Chapter(281) - တစ်ခြားတောင်ထွတ်

3.6K 881 68
                                    

Unicode

အခန်း(၂၈၁) - တစ်ခြားတောင်ထွတ်

မဟာအကြီးအကဲဟွိုင်ယွီကပျော်ရွှင်မြူးတူးစွာဖြင့်ယန်ထျန်းဟန်ကိုဝိညာဉ်စိုက်ခင်းထဲလှည့်လည်ရန်ခေါ်သွားပြီးဘယ်အပိုင်းကတော့နေ့တိုင်းရေလောင်းပေးဖို့လိုအပ်တယ်၊ဘယ်အပိုင်းကတော့မလိုအပ်ဘူး၊ဘယ်နေရာကိုတော့ပေါင်းပင်တွေနှုတ်ရမယ့်စသင်ဖြင့်လိုက်ပြပေးလေသည်။

ယန်ထျန်းဟန်ကလျင်မြန်စွာပင်အကုန်လုံးကိုမှတ်မိသွားသည်။တကယ်တော့လည်းအခုချိန်ကစပြီးဒါကသူ့အလုပ်ပဲလေ။

တစ်မနက်ခင်းလုံးလမ်းလျှောက်ပြီးတာတောင်သူတို့ဝိညာဉ်စိုက်ခင်းရဲ့ဆယ့်ပုံပုံရင်တစ်ပုံသာအနည်းဆုံးဖြတ်ကျော်နိုင်သေးသည်။နေကိုမျှော်ကြည့်လိုက်ပြီးနောက်ဟွိုင်ယွီကလက်ခုပ်တီးလိုက်သည်။

"ငါဗိုက်ဆာပြီ,မင်းစားဖို့နည်းလမ်းရှာသင့်တယ်"

ယန်ထျန်းဟန်သည်အစပိုင်းကတော့အာရုံစိုက်နားထောင်နေခြင်းဖြစ်သော်လည်းခေါင်းစဉ်ကရုတ်တရက်ပြောင်းလဲသွားတာကြောင့်သူချက်ချင်းမတုန့်ပြန်နိုင်ဘူးဖြစ်သွားသည်။

"အန်?" ယန်ထျန်းဟန်ကရူးကြောင်ကြောင်လေးတုန့်ပြန်သည်။

"အန်ဘာကို'အန်'လဲ?မင်းဆရာဗိုက်ဆာနေပြီ"

မဟာအကြီးအကဲဟွိုင်ယွီကသူ့ကိုစတင်ပြီးအမိန့်ပေးတော့သည်။

"သွားပြီးဒီဆရာအတွက်ထမင်းသွားချက်ချေ....မနေ့ကနဲ့ဒီတစ်မနက်ခင်းလုံးဆရာကမင်းကိုအနားယူဖို့ရက်ရက်ရောရောခွင့်ပြုပြီးသွားပြီ..ဒါပေမဲ့ဒီအချိန်စပြီးမင်းငါ့ကိုလိမ်လိမ်မာမာနဲ့ထမင်းချက်ပေးရတော့မယ်,မြန်မြန်လုပ်လေ"

ယန်ထျန်းဟန်သည်သူမကြာခင်အဆင့်မြင့်အစေခံဖြစ်လာတော့မယ့်အရေးကိုတိတ်တဆိတ်ပင်လက်ခံလိုက်ရတော့သည်။ဘယ်လိုပဲဖြစ်ဖြစ်သူမနေ့ညကဒါကိုတွက်ဆပြီးသွားပြီ။မဟာအကြီးအကဲဟွိုင်ယွီကိုသူ့အကိုကြီးလို့သဘောထားလိုက်မယ်,ဒါဆိုသိပ်ခက်ခဲမှာမဟုတ်တော့ဘူး

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now