Chapter - 122

7.9K 1.3K 208
                                    

Unicode
~~~~~~~~

" ရှန်ဖန်းဂူ မင်းခုချက်ချင်းထွက်လာခဲ့ … အထဲမှာရှိတယ်ဆိုတာ သိတယ် "

အင်အားအလုံးအရင်းနဲ့ ဖမ်းချုပ်ဖို့ရောက်လာတဲ့လူတွေကို ဖန်းဂူရဲ့လူတွေက စတင်တိုက်ခိုက်လေတော့တယ် … ခြင်္သေ့ကိုတော်လှန်ဖို့က ခုချိန်မှာ အလင်းရောအမှောင်ပါ အားတက်တရောဖြစ်နေကြပြီး ယခင်ရှန်ဟွှာကိုထောက်ခံသူပင် ကြက်ပျောက်ငှက်ပျောက် ပျောက်ကာ ရှန်ဟွှာဘက်ကရပ်တည်ပေးမဲ့သူဟူ၍ တစ်ဦးတစ်လေမျှ ရှိမနေခဲ့ပေ … အခွင့်ကိုခြောင်းနေတဲ့ အမှောင်က အုပ်စုတွေဟာလဲ ရှန်ဟွှာကို အချိန်ပြည့် ရန်ရှာဖို့ ပြင်ဆင်နေကြပြီ … အဓိကက ရှန်ဖန်းဂူကို တိုက်ထုတ်ချင်နေကြခြင်းပင် … ထိုစဉ် ချူးရှန့် အလောတကြီးဝင်လာပြီး …

" သခင်လေး … ဒီမှာဆက်နေလို့မရတော့ဘူး … သူတို့သခင်လေးကို အလွတ်ပေးမှာမဟုတ်ဘူး "

ဖန်းဂူက Lion ရဲ့ဝတ်ရုံကို ဆင်မြန်းထားတာ မြင်ရတော့ ဖန်းဂူရွေးချယ်လိုက်တဲ့လမ်းကို ချူးရှန့် ချက်ချင်းသဘောပေါက်လိုက်တယ် … အလင်းမှာ မလုံခြုံတော့ဘူးဆိုတာ သိနေ၍ ဖန်းဂူထွက်သွားဖို့အတွက် ချူးရှန့်နဲ့ မင်းယွီအား ပြင်ဆင်စေခိုင်းလိုက်တယ် … ဖခင်သွေးအပြည့်ပါလာတဲ့ လုယီလေးက တိုက်ခိုက်နေတာတွေကိုမြင်တော့ မကြောက်လန့်တဲ့အပြင် ပျော်မြူးနေလေတယ် …

ချူးရှန့်နဲ့မင်းယွီ လိုအပ်တဲ့ပစ္စည်းတွေ ထုပ်ပိုးနေစဉ် လုယီလေးက ပြတင်းပေါက်ကနေ အိမ်ရှေ့က တိုက်ပွဲအားကြည့်နေပြီး ဖန်းဂူအား လှည့်ကြည့်ကာ ပြောလိုက်တယ် …

" ဒယ်ဒီ လူဆိုးတွေများကြီးပဲ … သွားဖမ်းရအောင် "

" ခု သူ့တို့ဘာသာ ကစားပါစေဦး … ဒယ်ဒီတို့ပြီးမှဝင်ပါကြမယ် "

လုယီလေးက ခေါင်းငြိမ့်လိုက်ပြီးနောက် သူ့ပါပါး ပစ္စည်းတွေထည့်နေတာကိုမြင်သွားပြီး ထပ်မံမေးမြန်းလိုက်တယ် …

" ပါပါး … Yiyi ထို့ဘယ်သွားကြမှာလဲ "

မင်းယွီက လုယီလေးကိုကြည့်ကာ ပြုံးလျှက် ပြန်ဖြေလိုက်တယ် …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now