Chapter-24 (ကျန်းလင်းရှ)

18.2K 1.9K 61
                                    

Zawgyi

လီအိမ်တော်မှာ ဘာတွေဖြစ်ပျက်နေမှန်း လော့ရှန်ဟွာမသိသလို၊ဒုတိယအိမ်တော်ဟာ ပထမအိမ်တော်ရဲ့ဖိနှိပ်မှုကို အလုံးအရင်းခံနေရသည်ကိုလည်း သူမသိပေ၊နောက်တစ်ချက်ဟာ ဟန်ပိုင်ဆိုသည့် လီရှန်းဟွာရဲ့ချစ်သူဟောင်းဟာလည်း လီမိန့်မိန့်ကို စွန့်ပစ်သွားပြီး သူ့ကိုယ်ပိုင်ကုမ္ပဏီပင် တည်ထောင်ထားသေးသည်၊ဟန်ပိုင် ကိုယ်လွတ်ရုန်းပြေးသွားသည့်အပေါ် လီမိန့်မိန့်မှာ ဒေါသသေမတက်ထွက်ကာ သွားရောက်သောင်းကျန်းသော်လည်း လုံခြုံရေးခေါ်ကာ မောင်းထုတ်ခံလိုက်ရတော့သည်၊

ဘာမှမသိသေးသည့် လော့ရှန်ဟွာဟာ ကျောင်းကို ပုံမှန်ဆက်တက်နေခဲ့သည်၊သူ့ကျောင်းသုံးရက်လောက်ပျက်တဲ့ကိစ္စကို ထန်းဟော်ရှမေးတုန်းက နေမကောင်းလို့ မတက်ကြောင်း ဆင်ခြင်ပေးလိုက်သည်၊ဟန်စုမင်ကတော့ အရင်တိုင်း သူ့ကိုသူငယ်ချင်းကောင်းလို ဆက်ဆံနေဆဲပင် သူက ထန်းဟော်ရှကိုပါ ရင်းနှီးရန်ကြိုးစားနေတော့သည်၊ထန်းဟော်ရှကတော့ ဟန်စုမင်ကို ဖာသိဖာသာပင်၊

"ဟေး နင်တို့ သတင်းသိကြပြီးပြီလား " ကျောင်းသူတစ်ဦးဟာ ဟန်စုမင်နားမှာ ထိုင်နေရင်း ထပြောလာတာကြောင့် အကုန်လုံးရဲ့အာရုံဟာ သူမဆီရောက်လာတော့ ဟန်စုမင်ကတော့ ရှက်ပြုံးတချက်ပြုံးရင်း

"အန်းနာ ဒါအသေးအမွှားကိစ္စလေးကို..." လို့ ပြောနေပေမယ့် သူမျက်ဝန်းများကတော့ ဂုဏ်ယူကာ ပျော်ရွှင်နေဟန်ပေါက်သည်ကို ထိန်းသိမ်းမထားနိုင်ချေ၊အကုန်လုံးကလည်း စိတ်ဝင်စားနေပြီး လော့ရှန်းဟွာကလည်း သူ့ဘက်ကို ကြည့်နေတာကြောင့် ဟန်စုမင်ဟာ သူ့ကိုယ်တိုင်ပင် ထိုကိစ္စကိုအရမ်းကို ပြောပြနေပေမယ့် သူဟာသည်းခံလိုက်သည်၊ဘာပဲဖြစ်ဖြစ်သူအစား​ပြော​ပေးမဲ့သူ​ရှိတာပဲ​လေ၊

"ဘာဖြစ်တာလဲ အန်းနာ နဲ့ စုမင်??" အကုန်လုံး လူငယ်များပီပီ စပ်စုချင်စိတ်ဟာ အရမ်းကိုပြင်းထန်လှသည်၊ဒါကြောင့် သူတို့မျက်ဝန်းများဟာ သိချင်စိတ်များဖြင့် ပြည့်သိပ်နေကြပြီး အန်းနာပြောလာမည့်စကားကို နားစွင့်နေကြတော့သည်၊

"ဟန်စုမင်ရဲ့အစ်ကို သိတယ်မလား"

"ပထမသခင်လေးလား? ဘာဖြစ်လို့လဲ?" လို့ ဟန်စုမင်ရဲ့အစ်ကိုအကြောင်းကို သိသည့်ပုံရသည့်ကျောင်းသားတစ်ယောက်ဟာ ဝင်ရောက်မေးမြန်းတော့သည်၊

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလားWhere stories live. Discover now