင်လေးဖြစ်သည်၊

YOU ARE READING
Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလား(Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလား)
RomanceZawgyi/Unicode Started date: 25.oct.2020 End date: ???????? လော့ကျန်းပေ့ x လော့ရှန်ဟွာ