36-DOES IT FEEL GOOD,TOYING WITH ME LIKE THIS

4.1K 750 37
                                    

SCROLL DOWN FOR ZAWGYI

UNICODE

CH36 - DOES IT FEEL GOOD, TOYING WITH ME LIKE THIS?

ရှန့်မင်အော်က စစ်ဆေးမေးမြန်းခြင်းအမှုကို ဆက်လက်ပြုလုပ်နေခဲ့၏ ။

"ခုနတုန်းကပဲ မျက်မြင်သက်သေအနေနဲ့ ကုန်အပိုတင်ဆောင်တာက ဒီလုပ်ငန်းနယ်ပယ်မှာ ဖြစ်ရိုးဖြစ်စဥ်ကိစ္စဆိုပြီး ပြောခဲ့တယ်နော် ၊ ဘာကြောင့်လဲဆိုတာ ပြောပြပေးလို့ရမလား ?"

လီကျွင်းရှန်းတစ်ယောက် တက်ရောက်လာသူလူအများကိုတစ်ချက်ကြည့်ကာ သက်ပြင်းချလျက်ပင်

" ဘာဖြစ်လို့လဲဆိုတာ ကျွန်တော်တို့နယ်ပယ်မှာ ကားပေါ်တင်တဲ့ကုန်ပစ္စည်းရဲ့အလေးချိန်ကိုလိုက်ပြီး ပိုက်ဆံရကြတယ် ၊ လမ်းကြောင်းတစ်ကြောင်းမှာ များများတင်နိုင်လေ ၊ ပိုက်ဆံများများပိုရလေပဲ ၊ ကုန်တင်ကားတစ်စီးက တန်နှစ်ရာပဲတင်နိုင်တယ်ဆိုရင် တစ်တန်ကို၁၀ယွမ် ၊ လမ်းကြောင်းတစ်ကြောင်းဆို ယွမ်နှစ်ထောင်ပဲရတယ် ၊ အပြန်ခရီးပါထည့်တွက်မှ ယွမ်လေးထောင် ။ အဲ့ထဲကမှ ယာဥ်ထိန်းသိမ်းခ ၊ လမ်းတံတားကြေး ၊ ဓာတ်ဆီဖိုးဘာညာနှုတ်လိုက်ရင် ယွမ်တစ်ထောင်ပဲကျန်တော့တယ် ၊ အရိုးကျိုးမတတ်အလုပ်လုပ်ပြီး တစ်လကိုလမ်းကြောင်း၁၀ကြောင်းစာရရင်တောင် ယွမ်တစ်သောင်းလောက်ပဲ ကျွန်တော်တို့အတွက်ကျန်တာ ၊ ဒီကားဝယ်ဖို့ ချေးထားတဲ့ငွေတွေကိုလည်း လတိုင်းဆပ်နေရသေးတယ် ၊ အကြွေးကျေရင်လည်း ကားအသစ်ဝယ်ဖို့ လိုရင်လိုလာဦးမှာ ၊ တကယ်လို့မှ ကုန်အပိုမတင်ရင် ကျွန်တော်တို့အဆင်ပြေအောင် ဘယ်လိုလုပ်ကြမှာလဲ ?"

တုတ်ကောက်ကို ဆုပ်ကိုင်မှီရပ်နေသော ရှန့်မငိအော်ကား အချိန်ကြာသည်အထိ မည်သည့်စကားတစ်ခွန်းမျှပြောမလာခဲ့ ။ ထိုစဥ်မှာပင် တရားသူကြီးက

"တရားလိုရှေ့နေအနေနဲ့ မေးချင်တဲ့မေးခွန်းများရှိပါသေးသလား ? အကယ်၍ မရှိတော့ဘူးဆိုရင် တရားခံရှေ့နေက မျက်မြင်သက်သေကို စစ်မေးတဲ့လုပ်ငန်းစဥ်စတင်ပါမယ် "

ရှန့်မင်အော်ကား မျက်မြင်သက်သေကိုသာ မလှုပ်မရွေ့ဆက်ကြည့်နေခဲ့၏ ။ သူ့ပုံစံကိုကြည့်ရသည်မှာ အတွေးထဲနစ်မြောနေသူနှင့်ပင်မတူ ။ ပို၍အရေးကြီးလှသောမေးခွန်းများကို စဥ်းစားနေသည့်နှယ် ။ အကြည့်များက အာရုံစူးစိုက်လွန်းသောအခါ မကောင်းသောအရိပ်အရောင်တို့ကိုပါထုတ်လွှတ်မိလေသလားတော့မသိ ၊ လီကျွင်းရှန်း၏ကိုယ်နေဟန်ထားပင် အတန်ငယ်ခပ်ကျုံ့ကျုံ့ဖြစ်သွားရှာ၏ ။

Flying Gulls Never Land [ဘာသာပြန်]Where stories live. Discover now