အပိုင်း၁၂

10.6K 947 53
                                    

   Unicode

ရှောင်ဟန်က သူ ဒီကျိုးအိမ်တော်ကြီးကို ရောက်တဲ့ သုံးလလောက်အကြာမှာတော့ အရာအားလုံးက သူနဲ့
အတော်လေးအသားကျနေပြီဖြစ်သည်။ အိမ်တော်ကြီးက အလုပ်သမားများနှင့်လည်း ခင်မင်ရင်းနှီးလာတာကြောင့်ဒီမှာ နေရတာ သိပ်ပြီး အဆင်မပြေသလို မခံစားရတော့ဘူးလို့ သူထင်မိသည်။
မွေးစားအဖေကလည်း သူ့ကို သူ၏သားများကဲ့သို့ တန်းတူဆက်ဆံတဲ့အတွက်ကြောင့်လည်း သူ့အတွက်က လိုလေသေးမရှိ ပြည့်စုံသလောက်နီးနီးပင်။

သခင်မကြီးကတော့ သခင်ကြီးရှေ့မှာမနှစ်မြို့ကြောင်း မပြသော်လည်း သခင်ကြီးကွယ်ရာတွင်
တော့ သူ့ကို မိန်းမတို့၏ ဗီဇအတိုင်း တဗျစ်တောက်တောက် ပြောသည်မှလွဲ၍ သူအဆင်ပြေပါသည်။ ကျိုးရန် ကလည်း ကျောင်းနှင့် အပြင်တွင်သာ အထွက်များသောကြောင့် မွေးစားအဖေ ပြောသလိုပဲ သူနဲ့တကယ်ကို မဆုံဖြစ်ကြပါ။ ကျိုးရန်ဘက်ကရော မတွေ့ချင်တာရောပါလောက်သည်။

ရှောင်ဟန်ကလည်း ကျိုးရန်နှင့် အရွယ်သာတူသော်လည်း အမူအကျင့်က ကွာခြားကြသောကြောင့် သူငယ်ချင်းပေါင်း ပေါင်းဖို့နေနေသာသာ စကားပင်ရောက်ကတည်းက မပြောဖြစ်ကြပေ။ မွေးစားအဖေကလည်း ဘာမှ မမေးတော့ သူလည်း စကားပြောကြည့်ဖို့ပင် ဝန်လေးတယ်လို့ ခံစားရ၍ မပြောဖြစ်။ သူကမပြော ကိုယ်ကမပြောနဲ့ အဆင်ပြေသည်ဟုဆိုရပေမည်။

အားယွင်ကတော့ ဘာ့ကြောင့်ရယ် မသိ။တစ်နေ့တစ်ခြား ရှောင်ဟန်ကော ရှောင်ဟန်ကော ဆိုပြီး ကျောင်းက ပြန်ရောက်ရင် သူ့နားကပင်မခွာတော့ချေ။ အရင်ရက်တွေကထက်စာလျှင် တစ်နေ့တခြား ပိုပြီးသူ့အပေါ် ခင်တွယ်လာပုံရသည်။ ညတွေဆိုရင်လည်း သူ့ကို အသက်ရှုကြပ်သည်အထိ ဖက်အိပ်ထားတတ်သည်။ ကျောင်းကပြန်ရောက်ရင်လဲ ခွဲခွာနေရတဲ့ အမေကို ပြန်တွေ့သည့်အတိုင်းပင် သူ့ကို အတင်းအကြပ်ဖက်ထားသည်ကမလွတ်တော့။
ကြာလာတော့ သူကပဲကလေးချစ်တာလား...ကလေးကပဲသူ့ကိုချစ်တာလား မသဲကွဲတော့ပေ။

ဟုတ်မှာပေါ့..ဂေဟာက.ကလေးတိုင်းကတောင် သူ့ကိုဆို အရမ်းချစ်ကြသည် မဟုတ်လား။ ဝမ်းဝမ်လေးအပါအဝင် ကလေးအားလုံး လက်ငြိုးထိုးမလွဲပေ။
ရှောင်ဟန်လည်း အားယွင်လေးကို တစ်နေ့တစ်ခြား ပိုပြီး သံယောဇဉ် တွယ်လာပြီဆိုတာ မငြင်းဆန်နိုင်သည့် အမှန်တရားပင် မဟုတ်လား။ သူဆို အားယွင်လေးကျောင်းသွားရင် တစ်ယောက်ထဲပျင်းပြီး ကျန်နေခဲ့ရတာ။ မသိရင်..သူက ကလေးနဲ့မိခင်အခွဲခံထားရသည့် မိခင်မကြီးနဲ့တောင် တူချင်တူနေပေအူးမည်။

Love of an idoit  အရူးတစ်ယောက်ရဲ့အချစ် [Ongoing]Where stories live. Discover now