💔4💔(Part1)

40.6K 3.7K 505
                                    

အိမ်ရှေ့စံမင်းသားလေးမှာတော်ဝင်မျိုးနွယ်
အပေါင်းအပါတွေအများကြီးရှိခဲ့သည်။
အမတ်တွေ..ဝန်ကြီးတွေ...ဘုရင့်ဆွေတော်မျိုးတော်
တွေဆီမှပေါက်ဖွားလာသော ဆက်ခံသူတွေ
သည် အိမ်ရှေ့စံနားတွင် ဝန်းရံကာအတူတူကြီးပြင်း
ခဲ့ကြသည်။

၁၆နှစ်အရွယ်ထဲကတောကစားထွက်လည်းအုပ်စုလိုက်
မြင်းကိုယ်စီဖြင့်မြှားကိုင်ကျွမ်းကျင်လွန်းသော
မင်းသားလေးသည် တကယ်အဖက်ဖက်ကပြည့်စုံ
ခဲ့တဲ့သူ။သာယာသောဆောင်းဦးနေ့ရက်လေးတွေ
မှာတော့မင်းသားလေးက သွေးထွက်သံယိုတွေ
မလုပ်ဘဲ....သီးသန့် စာပေလေ့လာရေးနန်းဆောင်
တွင်အပေါင်းအပါးတချို့ဖြင့်စာပေသင်ကြားရေး
ဘက်ကိုလှည့်တတ်သည်။

ကြာပန်းရောင်စုံတွေပွင့်နေတဲ့ရေကန်လေး
ဘေးနားကနန်းဆောင်လှလှလေးထဲတွင်
စားပွဲတစ်ခုဖြင့်မင်းသားကစာလေ့လာသည်။

တခြားသူတွေကတော့စာပေဘက်သိပ်စိတ်မဝင်
စားတာကြောင့်နန်းဆောင်အနီးတဝိုက်
ဓားသိုင်းကျင့်သူကကျင့် မြှားပစ်သင်သူကသင်
စိတ်ဝင်စားရာအားသန်ရာကိုလုပ်နေကြသည်။
နန်းတွင်းအမှုထမ်းဆယ်ချီ စောင့်ကျပ်ကာ
အခစားဝင်နေရသော အိမ်ရှေ့စံလေးရဲ့
အားလပ်ရက်တချို့လေးတွေပေါ့.....။

"လက်ရေးတွေကပိုလှတာပဲ Jeonငယ်လေး...."

အပေါင်းအပါတွေထဲ ပညာရေးအမတ်ကြီး၏
သားအထွေးဆုံးလေးကအငယ်ဆုံး...။

အကိုတော်တွေနဲ့ရွယ်တူမို့ အကိုတော်တွေ
မင်းသားကိုခစားဖို့လာရင်အထွေးဆုံးလေးက
ပါပါလာကာ နောက်ဆုံးတွင် အိမ်ရှေ့စံရဲ့
တော်ဝင်မျိုးနွယ်သူငယ်ချင်းတွေထဲမင်းသားထက်
အသက်သုံးနှစ်လောက်ငယ်ရွယ်သူ ၁၃နှစ်သားလေး
ပါလာခဲ့သည်။
တခြားသူတွေနဲ့မတူ..ငြိမ်ငြိမ်လေးနေတတ်ကာ
အဖေခြေရာနင်းမဲ့သူမို့ စာပေသိပ်လိုက်စားသည်။
သူ့ကိုသိပ်ကြောက်ကာ အသိမ်မွေ့ဆုံးခစားတတ်
သူကလေးလေး....။

လူတွေရဲ့သဘောက ကြောက်တယ်ဆို
ပိုဖြဲခြောက်ချင်တာမို့ခြောက်တိုင်းJeonရဲ့
ကြောက်ကြောက်သွားတတ်ခြင်းသည်မင်းသားရဲ့
စိတ်ချမ်းသာမှုတွေကိုဆုံတွေ့တိုင်ပေးနိုင်ပါသည်။

မောင်Where stories live. Discover now