Chapter -25(ငါ့ကို သူငယ်ချင်းလို့ကော သတ်မှတ်ခဲ့ရဲ့လား)

16.5K 1.8K 36
                                    

Zawgyi

ထမင်းစားချိန်ကိုရောက်တော့ ထန်းဟော်ရှဟာ လော့ရှန်ဟွာအတွက် အသားညှပ်ပေါင်မုန့်သွားယူပြီး ပြန်လာတော့သည်၊သူ့ပုံစံဟာ အနည်းငယ်မူပျက်နေကာ နူတ်ခမ်းထောင့်ဟာ ကွဲကာ သွေးစို့နေပြီး အဝတ်အစားများဟာလည်း အနည်းငယ်ပုံပန်းပျက်နေတော့သည်၊ဒါပေမယ့် ဘာမှမဖြစ်သည့် ပုံစံဖြင့် လော့ရှန်ဟွာခုံ​ပေါ်ကို ပေါင်မုန့်နဲ့နို့အေး ချပေးလိုက်ပြီး သူလည်းရှေ့ခုံမှာ ဝင်ထိုင်ကာ စာရေးစားပွဲပေါ် မှောက်အိပ်လိုက်သည်၊

လော့ရှန်ဟွာကတော့ ထန်းဟော်ရှရဲ့အပြုအမူကို ကြည့်ရင်း ထူးဆန်းသွားတာကြောင့် မတ်တပ်ထရပ်ရင်း မေးရန် ကြည့်လိုက်ချိန်မှာ ထန်းဟော်ရှရဲ့ဂုတ်နားမှာ အနီရောင်အမှတ်သားအချို့ကို တွေ့လိုက်ရတော့သည်၊လော့ရှန်ဟွာလည်း မျက်မှောင်ကြုတ်သွားပြီး...

'ဟော်ရှ... ဘယ်ချူံတိုးခဲ့တာလဲမသိဘူး? လည်ပင်းထိတောင် ခြင်ကိုက်ခံထားရတာပဲ' လို့စိတ်ထဲကနေ ပြောနေမိသည်

[Moon: တော်တော်ကြီးတဲ့ချူံပဲ နေမယ်]လို့ ပြောလိုက်တော့ လော့ရှန်ဟွာလည်း ခေါင်းတညိတ်ညိတ်ဖြင့် လက်ခံနေတော့သည်၊ထိုနောက် ထန်းဟော်ရှကို မနှောင့်ယှက်တော့ဘဲ ပြန်ထိုင်လိုက်ပြီး ခုနကသတင်းအချက်အလက်တွေကို ဆက်လက်ဖတ်ရှုနေတော့သည်၊

သူမထင်မှတ်ထားသည့်အရာတွေဖြစ်ခဲ့သွားသည်မလား၊ဟန်ပိုင်က လီမိန့်မိန့်ကို စွန့်ခွာသွားပြီး ကိုယ်ပိုင်လုပ်ငန်းတွေတောင် တည်ထောင်လိုက်သေးသည်၊ထိုနှစ်​ယောက်ကို အရမ်းချစ်ကြသည်ဟု လော့ရှန်ဟွာထင်ထားခဲ့သော်လည်း အခုတော့ လီမိန့်မိန့်က ဟန်ပိုင်ရဲ့တက်လမ်းအတွက် ကျောက်ခဲသာသာပေ၊အံ့သြစရာအကောင်းဆုံးက ဟန်စုမင်က ဟန်ပိုင်ရဲ့ညီတဲ့လား၊လောကကြီးက တကယ်ကျဉ်းမြောင်းတာပဲ၊သူဟာ ဒုတိယလီအိမ်တော်နဲ့ပတ်သတ်ပြီး ဆက်လက်ရှာဖွေနေသော်လည်း ဘာသတင်းမှ မတွေ့တောတာကြောင့် သူ laptopသာ ပိတ်လိုက်​တော့သည်၊လီအိမ်​တော်က သူတို့အတွင်းသတင်းကို လွယ်လွယ် သတင်းပေါက်ခံမှာမဟုတ်ဘူး၊

သူဟာ လူတွေဝိုင်းရံမှုကို ခံနေရသည့်ဟန်စုမင်ကို တချက်လှမ်းကြည့်လာသည်၊ဟန်စုမင်သာဆိုရင် လီအိမ်တော်ကအကြောင်းအရာတွေကို အနည်းအကျဉ်းသိမှာသေချာသည်၊ဒါပေမယ့် ဟန်စုမင်ကို မေးမည့်အတွေးကို လက်လျော့လိုက်တော့သည်၊ဟန်စုမင်ဆိုတဲ့ လက်ဖက်စိမ်းကောင်ကို မေးရင် ဘာမှရေရေရာရာသိရမှာမဟုတ်ဘူး သူပဲအချိန်ကုန်လိမ့်မည်၊သူ ဒီအကြောင်းကို အရမ်းတွေးတောနေစရာမလိုဘူး အချိန်တန်ရင် သတင်းထွက်လာမှာပဲလေ၊သူသာ လီအိမ်တော်အကြောင်း အရမ်းစုံစမ်းနေရင် အချို့လူတွေက သူ့ကိုရိပ်မိကုန်လိမ့်မည်၊

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလားWhere stories live. Discover now