#Unicode
"Happy Valentine's Day" ဆိုတဲ့ Postcardလေးတစ်ခုနဲ့ လင်းရာရဲ့ခုံပေါ်ကို ရောက်လာတဲ့ ချောကလက်ဘူးတွေ။ ဘယ်သူပေးတာလဲလို့ မေးကြည့်တော့လည်း ဘယ်သူမှမသိကြပေ။ Postcard လေးရဲ့နောက်မှာ ရေးထားတာက . . . . .
💌လိမ်လိမ်မာမာနေပါဘေဘီ။ ကိုယ်စိတ်ထိခိုက်အောင် သိပ်မလုပ်ပါနဲ့💌
"လင်းရာ မင်းစာကြီးက ဘယ်လိုကြီးလဲဟ။ ယောင်္ကျားကြီး ပေးတာလား ဘာလား"
"အင်း ဟုတ်မှာပေါ့"
"ဒါနဲ့ မင်းမှာ ချောကလက်တွေ အများကြီးပဲ။ ငါတို့ကိုရော မကျွေးချင်ဘူးလား"
"စော်ကိုကြ ပိုက်ဆံမရှိဘဲ ချေးပြီး ဝယ်ပေးတဲ့ ဖွန်ကြောင်လွန်းတဲ့ မင်းဖို့မပါဘူး"
"ဘာ"
"ဟုတ်တယ် မမားက မင်းတို့အကုန်လုံးဖို့ ထည့်ပေးလိုက်ပေမယ့် ငါကမင်းကိုမကျွေးချင်လို့။ စေတနာ သဒ္ဓါတရားမရှိလို့ကွာ ရှင်းလား"
"လင်းရာစုတ် ငါတစ်ဘူးလုံးစားပစ်မှာ ကြည့်နေ"
"စားရဲရင် စားပေါ့"
"စားမှာ"
ပြောလည်းပြော မမားပေးလိုက်တဲ့ဘူးကို လုပြီးထွက်ပြေးသွားတဲ့ သာထူးကိုကြည့်ပြီး လင်းရာ ပြုံးမိသည်။ အဖွဲ့ထဲမှာ သာထူးက ကလေးအဆန်ဆုံးနဲ့ ချစ်ဖို့အကောင်းဆုံးပါ။ စ'လို့လည်းကောင်းသလို ဘုမသိ ဘမသိ တုံးလွန်းတဲ့နေရာမှာလည်း ဆရာတစ်ဆူပါပဲ။
"ဒီမှာလာစား သာထူးရ။ မျိုးသွင်တို့ ဇေယျာတို့အတွက်ပါ ပါတယ်။ မင်းတစ်ယောက်ထဲ စားမနေနဲ့"
"ကိုသာထူးအောင်ကို ကျွန်တော် တောင်းပန်ပါတယ်လို့ပြော။ ပြောရင် လာမယ်"
"ဟျောင့် ငါကဘာလို့တောင်းပန်ရမှာလဲ"
"မင်းပြောလို့ ငါ အရမ်းစိတ်မကောင်း ဖြစ်သွားတာလေ"
"အဲ့ရုပ်က စိတ်ကောင်းဖြစ်နေတဲ့ရုပ်လား"
"အင်း"
ချောကလက်ဘူးကိုပိုက်ပြီး တစ်လုံးပြီးတစ်လုံးစားကာ မျက်နှာငယ်နဲ့ ခေါင်းငြိမ့်ပြလေသည်။
YOU ARE READING
မြတ်နိုးစွာ နှောင်ဖွဲ့မိသော
Romanceတကယ်ပါ ခြေတစ်လှမ်း လှမ်းတိုင်း လူကြီးကို တစ်ခါလွမ်းခဲ့တာ။ ခင်ဗျားပေးခဲ့တဲ့ Foot Chainလေးက ခြေလှမ်းလိုက်တိုင်း ခင်ဗျားကိုလွမ်းဖို့ သတိပေးနေသလိုပဲ။ ကျွန်တော် ခြေတစ်လှမ်း လှမ်းရမှာတောင် ကြောက်နေခဲ့မိတာ။