💫 Unicode version 💫
တစ်ခန်းလုံးလဲ ခြေချစရာမရှိအောင်ရှုပ်ပွနေခဲ့သည်။ အရက်ပုလင်းခွံတွေဆိုတာ ပြန်ရောင်းစားရင် မုန့်စားဖို့ ပိုက်ဆံရလောက်တယ် (😁 ငတ်သေးတာ)
ပုလင်းကွဲတွေလဲ မွစာကြဲကာ တက်နင်းမိမှာတောင်စိုးရတယ်.....ပြတင်းပေါက်တွေမဖွင့်ထားတော့ အခန်းထဲမှောင်မဲနေကာ အနံ့မှာလဲ ချဥ်စော်နဲ့ အောက်သိုးသိုး အနံ့ကြောင့် ရင်ထဲမှာ ပျို့တက်လာသည်။
နံရံပေါ်ကခလုတ်ကိုစမ်းကာဖွင့်လိုက်တော့မှ အခန်းထဲလင်းသွားတော့သည်။
" အောင်မလေး မြတ်စွာဘုရား ကိုနဲ့ငါနဲ့ညား "
ခွန်းရဲ့အလန့်တကြား ထအော်သံကြောင့် အာကာပင်လန့်သွားကာ..
" ဘာဖြစ်တာလဲ ခွန်းရာ...လန့်သွားတာပဲ "
" ဟို.....ဟိုမှာကြည့်အုံး "
ခွန်းထိုးပြတဲ့နေရာကို လှမ်းကြည့်လိုက်တယ်ဆို အာကာပင် မျက်လုံးပြူးသွားရသည်။
ပြီးတာနဲ့စဥ်းစားမနေပဲ အနားကိုပြေးသွားကာ
"ရှင်းသန့်....ရှင်းသန့် ငါတို့ခေါ်နေတာကြာလား "
ပြောလိုက်တယ်ဆို ပြူးကြောင်ကြောင်မော့ကြည့်ကာ
" ဘယ်သူလဲ ကိုကိုလား ကိုကို....ကျတော်... ကျတော် တောင်းပန်ပါတယ် ခွင့်လွတ်ပါနော် ကျတော်ကိုကို ကိုယုံကြည်ပါတယ် ပြန်လာပါနော်...ဟင့်...ဟင့် ကျတော့နားကထွက်မသွားပါနဲ့ "
ပြောကာ အာကာလက်ကိုဆွဲပြီး ငိုလေသည်။ ခွန်းနဲ့အာကာမှာ မိမိသူငယ်ချင်းအဖြစ်ကိုကြည့်ကာ စိတ်ထဲမကောင်းပေ...
ညဘက်တွေမအိပ်တဲ့ဒဏ်ကြောင့် မျက်တွင်းတွေ ကျကာ လူမှာလဲသိသိသာသာပိန်ကျသွားသည်။ အစားစားမစားဘဲ အရက်တွေသာသောက်သဖြင့် တစ်ကိုယ်လုံး ချဥ်စော်နံနေသည်။
ဆံပင်တွေလဲရှည်နေပြီး မျက်နှာမှာပုံမှန်သန့်ရှင်းရေးမလုပ်သဖြင့်... မုတ်ဆိတ် ကျင်စွယ်တွေပင်ပေါက်နေသည်။
ခြေထောက်တွေမှာလဲ ပုလင်းကွဲတွေတက်နင်းထားတာကြောင့် ဒဏ်ရာပလပွနဲ့ သွေးတွေပင် စိုနေသေးသည်။